Thursday, October 9, 2008

“က” ကလေးလေး မှိုင်တွေငေး...

ကလေးလေးရဲ့ တကယ်အဖစ်လေးတခုကို ရေးလိုက်တာ...
အပြင်ကို ကြည့်မိလိုက်တာ မှောင်မဲနေတာဖဲ.. မိုးတွေကလဲ အရမ်းရွာနေတာ.. ဆောင်းတွင်းကလည်း ဖစ်ဆိုတော့ ချမ်းလိုက်တာ.. ဖွင့်ထားတဲ့ အပူပေးစက်ကလဲ မနွေးပါဖူး မေမေ့ကို လွမ်းလိုက်တာ.... မေမေကဟိုးး အဝေးကြီးတနေရာမှာ... ခွဲနေရတာကြာလှပီ.. ဒီလိုအချိန်တာ မေမေအနားမှာ ရှိပေးရင် သူ့ရင်ခွင်ထဲတိုးပီး ချွဲနွဲ့နေမိမှာပါ.. ခုတော့တယောက်ထဲ.. အဖော်ဆိုလို့ဘေးက အရုပ်လေးတွေဖဲရှိတာ.. ဟင်း လွမ်းလိုက်တာမေမေရယ်... ကလေးလေး ပင်းလည်းပင်းတယ်... အွန်လိုင်းတက်မယ်.. စိတ်လေးပြောင်းသွားအောင် ကာတွန်းဖတ်မယ်လို့ စိတ်ကူးမိတယ်... ဘေးကကွန်ပူတာကို စိတ်ကူးထဲအတိုင်း တွတ်ပီဖတ်ဖို့ ဖွင့်လိုက်တယ်.. ဂျီမေးအရင်ဖွင့်ပီး စစ်လိုက်ပါဦးမယ်လေ.. ဟယ်.. သယ်ရင်းတွေရှိနေဒယ်.. ကလေးလေးရဲ့အကျင့်အတိုင်း တူဒို့မခေါ်ရင် အနှောက်အရှက်ဖစ်မှာဆိုးလို့ စမခေါ်တတ်ပါဖူး...။ သိပ်ကြာပါဖူးလေ တူဒို့ခေါ်လာပါတယ်.. သယ်ရင်းတွေနဲ့ စကားနည်းနည်း ပြောဖစ်ကြတယ်...။

“၀ိုင်းကြီးပတ်ပတ် ဆော့တတ်လား”
ဟုတ်.. တိတယ်”
“စုံ ဆန် စီ ရော”
ဟင့်အင်း”

စီ စီ မီ မီ ရော်”
တိဖူး”
ဒါဆို.. ၁၆ အလီ ရော”
နဲနဲဖဲရ၏”
“ဆော့တာသိလို့ လား”
တိဖူး”

မတိတာတွေ ဖြေရတာထပ်ထပ်လာတော့ ကလေးလေး ရင်ထဲမှာ အလိုလို အားငယ်လာမိတယ်..။ အားငယ်လွယ်လွန်းတဲ့ ကိုယ့်ဖာသာလည်း အားမရဖူး..။
ဟင်.. ပြောတော့ ကလေးလေးဆို
ဘာမှလည်း သိဘူး.. ကလေးတွေဂုဏ်ငယ်လိုက်တာ” တဲ့.........။

သယ်ရင်းတို့ရယ်.. ဘာလို့လဲမတိ ဝမ်းနည်းလိုက်တာ.. တွေးရင်း ရင်ထဲမှာ မကောင်းဖြစ်နေချိန်မှာဖဲ နောက်တစ်ယောက်က နှုတ်ဆက်လာပါတယ်...။

ကလေးလေးက မခင်တော့ဘူးထင်တယ်”
ခင်ပါတယ်”

၁၆ အလီရလား”
အမ့်”

ခင်ရင် ၁၆အလီဆိုပြ”
နိး ဆိုပြဖူး ရဖူး”
ကလေးလေးလုပ်ပီး၁၆အလီ မရဘူး”
“.........”

ဆော့တာလေ... ဟ..”
“.........”


ပြောကျပါ ကလေးလေးမှ ကျောင်းမနေရတာ အဲ့.. ၁၆လီမရတာအပစ်လားဟင်..!! ကျောင်းဆိုတာ ဘာမှန်းတောင်မတိပါဖူး.. ငယ်ငယ်လေးထဲက ကျောင်းတက်မယ်လုပ်လိုက် နေမကောင်းတွေဖြစ်လိုက်နဲ့ အကြိမ်တွေများကြီးဖဲမို့ပါ..။ ကလေးလေးက ဆေးရုံတက်လိုက်.. ဆေးသောက်လိုက်နဲ့ နေနေရတာ.. ကံကအဲလိုဖဲ နေခွင့်ပေးခဲ့တာ.. ကလေးလေးလေ.. တူများတွေ ဆော့တလို မဆော့ခဲ့ရပါဖူး... တကယ်ပါ.. ဆော့နည်းတွေလည်း ကလေးလေးမတိဖူး.. အဲဒါ... အဲဒါတွေက.. တူငယ်ချင်းတွေရဲ့ပျက်လုံးတခုများ ဖစ်နေပီလားဟင်..!!

ကလေးလေးဘ၀ထဲမှာ အားနည်းချက်တွေရှိခဲ့တာ မပြည့်စုံခဲ့တာ သူတိုရဲ့အမြင်မှာ ကလေးလေးကို ဘယ်လိုတွေးကျလဲတော့ မတိပါဖူး စိတ်ထဲပိုပိုပီး ၀မ်းနည်းလာတယ်.. ငိုချင်တယ်.. ကံကြမ္မာကိုဖဲ စွတ်စွဲလိုက်ချင်တယ်.. ခုလိုပြောကျတာလည်း ဘယ်သူ့အပစ်မှ မဟုတ်ပါဖူး.. ကလေးလေးဘဝအမှန်ကို တူဒို့တွေမှ မတိကြတာလေ.. လောကကြီးမှာ ဘယ်တူမှ မပြည့်စုံဖူးဆိုတာ ကလေးလေးတိပါတယ်... ကလေးလေးရဲ့ အားနည်းချက်ကရင်ထဲမှာ တတိပေးသလို ဝင်လာတိုင်း ဝမ်းနည်းစွာလဲပြိုမိလို့ပါ.. ဒါဟာ.. ကလေးလေးရဲ့ မူပိုင်ခံစားချက်လေးပါ.. အပြင်မှာရွာနေတဲ့မိုးထက် ပိုသဲအောင်ရွာနေတာကတော့ ရင်ထဲကငိုရှိုက်သံမိုးပါဖဲ... ကလေးလေး ခေါင်းအုံးလေးပေါ်မှောက်ပီး အသံထွက်အောင် ရှိုက်ကြီးတငင် ငိုချလိုက်မိတယ် သယ်ရင်းတို့ရယ်.... ကလေးလေးဘဝကို ကလေးလေးသာ........။

(ကလေးလေး)

20 comments:

Dream said...

ဒါချိုယဲ ချယ့်ချောက်အယိ မချိုနဲ့တော့... နာဒို့
ဝိုင်းဂျီး ပတ်ပတ် ဒူဝေေ၀ဖဲ ဂျကားမယ်နော်...

မိုးယွာထဲမာယဲ ချိန်ပျေးတန်း ဂျကားမယ်...ဘောယုံးကန်မယ်။ ဘိုက်ချာရင်
တိတီငယ် ချက်တဲ့ ဟင်းနဲ့မန်မန်းချားမယ်။ ဟဲဟဲ...

အမယ်..အမယ်.. နာ့တူနယ်ချင်းဂယဲ ဦးဦးနော်ယဲ့တူမ၊တီတီငယ်ရဲ့တမီးယို့
မပေါရဖူး.. ရေးဒါလန်ထွက်နေဒါဖဲ... ဂယ်ဖဲ..ဂယ်ဖဲ.. လူကိုချိတ်ဒေါင်မကောင်း
ဖစ်တွားဒယ်... တော်ပြီ.. ဘိုက်ချာဒယ်..တီတီငယ်ချိမာ မုန့်တွားတောင်းချားတော့
မယ်... ဟိ..ဟိ..

:P :P :P

ကိုရင်နော်ခင်လေးငယ် said...

သမီးနော် ... အလွမ်းမင်းသမီးလုပ်ချင်နေဘီထင်တယ် အမေငိုအောင်တော့ လုပ်နဲ့နော် ဟွန်း.. “ငိုချင်ရက်လက်တို့” ဟုတ်ဖူး.. လက်အတို့မခံရခင် ကတည်းက “ပုလဲခ” နေတာပါဆို..

သမီးကို အရမ်းချစ်တဲ့..
(မေမေခင်)

Chaos said...

အင်းလေ မေမေခင်ပြောတာမှန်တယ်
ကလေးလေးရေ စာလေးဖတ်ပြီး စိတ်မကောင်းတအား ဖြစ်သွားတယ်။ လူဆိုတာ ကိုယ့်အားနည်းချက်ကိုယ် ဆိုတာ တစ်ခါတစ်ခါလေ လူများတွေက မသိလိုက် မသိဖာသာ ဖြစ်တတ်ကြတယ်လေ။ ဘာလို့လဲဆို သူတို့က ကိုယ်မှမဟုတ်တာကိုး။ ကလေးလေးကို သနားပြီး ချစ်သွားပြီ။ အားငယ်နဲ့နော်။ ၀ိုင်းကြီးပတ်ပတ်တူတူချော့မယ်။ နော်။ 16အလီဆိုမနေနဲ့။ ဂဏန်းပေါင်းစက်ရှိရင် အလီက အလွတ်ရစရာတောင်မလိုဘူုး။ နောက်ရက်တွေ့မယ်နော် ကလေးလေး...................

Anonymous said...

ဟယ် ကလေးလေးရေ
မငိုနဲ့ တိတ်တိတ်...
အားမငယ်ပါနဲ့ ..... နော်.....

Suburban Area said...

ကလေးလေးကလဲ ဘဝမှာနေချင်သလို့မနေရ ပျော်သလို့သာနေနေရတဲ့သူတွေအများကြီးပဲ..အားငယ်စရာမလိုပါဘူးးး
ပြီးပြည့်စုံတဲ့ လူဆိုတာမရှိနိုင်ပါဘူး၊ရောင့်ရဲစိတ်နဲ့ ပြည့်စုံနေလိုက်ကျတဲ့ လူတွေပဲရှိတယ်..နေကောင်းကျန်းမာလာရင် ကလေးလေးမေမေဆီ ပြန်လို့ရပြီပေါ့။အဲဒီအခါကျရင် အတင်းပူဆာ။ကလေးလေး ကံကောင်းတာတွေလဲရှိပါတယ် အခုဆိုကလေးလေးကိုအရမ်းချစ်တဲ့ မေမေနှစ်ယောက်တောင်ရှိတယ်..နောက်ဝမ်းနည်းလာရင် ကလေးလေးအရမ်းခင်တဲ့လူတစ်ယောက်ယောက်နဲ့စကားတွေပြောနေလိုက် ငိုမနေတော့နဲ့နော်..:)

WWKM said...

ကလေးလေး ရေ..
အားမငယ်နဲ့နော်.. တီတီဝါ၀ါလည်းရှိတယ် သိလား။
ပျင်းရင် တီတီဝါ၀ါ ဆီလာလည်နော်။
တီတီဝါ၀ါစီဘုံးမှာ ကလေးလေး ဆော့လို့ရအောင်လုပ်
ပေးဦးမယ်. အဟဲ.

mgngal said...

ကလေးလေး လာ မိုးရွာထဲ ထွက်ပြီး ဦးဦး (အမယ် ဦးဦးတဲ့)
:D နဲ့  ဘောလုံးကန်မယ် ။ ငိုမနေနဲ့  ။:)

Anonymous said...

အော် အားငယ်ပါနဲ့ လေ...ဒီမှာလဲ ဘ၀တူတစ်ယောက်ရှိပါတယ်...ဆေးနဲ့  အသက်ဆက်နေရတဲ့ နှစ်တွေနဲ လား...သုံးလတစ်ခါ သွေးဖောက်လိုက်.... ဆေးသွင်းပြီး ဆေးစစ်လိုက်..ဆေးရုံဆိုတာကိုယ့် အိမ်လိုပဲ...ရှာတဲ့ ပိုက်ဆံလဲ ဆေးဖိုးနဲ့ ကုန်တာပဲ...အားငယ်နဲ့  ပျော်ပျော်နေ ရောဂါတွေကိုမေ့ ထားလိုက်........ခင်လျှက်...မေကျော်

RePublic said...

၁၆ အလီ မရတာ ကလေးလေး အပြစ်မဟုတ်ပါဝူး ၊၊ မငိုပါ နဲ့ ကလေးလေးရယ် ၊၊ ဦးလစ် ကြီး ကပြပါ့မယ် ၊၊ ဒါမှမဟုတ် တီတီခင်လေးမရှိခိုက် ၊ ဦးရင်နဲ့ ဦးလစ် သွားသောက်ရင်လိုက်ခဲ့ ၊၊ အမြည်းကျွေးမယ် ၊၊ ရှူး...
လိလိမ္မာမ္မာနေပါ ၊၊ ဟုတ်ပီနော် ကလေးလေး ၊၊

အမြဲခင်တဲ့
ဦးလစ်

သက်တန့် said...

ကလေးလေးရေ...
တန့်တန့်လေ ကလေးလေးအတွက် ဗျိုင်းတွေ အများကြီး ဖမ်းလာပေးမယ်နော်...
ဗျိုင်းလေးတွေ အလယ်မှာထိုင်ပြီး ကလေးလေးကို ပုံပြင်တွေ ပြောပြမယ်...
ပျော်စရာကြီးနေမှာ... သိလား... :)

Anonymous said...

ကလေးလေး ရေ ခုလဲ ဦးတို့ Blogger တွေက ၀ိုင်းကြီးပတ်ပတ်ဒူဝေေ၀ ဆော့နေကြတာမဟုတ်လား။
အဲ့ဒီထဲ မှာ ကလေးလေးလဲ ပါတယ်ဆိုတာမမေ့နဲ့နော် ... :)

Anonymous said...

တူမလေးကလည်း ငိုပါနဲ့ ဂျာ ခလေးကိုပဲခင်တာလေ ၁၆ လီကို ဦးညိုးတို့ က စိတ်မှမ၀င်စားတာနော့်လေဗျာ တိတ်တိတ် စိတ်ညစ်ရင် ရေတွင်းပျက်ထဲမှာ ငါးလာဖမ်းနော့်း) နောက်တစ်ခါ ဦးနဲ့ လာဆော့ကြားလား ။

ဗေဒါရီ said...

ကလေးလေးရေ .. ငိုနဲ့နော် ...
တို့လည်း ၀ိုင်းကြီးပတ်ပတ်ကလွဲလို့ စုံဆန်စီတို့ စီစီမီမီတို့ တိဘူးတော့။
၁၆ အလီလည်း ရဘူးရယ် .. ။ ၁၀ အလီထိပဲ အလွတ်ရတာမို့။
အတက်တွေကြီးတွားတော့ ... ဆော့တာလည်း တိတော့ဖူး ကလေးလေးရေ .. အားငယ်နဲ့ အဖော်ရှိတယ် တိရား။

(နာမည်လေးထူးဆန်းလို့ လာဖတ်ကြည့်မိတာပါ။ ဒီပို့စ်လေးက ချစ်စရာသနားစရာလေးမို့ ကွန်မန့်ရေးမိတယ်။)

အိတာ said...

မငိုပါနဲ့  ကလေးငယ်ငယ်ရယ်.....
သီချင်းဆိုပြသွားတယ်နော်

အမြဲခင်တဲ့ 
အိတာ

ဇင်ယော် said...

ကလေးလေးရေ ခုမှရောက်လို့ ကြည့်လိုက်တော့ မှိုင်တွေငေးနေတယ်ဆိုပါ့လား။ မငိုနဲ့ လေ။ ဦးဦးတွေ အန်တီတွေ အများကြီး ရှိတာပဲ။ ၁၆အလီမရလည်း ပြသနာမရှိ၊ ကွန်ပြူတာ ရှိနေတာပဲဟာ။ ကဲ နောက်တခါ ဦးငှက်လာလည်ရင် ကလေးလေးဆော့ဖို့  ဆိပ်ကမ်းက ငါးလေးတွေ ဖမ်းခဲ့မယ်ဗျာ။

Anonymous said...

ကလေးလေးရေ .. အားမငယ်ပါနဲ့ လူတိုင်းလူတိုင်းမှာ
ကိုယ်ပိုင်အလှတရားလေးတွေ ရှိပါတယ် ..
၁၆ လီမရတော့ ဆိုဘူးပေါ့ ဘာဖြစ်လဲ ..
ပို့ စ်လေးတွေ ရေးမယ်လေ ဟုတ်ဘူးလား ..
တစ်ကယ်တမ်း ကြည့်မယ်ဆိုရင်တော့
အားလုံးက ပကာသန တွေပါကွာ အဟား ..
ရုပ်အလှ အပေါ်ယံအလှထက် စိတ်အလှလေးက ပို ချစ်စရာကောင်းပါတယ် .. ကလေးလေး ပျော်ရွှင်ပါစေဗျာ .. ပျင်းရင် လာလည်နော် :)

Anonymous said...

၁၆အလီမရတာများ.. အားငယ်စရာမှမဟုတ်တာ.. လောကမှာ ကလေးလေးလုပ်နိုင်တာကို ၁၆အလီရတဲ့သူတွေ မလုပ်နိုင်တဲ့အရာတွေ အများကြီး.. မဗေဒါရဲ့ တကယ့် လျှို့ဝှက်ချက်တစ်ခုပြောပြမယ်.. ၁ဝတန်းရောက်တဲ့အထိ ၁ဝအလီထိပဲရတယ်... တစ်ခါမှ ၁၁ကနေ ၁၆အလီအထိမကျက်ဖူးဘူး.. ကျက်လဲမေ့တာပဲ.. အရေးပေါ်လိုရင် ပေါင်းလိုက်တယ်... ခုဆိုပိုတောင်ဆိုးသေး.. ၆အလီ ၇အလီ ၈အလီတောင် ကောင်းကောင်းမရတော့ဘူး..
မစိုးရိမ်နဲ့ စကာင်္ပူကလူတွေဆိုပိုဆိုးသေး.. အရာရာ ဂဏန်းပေါင်းစပ်ပဲသုံးတာ.. မဗေဒါဒီလောက်သချာင်္ညံ့တာတောင် သူတို့နဲ့တွေ့တော့ တော်လိုက်တာလို့အပြောခံရတယ်ရှင့်...
ရှူးတိုးတိုး.. ဒီလျှို့ဝှက်ချက်က စစ်စစ်ဖြစ်လို့.. မဗေဒါရဲ့လျှို့ဝှက်ချက်ဘလော့မှာတောင် ရေးမထားဘူး.. ဒူမှအသိဂျေနဲ့နော်...

Anonymous said...

ကလေးလေးရေးတဲ့စာကိုဖတ်ပီးအားပေးတဲ့ဦးဦးတီတီ
ကိုကိုမမညီမလေးမောင်လေးတွေကိုအရမ်းကျေးဇူးတင်
ပါတယ်...ကလေးလေးကိုအခုလိုမန့်မန့်တွေရေးပေးလို
လဲအရမ်းပျော်ပါတယ်..နိုတာနဲနဲလျော့ပေးလိုက်မယ်နော်
:P

Anonymous said...

Hey..

I will let you know one of my Top Secrets too..I am going to be a graduate soon ..But I have never memorized any "Ali" in my entire life..Calulaters are essential to me..You will be shocked if you come to know the Major I am taking.Haha I am solely depend on calculator.So Don't Cry Babe Girl..
:)

Anonymous said...

အားမငယ်နဲ့ နော် ကလေးလေး

မမတို့ လဲ ဒီလိုပါပဲ ကလေးလေးရယ် လောကမှာ လူတွေက ဖြစ်ချင်တိုင်း ဖြစ်ရတာမပာုတ်ဘူးလေ ဖြစ်နေတဲ့ ဘ၀ကိုပဲ ဖြစ်သလိုနေနေရတာနော် ..ဒါကြောင့် အားမငယ်နဲ့ နော် ဘ၀ဆိုတာတိုတိုလေးပါ ရခဲတဲ့အချိန်လေးမှာ အားရှိမဲ့ အစာတွေစားပီး အကောင်းဆုံးနေနော် လိမ္မာရင် ဘုရားက ချစ်မှာပါ ပြန်ကောင်းလာမှာနော် သိလား ...ကလေးလေးက မမတို့ ထက်သာတာတစ်ခုရှိတယ်သိလား ဘာလဲသိချင်လား မမတို့ က တနေ့ နေ့ လူတွေအများကြီးနဲ့ စကားပြောရတယ် အကုသိုလ်ဆိုတာတွေရှိတယ် ကလေးလေးက မရှိသလောက်နဲတယ်လေ ..နော်
ဒါ မမတို့ ထက်သာတာပေါ့ အကုသိုလ်မလုပ်တာပာာ လုပ်တာထက် မြတ်တာပေါ့နော် .... အားတင်းထားနော် ဘယ်တော့မှ အလျှော့မပေးနဲ့ နော် “ Fighting ”

ချစ်တဲ့
မမ