Wednesday, November 26, 2008

“စေတနာ” ဟု..ခေါ်ပါသည်။

အင်း.... ခင်လေးကလည်းခင်လေးပါ... အခုတလော ဒင်းကို ဘလော့ထဲမှာ လွှတ်ထားမိတာကိုက မဟာအမှား...!! ကိုယ်တိုင်ကတာဝန်တွေပိ၊ အလုပ်ကမအား၊ လက်ကမယားနိုင်တော့ ခုတလော... စာရေးဖို့ဝေး တွေးတောင် မတွေးအားလို့ စာဖတ်သူပြန်လုပ်မိပါရဲ့.....။ ဗုဒ္ဓေါ..တရတဲ့ဘဝကို လုံးလုံးရောက်တော့တာပါဘဲ....!! ကိုရင်နော်တစ်ယောက် သူ့ Post တွေမှာ မြင်မကောင်း ရှု့မကောင်းအောင် ကိုယ့်ဖာသာကိုယ် မွှန်းနေပြန်တော့... စာဖတ်သူတွေအတွက် ရင်လေးလို့ အမှန်တရား ပန်းကန်ပြားကို ဝင်ဆေး..... အဲ့... ဖော်ထုတ်ဖို့ ဝင်ကယ်ရကြောင်းပါ။ စေတနာတွေကို နားလည်ပေးတော်မူကြပါကုန်..။

ကျိန်ဆို ကျိန်ရဲပါတယ်.....
ရုပ်ချောသလောက် ဆိုစကား
ရွှေနားဝမှာ ခါးလှသမို့....
မနေသာ ဝင်ပါရ၊ နားလည်ကြစေချင်စမ်းရဲ့။

ဖြူလွန်းတဲ့ အသား၊ အိုးမဲဖင်နဲ့မှားရပါလို့
ပုကွကွ ဂျပိန်က၊ စတိုင်မရှိ ဆော်မရှိ
ဗလရှိသတဲ့ ဒင်းညာပြန်...။

တာယာဖိနပ်ရယ်ကယ်ပေမဲ့...
အသက်လည်းမငယ်၊ ခေတ်ဆန်ဖို့လည်းမလွယ်ပြန်တော့
ရိုးသားဖို့ရယ်၊ ဒင်းနဲ့မတန်...။

အရက်ကို ခပ်ငယ်ငယ်က၊ အမြစ်တွယ်သူမို့
အလစ်ကြံဖို့သာ၊ သူဖန်လေတော့
ခိုးစားတတ်တာ ဒင်းအကြံ...။

နှာခေါင်းကပြား၊ နားကကားလို့
သွားလေးကခေါ၊ ပြောသူမောတယ်
အမှန်တရားဒဏ် ဒင်းခံပေရော့..။

ညှာညှာတာတာပြောပါ့မယ်...
ချစ်တတ်ဖို့ဝေး၊ ညစ်ပတ်တတ်သူလေးမို့
ဒင်းးးးး လက်ကဝေးစေဖို့....
ဝေးဝေးကသာပြေးစေကွယ်.....။

(ခင်လေးငယ်)

အလိုလေ....!!!
ကျုပ်အတင်းကို ဒင်းကတုတ်
စာဖတ်သူ ခေါင်းတွေကုတ်
ထင်နေကြတာ မင်းသားရုပ်
ဒင်းးပြောပြတာ ဘင်္ဂလားရုပ်
မဟုတ်.! မဟုတ်..!! ကျုပ်ငြင်းတယ် အဟုတ်
ကျုပ်ကတော့ ကျုပ်ကိုကျုပ်
ကြွားတာတော့ မဟုတ်
လာကြည့်ပါ ရင်နော့ရုပ်
ချောတာတော့ အဟုတ်
ခေါနေတာ မဟုတ်
မယုံရင် ဒီလိုလုပ်
တင်လိုက်မယ် ကျုပ်ရဲ့ရုပ်
ကြည့်ပြီးရင် Vote
ဟုတ်သော်ရှိ ဟုတ်
မဟုတ်သော်ရှိ မဟုတ်
အဲ့ဒါကို ခင်လေးစုတ်
ရေးရက်တယ် မဟုတ်တရုတ်
စိတ်ကိုက ပုပ်
တစ်ချိန်က ရေးဘူးတယ် “ဝက်ခေါင်းသုပ်”
မမှတ်လို့ ထပ်ရေးတယ် အရှုပ်ထုပ်
ကျုပ်နဲ့တော့ တွေ့ပြီ အဟုတ်
အဟုတ်.! အဟုတ်..!!
ခင်လေးငယ် အစုတ်ပလုတ်တုတ်
တကယ့်ကို အကျင့်ပုပ်..။

(ကိုရင်နော်)


29 comments:

မောင်ပိစိ said...

အလိမ်တွေ ပေါ်ကုန်ဘီ..
ဘယ့်နှယ့်လုပ်မလဲ ကိုရင်..

ခုတော့ မခင်လေးက အဲလိုတွေ ပြောရက်ဘီပေါ့လေ..
ဗလရှိတဲ့ ဂျပိန်တဲ့
ခိုးစားတတ်တာ ဒင်းအကြံတဲ့..
ဟိ.. မခင်လေး.. ဘယ်ပြေးမလို့လဲ..

ကဗျာလေးမိုက်တယ်.. လိုက်လဲ လိုက်နိုင်လွန်းတဲ့ မိသားစု.. :)

:P said...

ဟီဟိ
ကိုရင်နော်ကြီး ဒါ မဖတ်ရသေးဘူးထင်တယ်...
ဟုတ်သည့်တိုင်အောင် မပြောသင့်ပါဘူး ခင်လေးရယ်...
အဲငှယ်...........

WWKM said...

ဟဟဟ မခင်လေးကတော့ရုပ်ပီ ..ကိုရင်တနားပါဒယ်.
ဟဟားးးးးးး
သူစိတ်ချမ်းသာသလိုရေးပါစေပေါ့ .... ဟုတ်တာမဟုတ်တာဘေးဖယ်ထား..ဟဟားး)

ခင်တဲ့
ဝါ၀ါ

Dream said...

ဟားဟား.. မိုက်တယ်ကွာ.. တီတီငယ် လန်ထွက်နေတာပဲ... ဟဲဟ
ရှိတာတွေ
ထုတ်ကာဖွလို့
ဟုတ်တာတွေ
ပြောပါ့မယ်..

မေခင်ရယ် အရောက်လာပြန်သမို့
ကိုရင်ရေ ပုဆိုးကိုသိုင်း
ဘော်ကာကိုလက်မှာပိုက်လို့
ထွက်ခဲ့လိုက်စမ်း.... ဟိဟိ

ဘာရယ်ညာရယ်မဟုတ်ဘူး... (နင်ရယ်ငါရယ် .. :P :P )

တီတီနယ် ချာရေးဒါ လံထွက်နေဒါဖဲ... ဦးနော်ဂျီးရဲုဲ့
မျက်နှာတော်ဂို ပေါ်အောင် ရေးတတ်တယ်။ ဟတ်ဟတ်

Soe Mya Nandar Thet Lwin (Borros Roxo) said...

ရေးတတ်လိုက်တာနော်။
ကြိုက်တယ် ကဗျာလေးကို...

SMNTL

Unknown said...

ဟိုက်... မခင်လေးရယ်..... ရိုက်ချက်က ပြင်းထန်လှချေလားဟ.....ဟီးးးးး ဟီးးးးးး
အိမ်နားက ဘယာကြော်ရောင်းတဲ့ အရက်သမား ကုလားကြီးကို မြင်ယောင်လာတယ်..ဟီးးးးး

Anonymous said...

ဒီမှာ.. ရင်နော်..!! မင်းဆိုတဲ့ကောင်ဟာ..

ရုပ်ချောသလောက် လုပ်ပြောတတ် တဲ့ကောင်
အသားဖြူသလောက် အသားယူတတ် တဲ့ကောင်
အရပ်ရှည်သလောက် ဖိနပ်ပေစီးတတ် တဲ့ကောင်
ဗလကောင်းသလောက် နှစ်ဆတောင်းတတ် တဲ့ကောင်
စတိုင်မိုက်သလောက် အပိုင်ရိုက်တတ် တဲ့ကောင်
ဆော်ကြည်သလောက် အော်ရီ(ရယ်)တတ် တဲ့ကောင်
အသက်ငယ်သလောက် အရက်တွယ်တတ် တဲ့ကောင်
ခေတ်ဆန်သလောက် အလစ်ကြံတတ် တဲ့ကောင်
ရိုးသားသလောက် ခိုးစားတတ် တဲ့ကောင်
ချစ်တတ်သလောက် ညစ်ပတ်တတ် တဲ့ကောင်.......

နှာခေါင်းကပြား နားကကားလို့
သွားလေးကခေါ ပြောသူမောတယ်
အမှန်တရားဒဏ် ဒင်းခံပေရော့..။

အပေါ် နဲ့ အောက် ကာရံ ကိုညီလို့.....ဟီးဟီး..

Anonymous said...

ပိကျိ... က မသိလို့နော် ဒင်းအကြံတွေကို..!! သတိလေးထားပေါင်း တီငယ်က ခင်လို့ပြောတာ... ငှဲလျောင်း..!!

စန္ဒာ... သတိပေးတာနောက်ကျသွားဘီနော်..
“ဟုတ်သည့်တိုင်အောင်...” တဲ့လား.. အဟိ

မဝါရေ... သူစိတ်ချမ်းသာတာရေးပါစေ ဟတ်လား..!! စကားပုံလေးရှိတယ်နော်.. ဘူတူစိတ်ချမ်းသာ ရွာနားအေးဆိုလား.. :P

စီစီမက်... “ရှိတာတွေ ထုတ်ကာဖွလို့ ဟုတ်တာတွေ ပြောပါ့မယ်..” မိုက်တယ်ကွာ
အာဘွားးးးးးးးး

နန္ဒာ... ကဗျာလေးကို ကြိုက်ခြင်းသည် အမှန်တရားကို လက်ခံခြင်း... အဲ.. ဆိုင်ဝူးလား..!! ဆိုင်လိုက်ပါ ဟက်..ဟက်

တိုတိုဟတ်ကြီး... ဗယာကြော် အရက်သမား ကုလားက ငရှပ် ရှပ်ကာ မိုက်ကယ် ရင်နော့်ထက် အဆတစ်ရာခန့် သာပါကြောင်း.. ဟီးးးး

Anonymous said...

sky blue ရေ.. ခင်လေးပြောတာ အမှန်တွေပါကွယ်... ဟီး ဟီး ဆိုတဲ့ ရီ/ရယ် သံတွေနောက်မှာ မခင်လေး ပြောတာတွေကို ယုံကြည်နေတယ်ဆိုတာ မြင်နေရတယ်..
ဟက်..ဟက်

NangNyi said...

ကဗျာလာဖတ်ဆိုပြီး ဘာလို့ အဲဒိပုံ တင်သွားပါလိမ့်လို့ အူလျားဖားလျား လာကြည့်တာ.. ဒီရောက်မှ သဘောပေါက်တယ်.. ဒါမှ တို့ တီတီခင်လေးကွ.. ချကွ ချကွ.. နန်းညီ cbox ထဲမှာ ထည့်သွားတဲ့ ပုံလိုပဲ ချပါဗျိုးး .. ဟီး

NangNyi said...

ဟာ ဘယ်လိုလဲ ရန်ဖြစ်တာကလည်း ဘလော့တကာလည်ပြီး..
ခက်ထာဘဲ

စိုင်းစိုင်းလားရှိုး said...

ကိုရင်ရာ ခင်ဗျားဒီလောက် ရုပ်ချောနေမှန်း ခုမှသိတယ်၊ အစောကြီးကသာ ကြိုသိခဲ့ရင် ခင်ဗျားနဲ့ နွှယ်ပြီး ကျုပ်ချမ်းသာလောက်ပြီဗျ။ ရွာဘုရားပွဲတွေမှာ ရုံသွင်းပြစားလိုက်ရမှာ၊ ကလေးနှစ်ကျပ်၊ လူကြီး ငါးကျပ် လန်ထွက်နေမှာပဲ။ အဟေး...........

Taungoo said...

စလာပြီ စလာပြီ
နောင်ဂျိန်ပွဲ ကြည့်ရတော့မယ်
ပျော်လိုက်တာ
အဟေးဟေး

Dream said...

ဦးနော်ပြောလည်း ဟုတ်တုတ်တုတ်
တကယ်ကြည့်မှ ဟုတ်တယ်ဗျို့
ချောတယ်ဆိုတဲ့ ဦးနော်ရုပ်
တကယ်တန်းတော့ ဘီလူးရုပ် :P :P
မေခင်ပြောတာ အဟုတ်ဗျို့

ဦးနော်တင်တဲ့မေခင်ရုပ်
တကယ်တန်းတော့ မှားတယ်ဗျို့
မေခင်ချောတာ သူမသိ
နန္ဒာလှိုင်တောင် ထိုင်ငို၏

မယ်ခင်သုပ်တဲ့ ၀က်သားသုပ်
ီဦးနော်ကပဲ အပြီးတုတ်
ပုဆိုးကြားက ပုလင်းထုတ်
ရောင်းရင်းတွေနဲ့ မော့ပြီဗျို့

အမူးလွန်တော့ ရဲနေတာ မယ်ခင်မသိပါ
တုတ်ထဲ့လိုက်တာ မယ်ခင့်အတင်း
ဘလော့တခွင် ကြိုင်လို့သင်း
မဟုတ်တရုတ် ဇာတ်ကိုခင်း
မယ်ခင်သိရင် နပန်ကျင်း

ဟီးဟီး.. ဦးနော်ကလည်း အရေးအရမ်းသွက်။
တီတီငယ် ကလည်း အရေးအသားလန်ထွက်
ဟုတ်နေတာပဲ.. ဟဲဟဲ

တီတီငယ်ရေ.... မက်မက်ရေးတာ ဦးနော်ဖတ်ရင် ဒေါခွီးတော့မယ်.. ဟိဟိ..
မက်မက်ပါဘူးနော်... :P :P

ဦးနော်.. ဘာမှ စိတ်မူနဲ့ နပန်ကျင်းရင် ရွာရိုးကိုးပေါက် လိုက်တိုင်ပြော။ ဟိဟိ
:P :P ဟီးဟီး..
ခင်ယို့ရှတာ.. ချိတ်ချိုးရဖူးနော်... ဟိဟိ :P :P

Anonymous said...

အယ်..... ဒီ၂ယောက်ကတမျိုးပါလား။ဘလော့တခုထဲမှာကိုပဲ တယောက်အတင်း တယောက်ပေါ်တင်တုတ်နေကြတာ
ကြုံဖူးပေါင် ဂုဏ်ထူးဆောင်တွေပါဗျာ။
ကဲကဲ ဒါမှအားမရသေးရင်လဲ တုတ်လဲရှိတယ်၊ ဒါးလဲရှိ၊
သေနတ်၊ စိတ်ပြောင်း၊ ဒုံးကျည်၊လိုချင်တာပြော ဟိဟိ

စတာနော ခင်လို့စတာစိတ်ဆိုးရဘူး ၂ယောက်စလုံး
ဟာသသဥာဏ်လေးနဲ့ ရေးထားတဲ့ ကဗျာ သဘောကျသဗျာ

Chaos said...

ကဗျာလေး ဖတ်ပြီး တကယ်ပဲ ဟက်ဟက်ပက်ပက်ရီမိတယ်။
ချီးကျူးပါတယ် နှစ်ယောက်လုံးကို..
ဒါနဲ့ ကဗျာကို ဒီတိုင်းပဲထားတော့မှာလား။
ဒါဆိုနှစ်ပုဒ်ပဲ ဖတ်ရမှာပေါ့။
ကိုရင် ပြောထားတာကို မခင်လေးက ဆက်ဖိုက်လေ။
အဟိ....
လာဝင်မြောက်တာ။
မီးမီးကြောက်ကြောက်......
မခင်လေးကလေ.....*^%&^**((
ကိုရင်နော်ကပေါ့.....~~&*(&^%$%&**
ကလေးလေး ဘယ်ရောက်နေတုန်း။ နေကောင်းရဲ့လား။

ပီကေ said...

အယ် မကြီးမငယ်နဲ့ မလုပ်ကြနဲ့လေ ....

နောင်ပေ နောင်ပေ နောင်ပေ နောင်ပေ

Anonymous said...

အချင်းချင်းတွေကို... ဒီလိုတော့ မဖြစ်သင့်ဘူးနော်..
ဒီ့ထက် ပိုဖြစ်ရမှာ.. ဟေး..ဟေး...
ကလေးလေး.. အဲဒီမှာ လူကြီးတွေ ပွဲကြမ်းရင် ဦးတို့ဆီ လာဟေ့..(ဒါပေမယ့် ပုလင်းတွေတော့ မဖွက်ကြေး)..။

RePublic said...

တယ်ရင်း တို့ရဲ ရန်ဖြစ်သံတွေ ခုလိုမကြားရတာကြာနေပီ၊၊ ပျော်ဖို့လည်းကောင်းဗျာ ၊၊ ရန်ဖြစ်ပြီးပြန်သင့်မြတ်ကြပေါ့ ၊၊ ကလေးလေး ရေ ဦးရင် နဲ့ ဒေါ်ဒေါ်ခင် ကို နိုင်အောင်ထိန်းပေတော့ ၊၊ :)

ခင်မင်တဲ့
ကိုလစ်

khin oo may said...

ချစ်ချစ်ခင်ခင်နေကြပါ.၇န်မဖြစ်ကြပါနဲ့လေ. (ဖြောင်းဖျသွားသည်)

Anonymous said...

ကိုရင်နဲ၊ခင်လေးနြ့..ကလေးလေးရေ..

ဒီကိုရောက်ရင်..ပျော်ပြီးပြန်ပြန်သွားရတာအတွက်ကျေးဇူး

အိန္ဒြာ

Anonymous said...

အင်း... ဘာပြောရမှန်းတောင် မသိတော့ဘူး။ ရန်ဖြစ်မှလည်း ပို့စ်ကောင်း ကဗျာကောင်းတွေ ထွက်တာဆိုတော့... ကဲ... ဆက်သာ
#$%^*(*)(&^%$#$$%
ပေတော့ဗျို့...။

တားမြစ် ထားသော... said...

ဒီလို ရန်မဖြစ်တာ ကြာပါပကော။
ရန်များများ ဖြစ်ပါစေ ဆုတောင်းရမလိုဖြစ်နေပြီ။ ရန်ဖြစ်တာတွေက ဖတ်ကောင်းသဗျ။း)

သုခမိန်(E-Journal)

တောင်ပေါ်သား said...

ဟေ့............. လေချိန်တက်တာနော့် ဟီးးးးးးးး

ဦးနော်နဲ့ တူတူကစ်ပြီး တီငယ်ဖက်က ပါမယ် နှစ်ယောက်လုံးဖက်က ရှိတယ် ဝေ့ ကလေးလေး လာ ဦးတို့နားလာခဲ့ ရန်ဖြစ်နေကြတယ်

Anonymous said...

ရယ်ရတယ်ဗျို့..

ဟား..ဟား..ဟား..

Anonymous said...

အယ် ဘာလို့ အဲလောက် ညှာညှာတာတာ ချစ်နေကြတာလဲဟင်...။ ဒီနေရာလေးရောက်လာတာ..ပေါ့ပါး လန်းဆန်းသွားတာပဲ..။

ပန်းခရေ said...

ဒီကလေးနှစ်ယောက်ဘိုဖစ်နေကြတာလဲ ဟမ် ....
ငြင်းနေကြပြန်ပါပြီ...
ဘူမှချောဘူး နာပဲချောတယ်...
မှတ်ပီလား
ဟိဟိ

Anonymous said...

အမလေးဗျ ... မနည်းပြန်ပြေးထွက်လာရတယ် ... ဟူး ... တော်ပြီတော်ပြီ နောက်ဆို ဒုတ်ဆွဲ၊ ဓါးဆွဲပွဲတွေ ရပ်မကြည့်တော့ဘူး ... ကံ ... ကောင်း ... လို့ .... ။

ဟားဟား မိုက်တယ် ကိုရင်နော် ကစ်ချက်ပြင်းတယ်၊
မခင်လေးက လည်း ပြန်တွယ်တာ သိပ်ထိတယ်ဗျို့ ...။

ကျွန်တော် ခပ်လှမ်းလှမ်းမှာ နေမယ်နော် ...။ :D

ခင်မင်လေးစားစွာဖြင့်

Anonymous said...

ဟားဟား
မမခင်လေးကဗျာလေးမိုက်တယ်..
ဦးနော်ကဗျာလည်းလန်းတယ်....
ဘယ်သူ့ဘက်ကပါမလဲ. သိဘူး..... ပွဲကြည့်ပရိသတ်ပဲလုပ်တော့မယ်...
ကလေးလေးရော နေကောင်းရဲ့လား..... :D