Tuesday, November 25, 2008

Ten Things I Hate About Myself

တကယ်တော့ ကိုယ့်ကိုကိုယ် တော်တော်ချစ်တာ.. ကိုယ့်ရုပ်ကြီး ဘယ်လောက် ဆိုးဆိုး မှန်ထဲမှာ ကြည့်မိရင် ရင်တောင်ခုန်မိသေး အရမ်းချစ်.. မယုံရင် မှန်ရှေ့မှာ ကိုယ့်မျက်နှာကိုယ် သေချာကြည့်.. မျက်လုံးချင်းဆုံပြီး စကားတွေပြောကြည့် တစ်မျိုးလေး ခံစားရတယ်.. အဲ့.. ရယ်ချင်လာရင်တော့ မအောင့်နဲ့ ရယ်သာ ရယ်လိုက်.. အဟီးး.. ဘယ်သူ့ကို ဘယ်လောက်ချစ်တယ် ပြောပြော အဲ့ဒါ လျှောက်ပြောတာ.. လူတိုင်းက ကိုယ့်ကိုကိုယ် အချစ်ဆုံး.. အဟုတ်..!

ကိုယ့်ကိုကိုယ် မုန်းတာတွေလည်း ရှိတော့ ရှိတာပေါ့လေ.. အဲ့ဒီလို ကိုယ့်ကိုကိုယ် တကယ်.. အရမ်း.. တားမရစီးမရ မုန်းပြီးဟေ့ ဆိုရင်တော့ ကိုယ့်ကိုကိုယ် သတ်သေတော့တာပဲ.. ကိုယ့်ကိုကိုယ်တော့ မမုန်းကြပါနဲ့ သတ်လည်းမသေသင့်ပါဘူး.. ချစ်သထက်သာ ပိုပိုချစ်ကြပါ..။

ကျနော်လည်း ကိုယ့်ကိုကိုယ် အရမ်းချစ်.. ဖြစ်နိုင်ရင် ကိုယ့်ကိုကိုယ် ဖက်ဖက်ပြီးကို နမ်းနေချင်တာ.. အဟေးး.. အဲ့.. အခုတော့ မဖြစ်မနေ မုန်းရတော့မယ်.. ဒီပုဂ္ဂိုလ်ကြီး က Tag ချလိုက်ပြန်ပြီလေ.. ကိုယ့်ကိုကိုယ် မုန်းနေတာတွေ ပြောရမယ်တဲ့ . . ခက်ပြီ.. ကျနော်က ကျနော့်ကို အရမ်းချစ်ပါတယ်ဆိုမှ ကျနော်ကိုယ် ကျနော် ပြန်မုန်းနေတာတွေ ပြောလိုက်ရင်.. ကျနော်က ကျနော့်ကို ပြန်မုန်းသွားမှာပေါ့.. ဘယ်လိုလုပ်မလဲနော်.. အင်း.. Tag တို့ရဲ့ ထုံးစံအတိုင်း ပြောတော့ ပြောပြရတော့မှာပေါ့.. ဆယ်ခုတဲ့.. ရင်နာစွာနဲ့ မုန်းပြလိုက်တော့မယ်..။

အဲ့ဒီလို အာရွှီးပေးနေတုန်း ရုတ်တရက်...............

“ရွှီးးးးးးးးးးးးးးးးးးးးးးးးး............. ဝုန်းးး.. ဟေ့ကောင်.. ရင်နော်..”
“ဟားး.. ဘာသံကြီးလဲ..!!! လန့်လိုက်တာ..! ဗျာ..ဟုတ်..! ဘယ်သူလဲ.. ကျနော့ကို ခေါ်နေတာ ဘယ်သူလဲ..?..”

“ဟားဟား.. ဟားဟား.. မင်းတောင့်တလွန်းလို့ ငါ ကိုယ်ထင်ပြရတာကွ.. အဲ့လေ.. ငါဒီမှာကွ.. မင်း အူကြောင်ကြောင် မလုပ်နဲ့ မင်းကို မကျေနပ်လို့ ငါရောက်လာတာဟေ့...”
“ဟင်းးးးး ခင်ဗျာက ကျနော့် မျက်နှာကြီးနဲ့..!! ခင်ဗျားးး ခင်ဗျားးး..??????.. ”

“အေးးး.. ဟုတ်တယ်.. ငါက မင်းပဲ..”
“ဗျာာာာာာာာာာာာာာာ..”

“ဗျာ မလုပ်နဲ့ မင်းကို ငါ သတိပေးချင်လို့ ထွက်လာတာ.. မင်းဟာ ရုပ်ကြည့်တော့ သနားကမားနဲ့ မင်းမှာ အကျင့်ဆိုးတွေရှိတယ်.. အဲ့ဒါ သိလား.. အေ.. မင်းရဲ့ အဲ့ဒီ အကျင့်ဆိုးတွေကြောင့် မင်းဟာ တော်တော် မုန်းစရာကောင်းတဲ့လူ ဖြစ်နေတယ်.. မင်းမုန်းစရာကောင်းတာ အရေးမကြီးဘူး ငါပါ ရောပြီး မုန်းခံနေရတယ် ငါ မခံနိုင်ဘူးကွ.. မင်းကိုလည်း ငါ.. တစ်ဖြေးဖြေးနဲ့ မုန်းချင်လာပြီ.. ဒီနေ့တော့ စာရင်းရှင်းမှဖြစ်မယ်..”
“ကျနော်.. ကျနော်.. ခင်ဗျာဟာကျနော်.. ကျနော်ဟာ ခင်ဗျားး.. ကျနော် ခင်ဗျားကို အရမ်းချစ်တာပါ.. ကျနော့်ကို မမုန်းပါနဲ့ဗျာာ..”

“အေး.. ငါမင်းကို မမုန်းစေချင်ရင် မင်း ငါပြောတာတွေကို ပြင်မှရမယ်.. ဒါဘဲ..”
“ဟုတ်..! ဟုတ်...!! ဟုတ်ကဲ့..!!! ပြောပါ ကျနော် ပြင်ပါ့မယ်.. မုန်းတော့ မမုန်းပါနဲ့..း( ”

“အေး.. ဒီမှာ ငါ စာရွက်နဲ့ ရေးထားတယ် မင်းရဲ့ မုန်းစရာကောင်းတဲ့ ........က် ကျင့်တွေ.. ဖတ်..!!! ကိုယ့်ဟာကိုယ်..”
“.....................”

ဒီမှာ.. ရင်နော်..!! မင်းဆိုတဲ့ကောင်ဟာ..
  • ရုပ်ချောသလောက် လုပ်ပြောတတ် တဲ့ကောင်
  • အသားဖြူသလောက် အသားယူတတ် တဲ့ကောင်
  • အရပ်ရှည်သလောက် ဖိနပ်ပေစီးတတ် တဲ့ကောင်
  • ဗလကောင်းသလောက် နှစ်ဆတောင်းတတ် တဲ့ကောင်
  • စတိုင်မိုက်သလောက် အပိုင်ရိုက်တတ် တဲ့ကောင်
  • ဆော်ကြည်သလောက် အော်ရီ(ရယ်)တတ် တဲ့ကောင်
  • အသက်ငယ်သလောက် အရက်တွယ်တတ် တဲ့ကောင်
  • ခေတ်ဆန်သလောက် အလစ်ကြံတတ် တဲ့ကောင်
  • ရိုးသားသလောက် ခိုးစားတတ် တဲ့ကောင်
  • ချစ်တတ်သလောက် ညစ်ပတ်တတ် တဲ့ကောင်
  • ၁၀ ခုပဲ ပြောခိုင်းလို့ နောက်ထပ် မုန်းစရာတွေ ရှိသေးတယ်... ဒါဘဲ..။
ပုံ/
ကိုရင်နော်

“ကျ..ကျ..ကျနော်.. ကျနော်..”
“အေးးးး... မင်းဘာ ပြောချင်သေးလည်း အေး.. မင်းဒါတွေကို မြန်မြန်ပြင်.. မပြင်လို့ကတော့ မင်းကို လိုက်ကြိုက်တဲ့ ကောင်မလေးတွေကို ငါပြန်မကြိုက်ဘူးးးး.. ဒါဘဲ.. ရွှီးးးးးးးးးးးးးးးးးးးးးးးးး......... ဝုန်းးး..”
“ဟင်းးးးး.... ဘယ်ရောက်သွားပြီလဲ...!!! သေနာကြီးးးး ငါ့ကို အကောင်းမပြောသွားဘူးးး...”

ကယ်... အဲ့ဒီ ကိုရင်နော် ဆိုတဲ့ မကောင်းဆိုးဝါးကြီး... အဲ့ မဟုတ်ဘူး.. သူတော်ကောင်းကြီး လာပြောသွားလို့ ကျနော်ရဲ့ မုန်းစရာကောင်းတဲ့ အကျင့်တွေကို သိလိုက်ရပါပြီ.. ကျနော်မျိုး ကြိုးစားပြီး ပြင်ပါတော့မယ်ခင်ဗျာ...။


အားလုံးကို ပျော်ရွှင်စေချင်တဲ့ Bye
(ကိုရင်နော်)


အော်.. Tag ထားတာက သုံးယောက်လုံးကိုဗျ.. ကလေးလေး ကတော့ မုန်းစရာကောင်းတာ တစ်ခုမှ မရှိလို့ မရေးတော့ဘူးတဲ့.. ဒေါ်ခင်လေးငယ် ကတော့ မုန်းစရာကောင်းတာတွေကြီးမို့ ရေးရင် အခု (၁၀၀) ကျော် သွားမှာမို့ မရေးတော့ပါဘူးတဲ့.. အဟေးး.. :)

24 comments:

Dream said...

ဟားဟား.. အိပ်ချင်နေတဲ့မတ်ချိဒေါင် ချာဖတ်ပီး
ပျူးတွားဒယ်... ဟားဟား.. ဒမာ ဦးနော်..
ရယ်ရတယ် သလား.. ဟတ်ဟတ်...

ရုပ်ချောသလောက် လုပ်ပြောတတ် တဲ့ကောင်
အသားဖြူသလောက် အသားယူတတ် တဲ့ကောင်
အရပ်ရှည်သလောက် ဖိနပ်ပေစီးတတ် တဲ့ကောင်
ဗလကောင်းသလောက် နှစ်ဆတောင်းတတ်တဲ့ကောင်
စတိုင်မိုက်သလောက် အပိုင်ရိုက်တတ် တဲ့ကောင်
ဆော်ကြည်သလောက် အော်ရီ(ရယ်)တတ် တဲ့ကောင်
အသက်ငယ်သလောက် အရက်တွယ်တတ် တဲ့ကောင်
ခေတ်ဆန်သလောက် အလစ်ကြံတတ် တဲ့ကောင်
ရိုးသားသလောက် ခိုးစားတတ် တဲ့ကောင်
ချစ်တတ်သလောက် ညစ်ပတ်တတ် တဲ့ကောင်...

ဟုတ်ရဲဟုတ်ဖဲနဲ့..အဲဒီ ရွှီးးးးးးးးးးးးးးးးးးးးးးးးးဆိုတဲ့ မင်းပုံရိပ်က မတ်ချိမပါယို့တူဒယ်နော်.. ဟဲဟဲ..
တကယ်က ဦးနော် ကအဲယိုဟုတ်ပါဖူး..တူပေါဒါထက်ပိုချောပါတယ်..
အရွယ်တင်ပီး ရုပ်လေးနဲနဲပဲကျနေတာပါ... ဟတ်ဟတ်
:P :P :P
ဒမာ ...ဦးနော်..ရယ်ရတယ်.. သလား...

:P :P

RePublic said...

တယ်ရင်းကိုရင်.. မုန်းစရာအကျင့်တွေ ကိုပြုံးစရာဖြစ်အောင် ဖတ်တယ်ဗျာ ၊၊ အမြဲသတိတရရှိလျက်ပါ ၊၊

မီယာ said...

ဖတ်ပြီးရီသွားတယ်

Anonymous said...

အော် ကိုရင်နော်က ကိုယ့်ကိုကိုတောင် အဲလောက်မုန်းရင် အခြားသူတွေဆို ဘယ်နေနေမလဲ ... ?

အင်း ... တွေးမကြည့်ပါဘူးဗျာ ...။

သိပ်စိတ်ကူးကောင်းပြီး အရေးအသားကသိပ်မြူး၊ ထိပ်ဦးမှာ ထူးလေတော့
ရွှေသဘောတော်ကျ၊
ပြုံးရယ်ရ
တဟားဟားနဲ့ပါဗျာ ...။

ခင်မင်လေးစားမှုများစွာဖြင့်

Anonymous said...

ဒွင်းမက်မက်.... မက်ချိကြီး ဂယ် ပျူးတွားတာလား.. အဟေးး

ကိုလစ်..... တယ်ရင်းကြီး ဆုံကြမယ်လေ အတောက်ရတာ ကြာပေါ့.. အဟီးးးးး

မီယာ.... ရီပါ မီယာ အတည်ပါ.. :P

အိပ်မက်ရှင်ကြီးရေ..... ထိပ်ဦးမှာ ထူးပါဘူးနော်.. ဟွင်းးးးး

မောင်ပိစိ said...

အဟာဟ.. လူလည်..
အရေးအသား ညက်လိုက်တာမှ မှုန်နေတာပဲ..
ထီပေါက်လို့ကတော့ဝေ့.. ဖရီး ပုံနှိပ်ပေးမယ်...
ခစ်ခစ်..

ကလေးလေး လင့်ခ်ပျက်နေတယ်..
ဒေါ်ခင်လေးက သကျိုးလေးတော့.. အဟတ်ဟတ်..
အိပ်ခါနီး ရယ်ပီး အိပ်သွားရတယ်..
ရှူးရှူးတွေ ပေကုန်ရင် ကိုရင့်အပြစ်ပဲ.. :P

Anonymous said...

ဟဲ့ ကိုရင်..
နင်ရေးထားတာက.. VCD ခွေတွေမှာ ကြော်ငြာဝင်တဲ့
“မင်းတောင့်တလွန်းလို့ ငါကိုယ်ထင်ပြရတာကွ” ဆိုတဲ့ ဦးတုတ်ပေါကြီး ရဲ့ ယင်လုံအိမ်သာ ကြော်ငြာ ကြည့်လိုက်ရသလိုပါလား.. ဟက် ဟက်..

အမယ်... ကောင်စုတ်..!! ငါ့ပုံကိုများ ယူတင်ထားသေးတယ် သေဦးမယ်.. @#$^%*:D

pandora said...

အမယ် မယ်.. မုန်းစရာကိုတောင် မွှမ်းထားလိုက်တာ။ အစင်းလိုက် အစင်းလိုက်..
:D

Unknown said...

ဟ...ဟ..... စော်ကြည်ဘဲ ဆိုပါလားဟ...ဟီးးးး
အသားဖြူသလောက် အသားယူတတ် တဲ့ကောင်
မျှစမ်းပါအုံးဗျ... အသားလေး တဖဲ့လောက်...ဟီ...ဟိ

Anonymous said...

အိမ့်ကိုများ စောင်းရေးထားသလားဂျာ။

Anonymous said...

ကာရံတွေဖက် စာသံတွေထွက် နေပါလားဗျို့...။

ဟန်သစ်ငြိမ်ကတော့ ရန်ဖြစ်ချိန်တောင်မရှိပါဘူးဗျာ။

WWKM said...

ဟဟဟား
ကိုရင်ရေ..
ဂန္ဓ၀င်မှာစာတင်အောင် ကျမလည်းရေးရမှာမို့
ပညာတွေလာယူသွားပါကြောင်း။ ဟဟ
စိတ်ညစ်ပါတယ်..
အခုတလော ကံကောင်းဘူးးး
တက်ဂ်ပို့စ်တွေနဲ့ ဒွတ်ခလာပေးနေကြတယ်လေ.

Anonymous said...

နောက်ကျသွားလို့ မခင်လေးပုံမကြည့်လိုက်ရဘူး...
အရေးကောင်းပါပဲဝေ့။ ×××××သလောက်ရဲ့ရှေ့က စာတွေအရတော့ ကိုရင်နော်ဆိုတာ ခြင်ချော်လဲပါလား...

တောင်ပေါ်သား said...

ဝေးးးးးး နောက်ကျသွားတယ်ဗျာ အလည်လာတာ ဦးနော် တီငယ်ပုံ ပြန်တင်ပေး ခု ပြန်တင်ပေး

စိုင်းစိုင်းလားရှိုး said...

အဟေး................. အသက်ငယ်သလောက် အရက်တွယ်တတ်တဲ့ကောင်..... ၀ုတ်တယ်..... မှန်တယ်...

အရုပ်ကလေး said...

ပို့စ်လေး ဖတ်ပြီး သဘောကျတယ်
အရေးအသား တွေကို..
ဆက်လက် အဆင်ပြေပါစေ

Anonymous said...

ပိကျိလေး... ရှူရှူးတွေ ပေါက်ချရဘူးနော် အော်အော့်ချိချိ..

ခင်လေးငယ်... အစုတ်ပလုတ်တုတ်မ

ပန်ပန်ရေ.. အစင်းလိုက်တဲ့ အဟေးး.. ဟုတ်ပ..

ဟတ်မူစီရန်ကြီးရေ... ဒီတိုင်းတော့ အသားဈေးကြီးတယ်..

အိမ်.. အိမ်ကို စောင်းရေးတာ ဇောက်ထိုးကြီးကိုဖြစ်ရော.. ဟီးး.

ကဟန်သစ်... ဟွင်းးးး သူလုပ်လို့ရေးရတာ ခုတော့ ပြေးနေရပြီ.. ကောင်မလေးတွေဖတ်ပြီး.. မုန်းစရာကောင်းပါဘူးတဲ့ ချစ်စရာကြီးတဲ့.. အဟီးးး.. အဟွတ်..! အဟွတ်..!! ရေတိမ်နစ်ရင် ကဟန်သစ်ကြောင့်နော် ဒါဘဲ..

မမဝါကြီးးး.. အဟီးဟီးးး.. မြန်မြန်ရေး လာဖတ်မှာ.. :P

အနောင်းနမန့်.... ခင်လေးပုံက သူ့နာမည်ကို ကလစ်ဆိုပြီး ကလစ်လိုက်..

တောင်ပေါ်သားလေးရေ... တီငယ့်ပုံ ဂယ် ကြည့်ရဲလို့လား အဟီးးး.. သူ့ နာမည်ကိုသာ ကလစ်လိုက်.. အဲ့ဒါ သူ့ပုံမှ သူ့ပုံ အစစ်..

ဦးရှင်ကြီး.. Cheer..! ဗျာ

အရုပ်ကလေးရေ.... ဇူးဇူးနော် ဦးနော်က မူလတန်းအဆင့်ပါကွာ..

အားလုံးကို ခင်မင်လေးစာစွာဖြင့် ပျော်ရွှင်ရယ်မောစေချင်တဲ့

ကိုရင်နော်နှင့်ကိုရင်နော်

Anonymous said...

ဗလကောင်းသလောက် နှစ်ဆတောင်းတတ် တဲ့ကောင်..?????
ဘာတုန်း..ဘာတုန်း.. ဗလကောင်းတာတော့ ဟုတ်ပါပြီ.. နှစ်ဆတောင်းတာ ရှင်းအုံး.... ဟား..ဟား..ဟား...

Anonymous said...

ဟဲ့... ကိုရင်...!!
ကဲ... သူများတွေပြောကုန်ကြဘီ
နင်မရှက်ပေမဲ့ ငါရှက်တယ်ဟဲ့...
သူ့ ကိုယ်သူ ဆော်ကြည်ဘဲ လိုလို...
အရမ်းဘဲ မိုက်သလိုလိုနဲ့ ငါသာ အသိဆုံး...
အရပ်ကတို့ရေ......
ဒင်းးးး လား အဲ့လောက်အဖြစ်ရှိမှာ....
သလောက်တွေရှေ့က ဟာတွေက အားလုံး
ပြောင်းပြန်တွေပါဗျိုးးးးးးးးးးးး
ရုပ်ကြမ်းကြီးနဲ့ အပေအတူး ဂေါ်မစွံ ရှပ်ကာ
ဂျပိန် ဘူတားကြီးပါဗျိုးးးးးးးးးးးးး

Soe Mya Nandar Thet Lwin (Borros Roxo) said...

ဖတ်ပြီးရီသွား ပြုံးသွားတယ် :))

SMNTL

တားမြစ် ထားသော... said...

၁၀ချက်စလုံး ပြုံးလို့ ဖတ်သွားတယ်။

သုခမိန်(E-Journal)

Anonymous said...

ကိုရင်ကို မကောင်းပြောသွားတဲ့သူနဲ့  မခင်လေးနဲ့  လက်ဝါးချင်းရိုက်ထားပုံပေါ်တယ်..။

Anonymous said...

ကိုရင်နော့် လက်ရည်က လိုက်လို့ကို မမှီဘူး ရှယ်ပဲရေးထားတာ ဂွဒ်

ရိုးသားသလောက် ခိုးစားတတ် တဲ့ကောင်

တူနေပြီးးးး

Anonymous said...

ဦးနော်က လူလည်ပဲ။ ဟွန့်

အနီလေးတွေကို ဖယ်ပြီး အပြာလေးတွေပဲ ဖတ်ကြည့်လိုက်ပါလား။း)

လေးစားလျှက်
ရောင်