Sunday, March 22, 2009

လမ်းခွဲ

ဘာမှမရှိတော့တဲ့ ငါ့ဆီမှာနောက်ထပ်မင်း
တောင်းဆိုချင်သေးလား... ပေးမယ်....
မင်းဓါတ်ပုံအပိုင်းအစလေး...

သိမ်းထားမနေနဲ့ ငါ့ဓါတ်ပုံလည်း မင်းငါ့လိုသာ
ပြစ်လိုက်ပါတော့... ဝေးပြီ....
ငါ့အသည်းလည်း တစ်စဆီကွဲ....

((..အချိန်တွေအကြာကြီး မင်းနဲ့ငါ ချစ်ခဲ့ကြတယ်
လမ်းခွဲရတယ် ဘယ်သူ့အချစ်မျိုး ဘယ်လိုထူးလဲ
နောက်တစ်ယောက် အသစ်ရှာ ချစ်သွားလား

ငါခံစားခဲ့ရတဲ့ နေ့တွေဟာ တဖြည်းဖြည်း မင်းအနား
ရောက်လို့လာလား ငါမြင်နေကြ အရင်လို အပြုံးတွေ
ပြုံးပြဖို့တော့ မင်းအားတင်းထား....))

ထားခဲ့ရက်သူအတွက် မေ့ဖို့လည်း ကြိုးစားလို့
ငါနေရတုန်းပဲ... မင်းမသိတော့တဲ့ အဖြစ်များ

ဒီစိတ်ကူးတွေနဲ့ အိပ်မက်တွေလည်း စက္ကန့်တွေနဲ့
နေ့ရက် အချိန်တိုင်းလဲ မင်းပဲ ငါအဆုံးသတ်လိုက်ချင်ပြီ

((.............))

ဆံခြည်တစ်မျှင်တောင် မင်းကိုငါလေ မမေ့နိုင်ပါ
ရင်မှာထင်ကျန် ပုံရိပ်တွေပြန်ယူသွား ဟိုး.....

((.............))

ငါမြင်နေကြ အရင်လို အပြုံးတွေ
ပြုံးပြဖို့တော့ မင်း... အားတင်းထား

(ဖိုးကာ)

ဖိုးကာ ရဲ့ တိုးတိုးလေးပြောပါ Album ထဲက သီချင်းလေးပါ...
ဒီနေ့ ခင်လေး ရင်ထဲကခံစားချက်နဲ့ တိုက်ဆိုင်လို့
ကြိုက်သွားမိတာပါ......။

(ခင်လေးငယ်)



8 comments:

Anonymous said...

သီချင်းတစ်ပုဒ်နဲ့ ဒီနေ့....

လမ်းခွဲကြဖို့ ပြောချင်နေမိလို့....

ဘလော့ခ်လေးပေါ်မှာ ရင်ဖွင့်လိုက်တာပါ....

ငါမြင်နေကြ
အရင်လို
အပြုံးတွေ
ပြုံးပြဖို့တော့
မင်း......
အားတင်းထား

မောင်bee said...

အရမ်းခံစားသွားတယ် ဗျာ။အ နော် ဖိုးကာ fan ဗျ။ :P

Anonymous said...

ဟေ့ယောင် အပျင်းမ..!
ရေးဖို့ အပျင်းကြီးပြီး သီချင်းတွေ လျှောက်တင်နေတယ်ပေါ့.. ဆားချက်တာပေါ့လေ.. ဟုတ်လား..
ငါလည်း တင်ဦးမှာ.. ကြည့်နေ..

အိုင်လွယ်ပန် said...

သီချင်းနားထောင်သွားတယ်ဗျ :)

ဆောင်းယွန်းလ said...

ဖတ်ရင်းနဲ့ ကဗျာက ဘယ်လိုကြီးပါလိမ့်လို့ တွေးနေရင်း
ပြီးခါနီးမှ ဖိုးကာရဲ့သီချင်းဆိုတာ သိလိုက်ရတယ် ညီမရေ

မိုးခါး said...

အိမ်ပြန်ရောက်မှပဲ နားထောင်ရတော့မယ် ..

Anonymous said...

သီချင်းလေးနားထောင်သွားတယ် ခင်လေးရေ့ ကောင်းတယ် ခံစားချက်တွေတိုက်ဆိုင်နေတယ်ဆိုတာတော့
မကောင်းဘူးနော့် ခံစားရတာ သက်သာမှာမဟုတ်။

Moe Myint Tane said...

ဘ၀တွေဟာ သီချင်းထဲက အတိုင်းလောက်တော့ ဘယ်လွယ်ကူပါ့မလဲလေ။

ဟုတ်ဘူးလားးးးးးးးးးလို့ ။



စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်