Tuesday, June 24, 2008

“ကောက်.. ကောက်.. သေအောင်ကောက်...”

စာရေးမယ် ရေးမယ်နဲ့ စဉ်းစားလိုက်တိုင်း အလွမ်းတွေသာ ခေါင်းထဲရောက်ရောက် လာတတ်တယ်... ခင်လေးငယ်တစ်ယောက် လွမ်းလို့ဘဲ ကုန်ကိုမကုန်နိုင်ဘူးဆိုပြီး ကြာရင်လည်း အပြောခံရတော့မှာ.. အဲဒီတော့ ဘာရေးရင်ကောင်းမလဲ....!! အင်း.... ဟုတ်ပြီ...!!

စိတ်ခဏခဏ ကောက်တတ်တဲ့ အမျိုးသား တစ်ယောက်ကို ရည်းစားတော်ဖူးကြလားဟင်...!! အမ်...!! စိတ်ကောက်တယ် ဆိုတာ မိန်းမတွေ အလုပ်ဘဲဟာ လို့တော့ မပြောနဲ့သိလား.. ရှိတယ်ရှင့်ရှိတယ် တစ်ကယ် ... တစ်ကယ်... ရှိပါတယ်ဆို..။ တော်တော်စိတ်ကုန်စရာပါရှင်..။ အစပိုင်းကတော့ အဲလိုမထင်မိသေးဘူးပေါ့နော်.... အမယ် သူငါ့ကို ချစ်လို့ကောက်တာပါပေါ့ ကြည်နူးသလိုလိုတောင် ဖြစ်ခဲ့မိသေးထင်ရဲ့။ နည်းနည်းလေးလည်း ကြာလာရော အာ...... ဒါဟာသာမန်တော့ ဟုတ်တော့ဘူးထင်တယ်လို့ တွေးမိလာတယ်။

ဖုန်းလေးမဆက်မိလည်း ကောက်... ရှိုးလေးဘာလေးထုတ်ပြီး အင်္ကျီလက်ပြတ်လေး ဝတ်မိရင်လည်း ကောက်.. စိတ်ကူးပေါက်လို့ စကပ်တိုလေး ဝတ်ပြန်တော့လည်း ပဲပေးတယ် ဆိုပြီး ကောက်.... စဉ်းစားကြည့်လေ... ဒီလောက်ချွေးဒီးဒီးကျပြီး ပူအိုက်နေတဲ့ ရာသီကြီးမှာ ဂျင်းဘောင်းဘီရှည်ကြီး၊ လုံချည်ကြီး ဝတ်စရာလားနော်...!!

ခေါင်းလေးလှုပ် လိုက်ရင် တလှုပ်လှုပ်ဖြစ်နေတတ်တဲ့ Ear Ring လေးတွေကို ကျမက ကြိုက်တယ်သူမျိုး... နားမှာ အမျိုးမျိုးပြောင်း ဝတ်မိပြန်တော့လည်း ကလက်တက်တက်နဲ့ ဆိုပြီး ကောက် ပြန်ရော.... Shopping ထွက်လို့ ဆိုင်တွေထဲမှာ နည်းနည်းကြာမိရင်လည်း စူပုတ်ပုတ် မျက်နှာပေးနဲ့ ကောက် နေပြန်ရော.... ကောက်.. ကောက်.. သေအောင်သာကောက်...။ သြော်... တော်တော့ကို မသေးတဲ့ ကောက်ခံရတဲ့ ဒုက္ခပါလားနော် ဆိုပြီး ကိုယ့်ကိုယ်ကို သနားမိရတာလည်း အကြိမ်ကြိမ်...။

နောက်ပြီးရှိသေးတယ် ခပ်မိုက်မိုက်ဒီဇိုင်းလေး ဝတ်ထားတဲ့ ကောင်လေးတစ်ယောက်ကို စက္ကန့်ပိုင်းလေးလောက် လိုက်ကြည့်မိတုန်းကဆို ကောက်တာပြောမနေနဲ့တော့.... ရုပ်လေးကလည်း သန့်ပြန့်နေမယ်... သူ့အဝတ်စား အပြင်အဆင်လေးကလည်း သူနဲ့အရမ်းကို လိုက်ဖက်နေမယ် ဆိုရင် ဘယ်သူဘဲဖြစ်ဖြစ် ခဏတော့ငေးမိမှာ အမှန်ဘဲ ဟုတ်..! ကြည့်ရတဲ့ သူတောင်လန်း သွားတယ်လေ..။ ဒါအပြစ်လား... မိုက်လို့ မိုက်တယ် လို့အားပေးတာလေနော်....။

မှတ်မှတ်ရရ..... Johnny Depp ရဲ့ MTV Awards 2007 ကိုကြည့်ပြီး အရမ်းဆွဲဆောင်မှု့ ရှိတာဘဲ မိုက်တယ်ကွာ လို့ ပြောမိတုန်းက ဆို မျက်နှာကြီး စူပုတ်ပြီး ကောက် တာပြောမနေနဲ့တော့.... “ဆွဲဆောင်မှု့ရှိတယ် ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်က ဘယ်လောက် ကျယ်ပြန့်တယ်ဆိုတာ မင်းမသိဘူးလား...” တဲ့လေ.... သူပြောမှ ပိုတွေးမိသွားတဲ့ ကျမအဖြစ်ကလည်း တော်တော်ပြုံးချင်စရာ....။

ဒီလို..... ဒီလို......... နဲ့ပါဘဲ အဲဒီကောက်တာတွေကို သီးမခံ နိုင်တဲ့အဆုံး “တာ့.... တာ” ဆိုပြီး ပစ်ချခဲ့မိပါရဲ့ရှင်။ ဘယ်လိုကျန်ခဲ့မယ် ဆိုတာလည်း တွေးမပေးနိုင်တော့ဘူး..... ပြေးသည်သာရှိ၏ ဆိုသလိုပေါ့...။ ကဲ... ကျမတော့ မလွန်ဘူးထင်တာဘဲနော်။ Johnny Depp ကိုတော့ ကမ္ဘာမကျေ ဖြစ်နေမလားပါဘဲ....... သြော် ကို Johnny Depp ကြီး ရယ်... ရှင်ကဟိုးအဝေးကြီးမှာ ရှိနေပေလို့ပေါ့..... ရွာမှာသာရှိနေရင် ဓါးနဲ့ လိုက်ခုတ်ခံ နေရမလားဘဲနော်........။


(ခင်လေးငယ်)

21 comments:

Tea said...

တော်ပြီ.. ကျွန်တော်လည်း ကောင်ချင်ချင်ဖြစ်သွားပြီ။ :)

PP said...

ဒီတသက် ယခုကဲ့သို့သော ရည်းစားမျိုးမှ ကွေကွင်းရလိုပါဧ။်။ :P

RePublic said...

ကော်မန့်ဘယ်လိုရေးပေးရပ ၊ မခင်လေး....

ကဲ..ကိုရင်နော်ရေ...မခင်လေးက ကောက်.. ကောက်.. ကောက်.. ကောက်...လို့ပြောနေပြီ ၊၊
အပြေးသာ ကောက်လိုက်တော့ဗျာ ....
တော်ကြာသူပြန် ကောက်သွားလိမ့်ဦးမယ်.....:P

Unknown said...

Johnny Depp ကိုကြည့်ပြီး အရမ်းဆွဲဆောင်မှု့ ရှိတာဘဲ လို့ပြောရင် တော့ သွားပြီ သေချာပြီ မခင်လေးက နိုင်တီး ဂွမ်တိက အဖွားကြီးပဲ.. ဟီ....ဟိ
ကိုရင်နော်ကြီးကော သူငယ်ချင်းဆိုတော့ အဖိုးကြီးလားဗျ။

Unknown said...

ချစ်လို့ အချော့ခံချင်တယ်။ အချော့ခံချင်လို့ စိတ်ကောက်တယ်။
ဘာဖြစ်လဲ ဘာဖြစ်လဲ။ ပြန်မပြောနဲ့ ချစ်ရင် လည်မျိုညှစ်ပြီးချော့ ရတယ်ဗျ.....ဟီးးးးးးးးးးးး ဟီးးးးးးးးးးးးးးး ဟီးးးးးးးးးးးးးးးး

မင်းကျန်စစ်။ said...

ဟာကွာ.. စောစောက ပြောရောပေါ့ အကို့မှာ တူအပိုတစ်လက်ရှိသား။ ကောက်တာတွေ ထုပီးဖြောင့်ပစ်လိုက်ပီးရော။
အဲ ... ဒါလဲ ဟုတ်သေးပါဘူး။
ငါ့ချဲလ်ဆီးလေးတော့ အထုခံရတော့မှာပဲ။

အညာသား said...

ချော့မှန်းသိလို့ကောက်နေတာဗျ။ ချော့မနေနဲ့။ ကောက်ပါများရင် မောသွားလိမ့်မယ်။ (ရန်တိုက်ပေးလိုက်ပီ ဟီးဟီး) :P

ဆောင်း said...

ယောက်ျားလေးကောက်တတ်တာ အခုမှ ကြားဘူးတယ်။ တနင်္ဂနွေသားလား မဟုတ်ရင် တနင်္လာသားလား။ ယောက်ျားကောက်ရင် ချော့စရာလို့ မထင်မိပါဘူး။ ဒါက မိန်းခလေးအလုပ်ဘဲဟာ ယောက်ျားမဆန်ဘူးလို့ ဘဲ မြင်မိတယ်။ အဲဒီတယောက်က ကိုရင်နော်ဆိုရင် လည်း မတတ်နိုင်ပါဘူးရှင်လို့ မှတ်ချက်ပေးလိုက်ရမှာဘဲ။

ကိုရင်နော်ခင်လေးငယ် said...

ဆောင်း...! ခင်ဗျားနဲ့တော့ခက်ပြီ.. ဘယ်လိုဖြစ်လို့ ကိုရင်နော်လို့ကြီး ထင်နေရတာလဲ? ဘားမှမဆိုင်.. ကျုပ်နဲ့ခင်လေးက ပြောမနာဆိုမနာ ဘော်ဘော်စစ်စစ်ကြီးတွေ.. သူ့မှာလည်း သူ့ဘဲဘဲနဲ့သူ.. ကျုပ်မှာလည်း ကျုပ်ချစ်ချစ်နဲ့ကျုပ်.. ပျော်ပျော်ပါးပါး စလိုက်နောက်လိုက် ရန်ဖြစ်လိုက်နဲ့ ဖန်တီးထားတဲ့ Blog လေးပါ.. တစ်မျိုးမမြင်ပါနဲ့ဗျာ.. ဘာဘဲဖြစ်ဖြစ် Comment လေးတွေအတွက်တော့ ကျေးဇူးပါ.. နားလည်းပေးပေါ့.. မကြာမကြာလာခဲ့ပါ.. ပျော်ပျော်ပါးပါး မော်တော်ကားပေါ့ :P ..

ခင်မင်တတ်တဲ့

(ကိုရင်နော်ခင်လေးငယ်)

khin oo may said...

i like tom cruise and hubby also jealous to him.

ဆောင်း said...

ဒါဆိုရင် ဘိုးလေးဦးကိုရင်နော်က စိတ်မကောက်တတ် ဘူးပေါ့နော်။ ဒါလည်းကြော်ငြာတခုဖြစ်သွားတာဘဲ ။
ဘိုးလေးဦးကိုရင်နော်ရဲ့ ချစ်ချစ်သိရင် ၀မ်းသာသွားမယ် ထင်တယ်

အိတာ said...

ကောက်တယ်ဆိုလည်းခင်လေးရယ် ...
big bag သီချင်းဆိုပြလိုက်ပေါ့..

ဇာတ်သိမ်းခန်းလှအောင်လုပ်ပေးဖို့ 
မင်းအပေါ်မူတည်တယ် ...
la la la la :D

mgthonnya said...

harha ကောက်သာကောက်ဗျာ...ကိုယ်မကောင်သူကောက်
မှာ။ :P

Synchro 305 ~ said...

ဘယ်နားမှာကျသွားတာလဲဟင်ကျွန်တော်ပြေးကောက်မလို့ 
:P

Freshup said...

စာအရေးကတော့ တော်တော်ကောင်းတာပဲ.. ဖတ်လိုက်တာနဲ့ ကို ဆွဲဆောင်သွားတယ်.. ပိုစ့်တွေအကုန်နည်းပါးပဲ.. လေးစားအားကျမိပါတယ်။ နှစ်ယောက်လုံးပဲ :D

ဆောင်း said...

ကြားကြားဘူးပေါင် ယောက်ျားလေးတွေ စိတ်ကောက်တာ မနေ့ က တွေ့ လိုက်ပါရဲ့ လက်၂ဘက်ဘေးချ မျက်လုံးစွေစောင်းပြီး ခြေဆောင့်လို့ အားမရဘဲ ခုန်ပြီးဆောင့်တာ ၇နစ်သားကလေး သူ့ အမေကို စိတ်ကောက်တာ ပြောပါတယ်။
ရီးစားကောင်မလေးကို ကောင်လေးက စိတ်ဆိုးတယ်တာဘဲ ကြားဘူးပါတယ် စိတ်ကောက်တယ် ဆိုတာ မကြားဘူးဘူး အခုမှဘဲ ဘလော့ကာ လောကမှာ အသစ်အဆန်းအဖြစ် တွေ့ ရတယ်။ ရော့ အင့်အင့် တင်းပုတ် စိတ်ကောက်လာရင် ဖြောင့်လို့ ရအောင်... စေတနာနဲ့ ပေးတာ နော်

ပါဂနာ said...

ဒါဘဲ.“ခင်လေး”ရေ...

ယောင်္ကျားတွေ ကောင်းကို မကောင်းလို့.

ကိုယ်တော့ ဒီတစ်သက် ယောကျာင်္း ယူဖို့ (လုံးဝ..လုံးဝ)

မစဉ်းစား.


မယုံရင် ကိုယ့် “မိန်းမ” သာမေးကြည့် :::P

မီးငယ် said...

ကောက်တတ်သောရည်းစားများ မရ ရလိုပါဧ။်အရှင်ဘုရား.. ဟိဟိ

Anonymous said...

ဟွင်း... တီငယ်စိတ်ပုပ်ကြီး... ကောက်တာပဲ ဘာဖစ်လဲ။ ယောက်ျားလေးလည်း ကောက်တတ်တာပဲ။ အဲ့ထဲကအတိုင်း သားဆိုခဏခဏပဲ။ သည်းခံတဲ့သူကတော့ သည်းခံတာပေါ့နော်။ ဒါကိုပဲ ချစ်နေတဲ့သူကလည်းရှိ၏။းP
အဟီး.. ကွိကွိ.. တညိုးဒွေမထင်နဲ့နော်..
သားသားက ကောက်ပီးရင်ကောက်တတ်လို့ ကောက်ချိတ်လို့တောင် တူညားဒွေကခေါ်ဂျဒယ်။ ဂရုစိုက်ပေါင်။ ငယ်တုန်းကောက်ရတာ။ အသက်ကြီးမှ ကောက်နေလို့ တွေ့တဲ့သူက ခြေထောက်နဲ့ပိတ်ကန်သွားရင် ဒွတ်ခ။း(

လင်းဒီပ said...

ချစ်လွန်းလို့ သဝန်တို အဲ သဝန်ကောက်ကြီးနေမှာဗျ...။

Anonymous said...

အဲလောက် ကောက်တော့လည်း စိတ်ညစ်စရာ။ တမျိုးပြန်တွေတော့လည်း သ၀န်တိုလို့ဆိုပြီး ကြည်နူးစရာ။ ကြာလာတွေလည်း စိတ်ငြီးငြူ စရာကြီးပေါ့နော်။ ကောင်း၏ ... မမခင်လေးရေ..

လေးစားလျှက်
ရောင်