Wednesday, January 21, 2009

ဤသို့ခရီးထွက်ခဲ့ရာဝယ်...

အချိန်ကတော့ ညနေ (၆) နာရီပဲရှိသေးတာ.. စောတောင်စောနေသေးတယ်.. ကားက (၇း၃၀) မှ ထွက်မှာဆိုတော့... ထူးတော့ မထူးပါဘူးလေ စောစောရောက်တော့လည်း လ္ဘက်ရည်ဆိုင် ထိုင်နေရုံပေါ့ ဆိုပြီး စဉ်းလည်း စဉ်းစားရင်း အပြေးအလွှားမောင်းနှင်လာတဲ့ Taxi တစ်စီးကို ဖမ်းတားလိုက်တယ်..။

“ဘယ်သွား မလဲ ဆရာ”
“နေပြည်တော်”

“ဗျာ..!! ဟား ဆရာ ကျနော့်ကား အဲ့လောက် အဝေးကြီးမလိုက်ဘူး..”
“အော်ဟော.. ဆောရီး.. နေပြည်တော်သွားမယ့် ကားဂိတ်ကို ပြောတာဗျ.. အောင်မင်္ဂလာ အဝေးပြေးကားကွင်း.. ဘယ်လောက်ပေးရမလဲ..”

ကားဆရာက နာရီကိုကြည့်.. ခေါင်းကိုညိတ်ရင်း..
“ဟုတ်ကဲ့ ၅၀၀၀ ပဲပေးပါ..”
“ဗျာ.. များတာပေါ့ဗျ.. စီးနေကျဗျ.. နေ့တိုင်းသွားနေကျ ၃၀၀၀ ထား”
တကယ်တော့ တစ်ခါမှ သွားဖူးတာမဟုတ်.. သူများ Taxi ငှားရင် ဒီလိုပဲ ပြောနေကြတာလေ.. ဒီလမ်းကို နေ့တိုင်း စီးနေကျ... သွားနေကျ ဆိုပြီး..

“၄၅၀၀ တော့ ရမယ်ဗျာ.. အဝေးကြီးဗျ ဒီအချိန် ကားကျပ်တယ်..”
“ကယ် ၄၀၀၀ တော့ ထားဗျာ နော်..” တောင်းပန်သလိုလို.. မရရင် မစီးတော့ မလိုလို လုပ်လိုက်တော့မှ..
“တက်.. တက်..” တဲ့...

ကားပေါ်လည်း ရောက်ရော.. မြားနဲ့ပစ်လိုက်သလို “ဝူးးးး..” ကနဲ.. မောင်းထွက်သွားလိုက်တာ.. မင်္ဂလာဈေးနားကနေ.. ပုဇွန်တောင်ကုန်းကျော်တံတား.. ပြီးတော့ စက်စမ်း.. ကြက်ဘဲဈေး... အိုးဟိုးဟိုး.. တွေ့သမျှကား အကုန်ကျော်.. အတင်းကျော်.. မောင်းချက်ကတော့ Transporter ဇတ်ကားထဲကလိုလို.. Tokyo Drift ထဲကလိုလို.. အဲ့လို.. အဲ့လို.. ရက်စက်တယ် မောင်းချက်.. ကြမ်းချက်.. မိုက်ချက်က ဟောလိဝုဒ်ကမင်းသားတွေ ငိုသွားလောက်တယ်..။

ကားကလည်း တော်တော် ကောင်းတယ်.. “ဂလုံး ဂလုံး ဂလွမ်းဂလွမ်း ဒုန်းဒုန်း” နဲ့ အသံကို စုံလို့.. လူလည်း ကားထဲမှာ လူးလှိမ့်ခုန်ပေါက်နေတာပဲ.. ကားတံခါး ပွင့်ထွက်သွားမှာစိုးလို့ လက်တစ်ဖက်က ဆွဲထားရသေးတယ်... ရန်ကုန်မြို့တော်ကြီးရဲ့ လမ်းတွေကလည်း တော်တော်ကောင်းတယ်လေ သိတဲ့အတိုင်း ချိုင့်တွေ ခွက်တွေနဲ့.. ကားတွေကလည်း များမှများ.. ဘယ်က ဘယ်က ကားတွေမှန်းမသိဘူး.. တစ်စီးနဲ့ တစ်စီး ဦးစားမပေး.. သူဦးသူ.. ကိုယ်ဦးကိုယ်.. ကျနော် စီးသွားမိတဲ့ကားက CNG သုံး Van ကား ဆိုတော့ နောက်ခန်းမှာ တင်ထားတဲ့ Gas အိုးကြီးကိုမြင်နေရတယ်.. ကျောနားမှာ ကပ်ထားတာ အသည်းယားစရာဗျာ.. မတော်တဆ ပေါက်များကွဲရင် မတွေးရဲဘူး.. ကြောက်လည်းကြောက်.. လန့်လည်းလန့် ခြေဖျား လက်ဖျားတွေတောင် အေးစက်စက်.. ကားရပ်ခိုင်းပြီး ဆင်းတောင်ပြေးချင်မိတယ်..။

ဝေဇယန္တာလမ်းပေါ် ရောက်တော့ ပိုဆိုးတာပေါ့ လမ်းကဖြောင့်တာကိုး.. မောင်းတာများ “ရွှီးးး..” ကနဲ.. လမ်းက ဖြောင့်သာ ဖြောင့်တာ ကျဉ်းတယ်လေ.. အန္တရာယ်များတာပေါ့... မီးပွိုင့်တွေဖြတ်တော့လည်း အတင်းဗျာ “တဝှီးဝှီး..” နဲ့ တကယ်တကယ်.. တကယ့် အက်ရှင်ဇတ်ကားထဲ ကိုယ်တိုင် ရောက်နေသလိုပါပဲ.. ဘုရားတနေရတယ်.. ယာဉ်စည်းကမ်း.. လမ်းစည်းကမ်း.. အသက်အန္တရာယ် ဘာမှကို ဂရုမစိုက်ပါလားနော်.. ပါရမီလမ်းဆုံ နားလည်းရောက်ရော.. ဒီအတိုင်းဆို မဖြစ်ဘူး.. မဖြစ်ဘူး.. စကားလေးဘာလေးပြောပြီး အာရုံပြောင်းအောင်လုပ်မှဆိုပြီး စကားမရှိစကားရှာရတော့တယ်.. တော်ကြာ နေပြည်တော်မရောက်ပဲ သေပြည်တော် ရောက်နေမှဖြင့်.. ဟုတ်ပေ့ဖြစ်နေမယ်..။

“ကားဆရာ..”
“ဗျာ အစ်ကို”

ခင်ဗျား ကားက တော်တော် ဆွဲတာပဲဗျနော်..”
“ဟုတ်တယ် အစ်ကို CNG လေ အဆွဲကတော့ ကောင်းသလားမမေးနဲ့ ဒါတောင် အကုန်မနင်းသေးဘူး”
ဘုရားရေ ဒါ.. ဒါတောင်.. အကုန်မနင်းသေးဘူးဆိုပါလား..

“ ဟုတ်လား ဓါတ်ဆီထက် ပိုကောင်းမှာပေါ့နော့်”
“ဟုတ်တယ် ဓါတ်ဆီကားထက် ဒီကောင်က အထမြန်တယ်လေ.. နင်းလိုက်တာနဲ့ တန်းပြေးတာပဲ.. ဆီစားလည်း သက်သာတယ်လေ.. ဓါတ်ဆီကား မလိုက်နိုင်တဲ့ဈေးဆို ကျနော်တို့က လိုက်နိုင်တာပေါ့.. တစ်အိုးဖြည့်ထားရင် မောင်းရောပဲ.. ကိုယ့်အတွက် ပိုကျန်တာပေါ့.. အုံနာခ ပေးပြီးရင် တစ်ပုလင်းခွဲလောက်တော့ ကျန်တယ်.. ဆီထုတ်ရတာပဲ စိတ်ညစ်တာ.. မောင်းရတာတော့ကိုက်တယ်.. ဆီဈေးလည်း သိတ်မကြီးဘူးလေ.. ဓါတ်ဆီနဲ့ဆို အစ်ကိုပေးတဲ့ဈေးနဲ့ ဘယ်လိုက်နိုင်မလဲ..”

“အောဟော.. ဒီလိုလား.. ဆီထုတ်ရတာက ဘာလို့ စိတ်ညစ်တာတုန်းဗျ.. မလွယ်ဘူးလား..”
ဆက် ဗျူးထားမှ.. ကားမောင်းတာတော့ နည်းနည်း လျော့သွားပြီ..
“စိတ်ညစ်ဆို တန်းစီရတာလေဗျာ.. တစ်ခါတစ်ခါ ဆီထုတ်ဖို့အရေး တန်းစီရတာ တစ်နေကုန်ရော.. ကားတန်းကြီးကလည်း ရှည်မှရှည်.. ကိုယ်အလှည့်ရောက်မှ မီးပြတ်သွားတာက ရှိသေး.. အဲ့ဒါဆို သေရော.. မီးလာတဲ့ဆိုင် ပြန်သွားတန်းစီရပြန်ရော.. သိတဲ့အတိုင်း ရန်ကုန်က မီးက မှန်တာမှ မဟုတ်တာ..”

“ဟုတ်တာပေါ့.. အင်း.. ”
“ဒီလိုပါပဲ အစ်ကိုရာ ခေတ်ကြီးက မကောင်းတော့ ဒီလိုပဲ လုပ်စားရမှာပေါ့..”
အဲ့..! မဖြစ်ဖူး စကားလမ်းကြောင်း ပြောင်းမှ ခေတ်တွေဘာတွေ ပါလာပြီ.. တော်ကြာ ပြောရင်းပြောရင်း ရင်ဘတ်ထဲက ခံစားချက်တွေ ပါလာတော့မယ်ထင်ပါရဲ့.. ဒီပုဂ္ဂိုလ်ကြည့်ရတာ လေရှည်မယ့်ရုပ်..

“အင်း.. ဒါနဲ့.. ရတယ်နော် ကားဆရာ.. အေးဆေး.. ကျနော် အချိန်ရတယ် နေပြည်တော်ကားက (၇း၃၀) မှ ထွက်မှာ..”
“ခင်ဗျားက အေးဆေးတာ ကျနော်က (၆း၃၀) ကားပြန်အပ်ရမှာဗျ.. မအေးဆေးဘူး အခုတောင် ခွဲဖို့ ၅ မိနစ်ပဲလိုတော့တာ.. ဒီနေ့တော့ ကားအပ်ဖို့ တော်တော်တောင်နောက်ကျနေပြီ.. မဖြစ်ဖူး သွက်သွက်နင်းမှ..”

ဟိုက်..!!! သေပြီဆရာ.. သတိသွားပေးလိုက်သလိုဖြစ်သွားပြီ.. မောင်းပါလေရော မိုင်ကုန်.. အမလေး ကျုပ်အတွက်များ မြန်မြန်မောင်းပေးနေသလားမှတ်တယ်.. ဒင်းအတွက် ဒင်းမောင်းနေတာကိုး.. မှားပါတယ် ကားဆရာရယ်..

အဝေးပြေးကွင်းရောက်တော့ (၆း၃၀) ကျော်ကျော် ပဲရှိသေးတယ်..
“ရော့.. ကားဆရာ ဒီမှာ ၄၀၀၀ ကျေးဇူးပါပဲနော်..”
“ဟုတ်ကဲ့..”

ဟူးး.... အခုမှ အသက်ရှုချောင်တော့တယ်.. Taxi ဆရာတွေ ကားမောင်း ကျွမ်းချက် ရမ်းချက်ကတော့ ကမ်းကုန်ပါတယ်.. သတ္တဝါတွေ ကျန်းမာချမ်းသာကြပါစေဗျာ.. တကယ် တကယ်.. ကံကောင်းလို့ ရောက်လာတာပါ.. အောင်မင်္ဂလာ..။

အောင်မင်္ဂလာ အဝေးပြေးကွင်းကြီးကတော့ ပြည့်ကျပ်လို့ ဂိတ်တွေကလည်းများ ကားတွေကလည်းများ အော်.. လူတွေလူတွေ ဘယ်တွေများ သွားသွားနေကြတယ်မသိ.. လမ်းပန်းဆက်သွယ်ရေး ကောင်းလို့လားတော့မသိဘူး ကားကွင်းထဲမှာတော့ ခရီးသွားပြည်သူတွေ ပွစိတက်နေတာပဲ.. ဟုတ်တော့လည်း ဟုတ်ပါတယ် ရထားတွေကလည်း ညဘက် မထွက်တော့ဘူးဆိုတော့ ကားစီးသူတွေ ပိုများသွားမှာပေါ့..။

အခုမှ (၆း၃၀) ကျော်ကျော်ဆိုတော့ လ္ဘက်ရည်ဆိုင်ထိုင်လို့ ရသေးတယ်.. အေးဆေးပေါ့.. ဟိုကြည့် ဒီကြည့်နဲ့ အချိန်ကို ထိုင်စောင့်နေရတာပေါ့.. လက်မှတ်က သူငယ်ချင်းတစ်ယောက် မှာထားပေးတာလေ.. နေပြည်တော်ကို ၆၀၀၀/- တဲ့ .. Air Con: ပါတဲ့ Express ကားကြီးတဲ့.. ဂွတ်တယ်တဲ့.. အေးဆေးပေါ့.. ငြိမ့်ပြီး လိုက်သွားမယ်ပေါ့..။

(၇) နာရီလည်း ခွဲခါနီးရော.. ကားပေါ် ခရီးသည်တွေ တက်ကြတယ်.. ခရီးသည် အများစုက ကြည့်ရတာ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက် ရန်ကုန်ပြန်လာတဲ့ ဝန်ထမ်းတွေ.. နေ့ချင်းပြန် အလုပ်ကိစ္စသွားမယ့် ကုမ္ပဏီဝန်ထမ်းတွေ များမယ်ထင်တယ်.. ကျနော့်လို ကိုယ်ရေးကိုယ်တာ ကိစ္စနဲ့သွားတဲ့သူလည်း ရှိမှာပေါ့လေ.. ကားပေါ်တက်ထိုင်လိုက်တော့ ကျနော့်ခုံဘေးမှာ ခပ်ဝဝ အန်ကယ်ကြီးတစ်ယောက်.. စကြားရတာကတော့ ကားအင်ဂျင်သံ “ဘရောဘရော..” နဲ့ Air Con: တွေဘာတွေ မဖွင့်သေးလို့.. တံခါးတွေဘာတွေ မပိတ်သေးလို့ ဆူညံနေတာ နေမှာပါလေလို့..။

ဘယ်ဟုတ်မလဲဗျာ... ကားက ဒီတိုင်းကြီးဗျ.. ထွက်သာထွက်လာတာ ဘာ Air Con: မှ မဖွင့်ဘူး.. အင်ဂျင်သံကလည်း “ဘရော ဘရော” နဲ့.. တံခါးမှန်တွေကလည်း စက်သေနတ်ပစ်သလို “ဒက်ဒက် ဒက်ဒက်” နဲ့.. ဘာမှမကြားရတဲ့ မြန်မာဇတ်လမ်းကလည်း ဖွင့်ထားသေးတယ်.. သွားပြီ.. ငါတော့ မှားပြီ.. လက်မှတ်ဝယ်ပေးလိုက်တဲ့ သူငယ်ချင်းကိုလည်း ကျိန်ဆဲနေမိတယ်.. မရောက်ဖူးလို့.. ရောက်ဖူးချင်လို့ သွားမလို့ပါဆို နားနားနေနေ သက်တောင့် သက်သာ သွားချင်တာပေါ့နော်.. ကားကြီးက မသက်သာလိုက်တာ.. အိပ်မရပြုမရနဲ့.. စိတ်ညစ်ပါတယ်ဗျာ..။

ဒီလိုနဲ့ နေပြည်တော်ဆိုတဲ့ မြို့တော်ကြီးဆီကို စိတ်လက်မအီမသာနဲ့ ခရီးဆက်လာခဲ့တာပေါ့..

လမ်းမှာ ထမင်းစား နှစ်ခါနားပြီး.. မှေးကနဲ အိပ်ပျော်သွားလိုက်တာ ဘယ်လောက်ကြာသွားတယ်မသိ ..
“အားလုံးအောက်ဆင်းကြပါ.. မပုတင်လေးတွေ ယူပြီးအောက်ဆင်းကြပါ” ဆိုတဲ့ အော်သံကြားတော့ လန့်နိုးသွားရော.. ဘာပါလိမ့် မပုတင်ဆိုတာ..! အော်ဟော.... မှတ်ပုံတင် စစ်တာကိုး.. ကားပေါ်တက်စစ်လိုက် ပြီးရော.. အောက်ဆင်းခိုင်းနေသေးတယ်.. အိပ်ချင်မူးတူး အောက်ဆင်း မှတ်ပုံတင်ပြ ပြီးတော့ ပြန်တက်.. မပုတင်ကိုလည်း သေချာကြည့်တာမဟုတ်ပဲနဲ့များ.. စစ်နေသေးတယ်.. အိပ်ချင်စိတ်က မပြေသေးတော့ မျက်လုံးလေးပြန်မှိတ်ပြီး ပြန်မှိန်းနေတာပေါ့..။

ခဏလေးလည်း မောင်းပြီးရော.. ရုတ်တရက် စူးစူးရှရှ အလင်းရောင်တွေကြောင့် မျက်လုံးဖွင့်ကြည့်လိုက်တော့... အလိုလေ.. တောကြီးထဲမှာ လင်းထိန်နေပါ့လား.. ဘုရားဘုရား..!! ဘယ်များရောက်နေတာပါလိမ့်..!! မီးတိုင်ကြီးတွေကလည်း အများကြီးပါလား... လမ်းကြီးကလည်း နှစ်လမ်းမောင်း.. အကျယ်ကြီး.. ဖြူးနေတာပဲ.. မှန်တံခါးရဲ့ “တဒက်ဒက်..” စက်သေနတ်ပစ်သံတောင် မကြားရတော့ပါလား.. တိတ်ဆိတ်ငြိမ်သက်လို့.. ကျုပ်တို့ ရန်ကုန်မြို့ကြီးသာ ဒီလိုလင်းထိန်နေရင်.. လမ်းတွေသာ ဒီလိုကောင်းနေရင်... ။

ဘေးက အန်ကယ်ကြီးကို မသိမသာ မေးကြည့်တယ်..
“အန်ကယ် အခု ဘယ်ရောက်နေပြီလဲ..” လို့

“နေပြည်တော်” တဲ့...။

“ဗျာ.......!!! ဟုတ်လားးးးးး...”

ကျနော်လည်း အံသြတကြီးနဲ့ ဟိုကြည့် ဒီကြည့်..


ဆက်ရန်.....

(ကိုရင်နော်)

25 comments:

မောင်ပိစိ said...

ဘယ်သူသွားတာလဲ... ဟဲဟဲ.. ကားလက်မှတ်က ရွှေမန်းသူ ၀ယ်တာမဟုတ်ဘူး.. ပါရမီ ကားကွင်းမှာ စီးရမှာ နောက်ပြီး ၄၅၀၀ထဲ ရယ်.. ကားလည်း ကောင်းတယ်.. အိပ်လို့လဲ အဆင်ပြေတယ်.. ဆရာ အတင်မှားတယ် ထင်ပ... ဟိဟိ.. :P :P

ပြောသာ ပြောသွားတယ် တကယ်မဟုတ်ပဲ ၀တ္ထုဆိုရင် ပိပိတစ်ယောက်တော့ ကွဲဘီ -__-

ဆက်ရန် ဖတ်အုံးမယ်.. မြန်မြန်လေး :D

:P said...

ရွှေမန်းသူ အဲကွန်းကားခယူပြီး ရိုးရိုးကားအစုတ်နဲ့ တင်လွှတ်တာ မကြုံဖူးလို့ ပိစုတ်ပိပြတ်ရဲ့...။ ဘယလောက်စုတ်လဲဆိုတော့ ထိုင်တဲ့ ဆိုဖာပြုတ်ထွက်လို့ တစ်ညလုံး ဖင်လေးတကြွကြွနဲ့ စီးလာခဲ့ရတယ်...။
ကိုရင်နော် စီးမိတာ အဲဒီကားကြီးလားမသိဘူး...။
မြန်မြန်ဆက်ပါဗျို့....။
ဖတ်ချင်နေပါပြီ....။

Anonymous said...

ဟုတ်ပါ့..။ ၆၀၀၀ လည်းပေးရသေး မတန်မရာတွေနဲ့ တင်လွှတ်လိုက်တယ်။ အဝေးပြေး ကားတွေနဲ့ ခရီးခဏခဏသွားဖူးတော့ ကိုယ်ချင်းစာတယ်။ သားတို့တော့ ကြုံဖူးသေးဘူးအဲ့လို။
ဆိုးပါ့နော်...... အိပ်လို့ရောပျော်ရဲ့လားမသိ။
ဆန့်ငင်ဆန့်ငင်ဖြစ်အောင်ဦးနော်က။ တစ်ခါတည်း ရေးလိုက်ဟုတ်ဝူးပြီးအောင်။း(

စိုင်းစိုင်းလားရှိုး said...

တက္ကစီစီးတာက နာရီဝက်မပြည့်ဘူး လေးထောင်၊ အောင်မင်္ဂလာကနေ နေပြည်တော် ခြောက်ထောင် တန်တယ် စီးသာစီး။

Anonymous said...

ဟုတ်တယ်ဗျို့ ရွာမှာက အဲလိုပဲဖြဲခြောက်ရတာ
သွားနေကျမဟုတ်ပေမဲ့လဲ သွားနေကျပဲပြောရ
တယ်ဗျ ဒါကခရီးသည်တိုင်းရဲ့ လက်သုံးစကား
လေးပေါ့ ကားသမားတွေကလဲ ဆီဈေးကြိးလို့
တန်းစီနေရလို့ဆိုတာကလဲ သူတို့ လက်သုံးစကားပဲဗျ။
အော်.... နေပြည်တော်လမ်းနဲ့ မြို့ကြီးပြကြီးလမ်းတွေကွာပုံများနော် လေးစား
အားရစရာပဲနော် ဆက်ရေးဗျို့

Anonymous said...

ဟဲ..ဟဲ.. ကျုပ်တုန်းကလဲ ဂလိုပဲ ကိုရင်ရဲ့... အဲယားကွန်းကားကြီး လွှတ်အေးတာဗျ :P ။ စီးမိတာလဲ နောက်ဆုံးတန်းရဲ့ ရှေ့တစ်ခုံဆိုတော့ကာ ပြတင်းပေါက်အပိတ်ကြီးနဲ့ဗျို့။ အဲဒီတော့ အဲယားကွန်းက ကောင်းကောင်းနဲ့ ထွက်လိုက်တဲ့ချွေးတွေဗျာ.. အကျီ င်္တောင် သုံးထည်လဲလိုက်ရတယ်...နေပြည်တော်ခရီးက ပြောစရာတွေ အားကြီး ကျန်သေးတယ် ဆက်ရန်ဖတ်ပြီးမှ ဆက်ပြောမယ်း)။

အိန္ဒြာ said...

ဟေ့...

တို့မပါဘူးနော်....

နေပြည်တော်ရောက်..။ဆိုင်ကယ်ငှား..
ဘယ်သွား..မှာ.လဲ..မြန်မြန်ပြောတော့လေ...။

(ကားအဆိုက်မှာ...ဆိုင်ကယ်သမားတွေ ဆွဲလားရမ်းလားလုပ်မတတ် ဖြစ်တာလေးလဲထည့်)

မိုးမြင့်တိမ် said...

အဲ ဟဲ ကိုရင်တစ်ယောက်ပျောက်နေတာ လက်စသတ်တော့ သူက နေပြည်တော် ဂိုးနေတာကိုး။ ဆက်ရန်ကို မျှော်နေပါတယ် အကိုရေ...


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

RePublic said...

ကိုရင် ကြီး ရန်ကုန်ပြန်ရောက်နေတယ်ပေါ့ ၊၊ အပြန်ပုလင်းဝယ်ခဲ့ဖို့ မမေ့နဲ့အုံးဗျ ၊၊

ဖိုးဂျယ် said...

အော် နော်ပြည်တေကို သွားနေတာကိုး
ဟုတ်သားပဲ မြိုကတွင်းကနေသွားတာ
၄၀၀၀ ပေးရတယ် မိုင် ၄၀၀ ကျော်ကို ၆၀၀၀ တန်တယ်

တောင်ပေါ်သား said...

ဦးနော်ရဲ့ နေပြည်တော်သွား တောလား လာဖတ်သွားတယ် နေပြည်တော်တောင် မရောက်ဖူးလို့.. ရောက်ဖူးချင်လို့ သွားမလို့တဲ့ ဟား ဟား ဦးနော် နော် ကျနော်တို့ တိုင်းပြည်ရဲ့ နေပျည်တော် ကြီးကအတော်ကို လှပါတယ် မကျည်းပင်တွေနဲ့ ဟဲ ဟဲ စောင့်ဖတ်နေတယ် အပိုင်းတွေ လုပ်ပါဦးဗျို့


လေးစားလျက်
တောင်ပေါ်သား

ကိုစွမ်း said...

တော်သေးတာပေါ့ အပွားကောင်းလို့ ..မဟုတ်ရင် နေပြည်တော်တောင် ရောက်မယ်မထင်ဘူး ဟဟ

Anonymous said...

နောက်အပိုင်းကို စောင့်ဖတ်နေတယ်ဗျို့။ တကယ်ဆို... နေပြည်တော်အ၀င်မှာ လေဒီခေါ်တင်ကာသွားရမှာဗျ...။ :)

NangNyi said...

တောကြီးထဲမှာလင်းထိန်လို့ ဆိုတာ ဖတ်၇တော့ ကြပ်ကုန်းတောင် သတိရသေး.. အင်းလေ တကယ်လည်း ကျပ်ကုန်းပါပဲ

ဆောင်းယွန်းလ said...

သေပြည်တော်ခရီး.အဲလေ.ယောင်လို့.နေပြည်တော်ခရီး
ဆက်ပြီးဖတ်ချင်ပါသေးတယ်.ရီရတာလည်းအူတောင်
တက်တယ်ဗျာ.ရေးတတ်ပါပေ့...

Anonymous said...

ပြည်တော်ပြန်ကြီးရေ..

နင့် Taxi ဆရာကို သာဓုလေးတော့
ခေါ်သင့်ပါတယ်နော်..
သေပြည်တော် ရောက်မသွားဘဲ..ခုလို
စာတွေရေးနိုင်သေးတာ ဘုရားမတာပေါ့ဟယ်..

နင့် ချစ်ချစ်စ် နေကောင်း မကောင်းသွားကြည့်တာပေါ့.. ဟီးးး
ဘယ်လိုလဲ...!!

Express ကားကြီးကလည်း မသက်သာပေလို့ဘဲနော်..
((ဘရော ဘရော))
((ဒက်ဒက် ဒက်ဒက်))
ပေမို့ဘဲ..တော်တော့တယ်..
နင့်စာထဲမှာ အိပ်လိုက်တာဖြင့် သိုးလို့...
ရိရွဲရွဲ နင့်ပုဆိုးတောင် ကပ်ရင်ကံကောင်း..
ဟွန်းးး

သူတို့ဖာသာ မပုတင်ကို သေချာ မကြည့်တာကော နင့်အပူလား..!! ဟီးးး
ကြည့်နေကျ ရိုးနေလို့နေမှာပေါ့ဟဲ့...

တောကြီးထဲမှာ လင်းနေတယ်.. ဟတ်လား..!!
ဘယ်နှစ်နှစ်ခံမလဲ ကြည့်ကြသေးတာပေါ့ဟာ...

ဒါဘဲ... ငါကတော့
လွတ်လပ်စွာကွဲလွဲသည်။
တွေးသည်။
ဝေဖန်သည်။
အ ဟက်... ဆောရီးပါ...

သြော်.. အကောင်းပြောဦးမယ် နားထောင်ဦး
နင်ရေးထားတာ ဖတ်ရတာ ချောနေတယ်..
ဒါအမှန်ဘဲ.. ငါညာဝူးနော်..!!
မြှောက်ဘဲမြှောက်တာ.. ဟက်..ဟက်
ငါလည်း အဲ့လိုရေးတတ်ချင်လိုက်တာ.. :P
လေတွေ ဟပ်သွားဦးမယ်နော်.. ကောင်စုတ်.!!

Anonymous said...

ဟဲ့ ခင်လေးစုတ်...!
ငါ့ဟာငါ.. ငါ့ ချစ်ချစ်နဲ့ သွားတွေ့တာ နင့်အပူပါလား.! ဒီထဲမှာ ဖွစရာလား..!
နင်နော်.. ငါရောက်ခဲ့တာ.. ငါမြင်ခဲ့တာ.. ငါခံစားရတာကို ငါ့ဟာငါ လွတ်လပ်စွာရေးထားတာ အချွန်နဲ့ လာမ မ နဲ့.. သေဦးမယ်.. ဟွင်းးးးးးးးးး...

လာရောက် အားပေးကြကုန်တော်မူသော ချစ်မိတ်ဆွေများခင်ဗျာ.. ဇူးဇူးအထူးပါနော်..
ခင်လေးစုတ် ပြောတာတော့ ချင့်ယုံတော်မူကြပါ..
ဒင်းက အဲ့လိုပါပဲ ကျနော်မျိုးကို ချောက်ထဲ တွန်းချနေကျ.. ဟီးးးး....

chanye` said...

ဟင်း...တို့လို့တန်းလန်းကြီး ရယ်နေတာတစ်ဆို့တစ်ဆို့ဖြစ်အောင်လုပ်တယ် ရယ်နေတာ ပါးစပ်တောင် ဟစိဟစိနဲ့ ကို့လို့ကန့်လန့်ဖြစ်တယ် ။

Kaung Kin Ko said...

ဟားဟား ကျွန်တော်တော့ မရောက်ဖူးဘူးဗျ။

မီးတောင် said...

ဟုတ်ပါတယ်ဗျို့ ။
ရန်ကုန်က တစ်ချို့Taxi တွေက ရိပ်ပါတယ် ။

ရန်ကုန်လေဆိပ်သွားမလို့ တက်ကစီ ငှားတာကို အများကြဲးီတောင်းတယ် ။
အချိန်ကလည်းအရမ်းကပ်နေ ခြေထောက်ကလည်း ခေါက်ထားတော့ နောက်ဆုံးကျ ငှားလိုက်ရတာပါပဲ ။
ပြီးတော့ .............. အဆင်းကျမှ ကြည့်လိုက်တော့ ကားကမီတာနဲ့တွက်ယူတဲ့ကား ကြီး
ပြီးတော့ Meter လဲဖွင့်မောင်းဘူး ။ မီတာနဲ့လဲတွက်ယူဘူး ။
ပိုက်ပိုက်ပေးပြီး ဆင်းခါနီးကျ ဆီသုတ်ထားတဲ့ မျက်နှာနဲ့ပြောသေးတယ် ။ ဘောက်ဆူးအပိုဆောင်းလေး ဘာလေးပေးချင်ဘူးလားတဲ့ ။း(း(း(

Anonymous said...

ကျွန်တော် သွားဘူးတယ်ဗျ မှတ်ပုံတင်စစ်ပြီးရင် ကားတွေမှားတက်တတ်ကြတယ် လူတွေကွဲပြီး ကလေးတွေဘာတွေ ပျောက်တတ်တယ်ဗျ။
ကိုရင်နော်ပြောတာ ဟုတ်တယ် မှတ်ပုံတင်စစ်တာ ကားပေါ်တက်စစ်လိုက်ရင်ပြီးရောဗျာ။

ဖတ်လို့ကောင်းတယ်ဗျာ မြန်မြန်ဆက်ရေးပါ။ နေပြည်တော်ရောက်တော့ ဘာတွေဖြစ်သေးလဲ။

အားပေးနေပါတယ်ခင်ဗျာ။

အရုပ်ကလေး said...

ပို့စ်လေး ဖတ်ရင်း နေပြည်တော်သွားဖူးတော့ မျောသွားသလို အစ်ကိုနဲ့ အစ်မ ရေးတာတွေဖတ်ပြီး
ရီချင်လို့ ရီသွားတယ်နော် .. ဟိဟိဟိ

အရေးအသားကတော့ ကောင်းတယ်ခင်ဗျာ
ဆက်လက် ဖတ်ဖို့မျှော်နေမယ်

ဇင်ယော် said...

ခရီးသွားရင် အဲဒီ မပုတင် ခဏခဏ ဆင်းပြရတာ အိပ်ရေးပျက်လိုက်တာဗျာ။ တခါတလေကျရင် ယောက်ျားလေးတွေ မပုတင်ကိုင်ပြီး ဆင်းခဲ့ပါဆိုတာက ရှိသေး။ အဟဲ ဘာပဲပြောပြော Transporter ဇာတ်ကားထဲက ဖီလင်လေး ရန်ကုန်မှာ ရလိုက်တယ်ဆိုတော့ တန်ပါတယ်ဗျ :P

pandora said...

တကယ်ကြီး သွားတာလား
ဆက်ဖတ်မယ်

Anonymous said...

ဟုတ်တယ်ဦးနော်ရေ ...... ရွာက taxi တွေက ကောင်းသလားလို့ မမေးနဲ့ ဦးနော်သွားတဲ့ အချိန်တော်သေး မိုးတွင်းများလို့ကတော့ မိုးတောင်ယိုသေးး) အောက်ကိုငုံကြည့်လိုက်ရင်လည်း အပေါက်ကြီးနဲ့ လမ်းမကြီးကို တ၀ှီးဝှီးနဲ့ မြင်နေရတယ်။ အသည်းယားစရာကြီးး))

Express ကားကြီးကလည်း ဆိုးပါဘူး။ မြို့ထဲကနေ အဝေးပြေးကို ၄၀၀၀ ပေးရတာ ရန်ကုန်ကနေ နေပြည်တော်ကို ၆၀၀၀ ဆိုတော့ တန်ပါတယ်နော်။း) တော်သေးတယနော် ဦးနော် အဲဒီကားပေါ်မှာ ယောင်ပြီး ဘေးကအန်ကယ်ကြီးကို မထုလိုက်လို့။း)) ရောင်တတ်လို့လေ ...

အင်း ...... အဲလိုပဲ မပုတင်တွေကတော့ မြင်နေကြဆိုတော့ သိပ်လိုဘူးလေ။ ပန်းရောင်ကပ်လေး ပြလိုက်တောင်ရတယ်။ ဟီးဟီး

မရောက်ဘူးတော့ တောထဲမှာ မီးလင်းနေတာတော့ သိဘူးဦးနော်ရ။ တောမီးလောင်တာပဲ မြင်ဘူးတာ။ ဦးနော် အမြင်မှားတာနေမှာပါ။ မီးလောင်နေတာဖြစ်မှာပေါ့။း))

တောင်တလုံးမှာ ရုံးတရုံးတည်ထားတာနေမှာပေါ့။ ဒီလောက်ဝေးတာ နော့်။း) အော် သူတို့လည်း နောက်ဖေးပေါက်ရှိတယ်နော် .... ဒါမှ အ၀င်အထွက် လွယ်ကူမှာကိုးးးးးးး ။း)

နေပြည်တော်ကြီးနဲ့ ရွေပြည်တော်ကြီး (ရန်ကုန်) ကို မျက်စိထဲ နှိုင်းယှဉ်မြင်ယောင်ပြီး အီလည်လည်ကြီး ဖြစ်သွားတယ်။

ဦးနော်အရေးအသားကိုတော့ ချီးကျူးသွားတယ်ဗျို့ ....
ပိုစ့်လေးပုဒ် စလုံးစာကို တခါတည်း မန့်သွားတယ်။း))

လေးစားလျှက်
မေတ္တာရောင်ပြန်