Tuesday, March 24, 2009

အမိုက်စား ဝါသနာလေးများ


ငယ်ငယ်က ဝါသနာ... အင်း.... ဘာများပါလိမ့်...!!
တိမ်တွေအုံ့ပြီး ညို့လာရင် ရင်မှာ တမျိုးကြီးပဲ.. အဲ့ဒါ ဟိုးငယ်ငယ် ကလေးလေး ဘဝကတည်းကပါ... စာမဖတ်တတ်ခင် အရွယ်တုန်းကတော့ စားပွဲတွေ ခုံတွေအောက်ကိုတိုးဝင်.. ဒါမှမဟုတ် အခန်းထောင့်လေး တနေရာရာမှာ ငြိမ်ငြိမ်လေး ထိုင်နေတတ်တယ် လို့ မေမေက ပြောဖူးပါတယ်... စာလေးတစ်လုံး နှစ်လုံး ဖတ်တတ်ချိန်ရောက်တော့ တွေ့ရာစာအုပ်လေး တစ်အုပ်ကို ဆွဲယူသွားပြီး ကုတင်ပေါ်မှာ ကွေးကွေးလေး ငြိမ်နေတတ်ပြန်ရော.. လက်ထဲက စာအုပ်ကိုလည်း မလှန်ဘဲ မှန်ပြတင်း အပြင်က တိမ်တွေကို ငေးငေးနေတတ်တဲ့ ဝါသနာလေး ရှိခဲ့ဖူးပါတယ်...။

ကလေးမက လူကြီးလည်းမကျ အရွယ်လေးရောက်လာပြန်ပြီ..!!
ဝါသနာအရ ပြောရမယ် ဆိုရင်လည်း ကလေးလေး တုန်းကနဲ့ ထူးမခြားနားပါပဲ... သိပ်မလည် တတ်ခဲ့ဖူးပါဘူး.. သူငယ်ချင်းတွေက လာခေါ်တိုင်းလည်း သူတို့တွေ စိတ်ညစ် လက်လျှော့ပြီး ပြန်သွားရတတ်တာက ခပ်များများရယ်ပါ။ သီချင်းတွေ နားထောင်တတ်လာတယ် ဂစ်တာလေးစ တီးတတ်လာခဲ့ပြီ... နောက် ကဗျာစာအုပ်တွေ ဝတ္တုတွေ ရည်းစားစာတွေ..(ဟီးး) ဖတ်တတ်လာတာပေါ့... ပြီးတော့ ရာသီဥတုတွေကို ရင်မှာ ပိုခံစားတတ်လာတယ်..။ မိုးရွာတာကို ကျွန်မ မုန်းတယ်.. မိုးတွေမရွာခင် ပြိုအိဆင်းလာတဲ့ တိမ်တိုက်တွေကို ငေးကြည့်ရင်း ဂစ်တာလေး တီးနေရတဲ့ ဝါသနာကို ကိုယ် ကိုယ်တိုင် အရမ်းသဘောကျမိတာပါ...။

တစ်ယောက်တည်း သွားရလာရတာမျိုး ကြိုက်တဲ့ ဝါသနာ ကျွန်မမှာရှိတယ်.. တော်ရုံတန်ရုံ အဖော်တွေနဲ့ မသွားတတ် မနေတတ်ပါဘူး.. ရှော့ပင်းသွားရင်လည်း တစ်ကိုယ်တည်း သွားချင်တာ.. ဘေးမှာ သူငယ်ချင်း တစ်ယောက်ယောက် ပါလို့ သူ့ကို အားနာပေးရတာမျိုး သဘောမကျပါဘူး..။ ငေးချင်ရာကို ငေးမယ်.. လိုချင်ရာကို ဝယ်မယ်.. တစ်နေရာရာမှာ တစ်ယောက်တည်း ထိုင်ချင်ထိုင်နေမယ်.. အချိန်တွေကို မေ့ထားတတ်တဲ့ အကျင့်ကြောင့် နာရီကို ခဏခဏ ငုံ့ကြည့်တတ်တဲ့ သူငယ်ချင်းမျိုးနဲ့ ခပ်ဝေးဝေးမှာ နေတတ်တယ်..။ ဆူဆူညံညံ နေရာတွေမှာ သွားထိုင်ဖြစ်ရင်လည်း တစ်ယောက်တည်းပါပဲ.. ခပ်မိုက်မိုက်ပေါ့ ဘာဖြစ်လဲနော့...!! အသေချာဆုံး ဝါသနာကတော့ တစ်ယောက်တည်း ထင်ရာကျဲခြင်းပါပဲ...။

နောက်တစ်ခုကတော့... အင်မတန် အအိပ်မက်ပါတယ်..။ အပျင်းထူ အအိပ်ပုတ်တဲ့ ဝါသနာ အကြီးကြီး ရှိပါတယ်... ကျွန်မ အအိပ်မက်ရခြင်းမှာ ခိုင်လုံတဲ့ အကြောင်းပြချက်တွေ ရှိနေတယ်..။ ကျွန်မလား...!! ဟုတ်..!! စိတ်အရမ်းညစ်လာရင် အိပ်ပါတယ်.. တစ်စုံတစ်ရာကို သေမလောက် လွမ်းဆွတ် တမ်းတလာရင်လည်း အိပ်ပါတယ်.. အတိတ်ဆိုတာတွေ ခေါင်းထဲရောက်လာရင်းလည်း အိပ်လိုက်ပါတယ်.. မနက်ဖြန်ဆိုတာကို ကြိုမတွေးချင်ရင်လည်း အိပ်ပစ်လိုက်ပါတယ်..။ ခံယူချက်ကတော့ အိပ်ပျော်သွားရင် အရာအားလုံးကို တစ်ခဏတော့ မေ့သွားနိုင်လို့ပါ။ ဒါပေမယ့်.. မထင်မှတ်ပဲနဲ့ မအိပ်ခင် အတွေးတွေကိုစွဲလို့ အိပ်မက် မက်တတ်တာကတော့ ချွင်းချက်ပေါ့လေ.. အိပ်မက်တွေ နှိပ်စက်ရင်တော့ သိပ်သိပ်ကို ကြောက်ဖို့ကောင်းပါတယ်...။

လောလောဆယ် ဝါသနာကို ထပ်ပြောပြဦးမယ်... အားလုံးသိကြတဲ့အတိုင်း ဘလော့ဂ် ကိုက်နေပါတယ်။ မယ်မယ်ရရ မဟုတ်တဲ့ စာတိုပေစ ကဗျာမကျ ဘာမကျ အထာမကျတွေ လျှောက်ရေးနေမိတာပါပဲ... ရင်ဘတ်ထဲက အမှန်အကန်တွေ ဘလော့ဂ်လေးပေါ်မှာ အန်တယ်.. တစ်ခါတလေတော့ ဘလော့ဂ်လေးဟာ ကျွန်မအတွက် အန်ဖတ်ပုံးလေး... အိပ်မရတဲ့ညတွေမှာ စာမူး မူးပြီး ခေါင်းမဖော်နိုင်အောင် အန်ချင်လာတိုင်းလည်း ဘလော့ဂ်စာမျက်နှာလေးက အဖုံးလေးကို ကြည်ဖြူစွာ အဆင်သင့် ဖွင့်ပေးထားတတ်သေးတာ..။ ဒီလိုနဲ့ပဲ နေ့စဉ်ညတိုင်း အန်ဖတ်ဆို့မတတ် အန်အန် နေတယ် ဆိုပါတော့..။ တစ်ခါတလေတော့ သူက သိပ်သဘောထားကြီးပြီး သိပ်ချစ်ဖို့ကောင်းတဲ့ ရင့်ကျက်နေတဲ့ အမျိုးသား တစ်ယောက်လိုပဲ.. ကျွန်မအနွံတာတွေကို ခံပေးနေတတ်တယ်.. ဘလော့ဂ်လေးအပေါ်မှာ အတ္တကြီးကြီးနဲ့ ဆိုးချင်တဲ့ ဝါသနာကြီး တွယ်ကပ်နေတာ တော်တော်လေး ဆိုးပါတယ်.. ။

ကျွန်မ တကယ် မကောင်းပါဘူး..။ အခု.. လောလောဆယ်တော့ သူ့အပေါ် အနိုင်ယူပြီး ဆိုးတတ်တဲ့ ဝါသနာကြီးကို ခဏရပ်လိုက်ပြီး သူ့ကို စိတ်ပြေလက်ပျောက် အနားလေး ပေးလိုက်ပါဦးမယ်...။

ကယ်.... ဝါသနာအရ ကျွန်မ တစ်ရေးတမော အိပ်လိုက်ပါဦးမယ်.... :P

ပေစောင်းစောင်း ရိုက်ချက်ဆရာ မယ်မျိုးမျိုး (မောင်မျိုး) က Tag ထားတဲ့ ဝါသနာလေးများ ဆိုတဲ့ Tag Post လေးပါ..။ ကိုမျိုးရေ... ရေးလိုက်ပြီ ကျေနပ်တော့နော့... ဟဲ.. ဟဲ..!! ခုတော့ ခင်လေး အိပ်လိုက်ဦးမယ်.. နေ့သမား မောင်နှမ ဆရာသမားများ ဂွတ်နေ့(စ်).. ညသမား မောင်နှမ ဆရာသမားများလည်း ဂွတ်ည(စ်)လို့ နှုတ်ဆက်လိုက်ပါတယ်... အားလုံးဘဲ တာ့(စ်) တာ ပါနော်....!!

(ခင်လေးငယ်)

25 comments:

စိုင်းစိုင်းလားရှိုး said...

ခင်လေးက အရေးကောင်းပဲ...! နောက်များမှ တက်ဂ်ရဦးမယ်...

:P said...

သာမီးတို့ ကသူ့အန်ဖတ်တွေ လာလာရှု့နေရတာပေါ့..
သွား.. ကောင်းဘူး.. လူဇိုးလေး..
(နဖူးကို လက်ညှိုးလေးဖြင့် တွန်းလျှက်ပြော)

Anonymous said...

ဟယ်........

ရုပ်လေးလှသလောက်..
ညစ်ပတ်တယ်....

ငါ..တို့ က အန်ဖတ်တွေလာလာကြည့်နေရတာပေါ့..
ဒါဆို...

((((((ဝေါ့))))))

မိုးမြင့်အောင် said...

အရမ်းတူတယ်ဗျာ။ အမှန်အကန်တွေချည်းပဲ အန်ချခွင့်ပေးတဲ့ ဘလော့(ဂ်)အတွက် ဘလော့(ဂ်) များနေ့တောင်လုပ်သင့်တယ်။

Anonymous said...

ဝါသနာတွေက အရင်ပို့စ်ဟောင်းတွေမှာထဲက မှန်းမိထားတား) ခုတော့ ပိုသိသွားပြီး ။ အိပ်တာတော့ တူတယ်ဗျို့ ကျနော်လည်း စိတ်ညစ်လည်းအိပ် ပျော်လည်းအိပ် အိပ်တာ ကျန်းမာရေးလည်းကောင်းတယ်တဲ့ ဟဟားး။ ရေးပေးတာ ကျေးဇူးပါဗျို့ ။

မိနော် အကြွေးကျန်သေးသည် :P

Anonymous said...

ခင်လေးစုတ်...

နင်ဟာလေ.. ဘလော့ကိုများ အန်ခွက် မှတ်နေလား... ငါကတော့ ဘလော့လေးကို လှအောင် ကြည့်ကောင်းအောင် အမျိုးမျိုးလုပ် နင်က အန်ချ .. ကောင်းလား အဲ့ဒါ.. ကြည့်လေ စာဖတ်သူတွေ အားနာစရာ နင့် အန်ဖတ် လာလာကြည့်သလို ဖြစ်နေရောပေါ့.. ငါ မပြောလိုက်ချင်ဘူး.. တယ်..!

အမယ်အမယ် ဘာတဲ့ “တွေ့ရာစာအုပ်လေး တစ်အုပ်ကို ဆွဲယူသွားပြီး ကုတင်ပေါ်မှာ ကွေးကွေးလေး ငြိမ်နေတတ်ပြန်ရော..” ဆိုပါလား... နင့်လောက် ကစား မက်တာ နင်ပဲရှိတယ် အပေအတူး စပ်စလူးမရဲ့..

အရပ်ကတို့ရေ လုပ်ကြဦး ဒင်းပြောတာ ဗြောင်းဗြန်တွေ.. ကျုပ်က ဒင်းနဲ့ ငယ်ငယ်ထဲက အတူတူ ကစားလာတာ ဒင်းအကြောင်း ကျုပ်အသိဆုံး.. မျောက်မူးလဲမကများ ငြိမ်ငြိမ်လေးနေတယ်လေး ဘာလေးနဲ့..

နင် တစ်ယောက်တည်း သွားရမှာပေါ့.. နင့်နောက် ဘယ်သူမှ မလိုက်ချင်တာ ငါအသိဆုံး.. နင့်လို တောင်ငေး မြောက်ငေး ဘယ်သူမှ စိတ်မရှည်ဘူး.. သူကပဲ သူများနဲ့ မသွားချင်ဘူးလေး ဘာလေးနဲ့..

အမယ် အမယ်.. အိမ်မလည်ဘူးလေး ဘာလေးနဲ့ နင့်လောက် အိမ်တကာလည့် အတင်းတုတ်နေတာများ.. ငါတောင် နင့်ကို ခင်လေးတုတ်လို့ ခေါ်တတ်သေးတယ်လေ.. ဒါများ.. မသိရင် အိမ်တွင်းပုန်းလိုလို ဘာလိုလိုနဲ့.. အလိမ်မ..!

အိပ်အိပ် သေအောင်အိပ်..

ငါကွ.. (လူသိအောင် တွယ် လိုက်ရပြီ) ဟီးး
မှတ်မိလား ငါ့ကို တွယ်ထားတာလေ အခု ငါ့အလည့်.. :P

နင့်ဘော်ဘော်ကြီး
ကိုရင်နော်

Moe Myint Tane said...

ဟယ် လက်ဖျားခါတယ်ဟယ်...သိလားးး..
မိနော်မ မလေးက တော့အန်ချကုန်ပြီ..ညဉ်းကော မအန်ဘူးလား...ကောင်းပါတယ် ကိုယ့်ဘလော့ခ်ကိုယ်
မူးအန်တော့..ရှင်းမယ့်လူရှိတယ်...မိနော်မ လာစမ်းဒီနားကို..အမယ် အမယ် လန်တန်တန် ပျံတန်တန်နဲ့...တီးလိုက်ရလို့ သောတတွေ ရေဆေးပစ်လိုက်ရမယ်..ဟွန်း..မလေး အန်ထားတာတွေ ရှင်းလိုက်ဦး..မလေးရေ..အိပ်လွန်း
ရင်လည်း မကောင်းဘူးနော်..visit myanmar year ရုပ်လိုဖြစ်နေမယ်နော်..ကျန်းမာရေးအတွက်လည်း မကောင်းဘူး...နောက်တစ်ခါ ဘလော့ခ်လာရင်တော့ နှာခေါင်းကာလေး တပ်လာရမယ်..မိနော်မ သေသေချာချာ အလုပ်လုပ်နော်..ဟွန်း ။

ပြောချင်ဘူး ပြောချင်ဘူး ပြောကိုပြောချင်ဘူး
(ဒေါ်မြလေး အသံဖြင့်ဖတ်ပါရန်)


(ခင်မင်သဖြင့် စနောက်ခြင်းအား စိတ်မဆိုးသောသူသည် မိတ်ဆွေကောင်းပီသ၏တဲ့ ဟီးးးး)


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Anonymous said...

ကိုမိုးမြင့်တိမ် ရေးထားတာ ဖတ်ပြီး အော်ရယ် သွားတယ်ဗျို့ ဟီးးဟီးး)

သက်ပိုင်သူ said...

ဟေး.. မိပြီ တရားခံ။ ဆင်ဆင် အနော့်အိမ် လာလည်တိုင်း အန်ဖတ်စော်တွေ နံပြီးကျန်ခဲ့တာ မမခင်လေးလက်ချက်ကြောင့်ကိုး။ နောက်ဆို ဆင်ဆင် အိမ်လာရင် ရေချိုးခဲ့... ဂွိ

Anonymous said...

အင်း.. အမြင့်ကတော့ ၀ုန်းသွားပြန်ပြီ...
ဒီမှာလဲ မငယ်ကြီး အံဖတ်တွေ မြင်ပြီး...((ဝေါ့)) (ပြောရင်းတောင် ပျို့လာတယ်) ကိုယ်လဲ အံအုန်းမှလို့ တွေးမိတာပါ..။

မိနော်ရေ.. အားတဲ့အခါ.. ပိုကာလေးဆွဲရအောင်.. ဘီအီးလေးပါ ၀ယ်ခဲ့အုံး။ အမြင့်က အပုန်းမဟုတ်တော့ဘူး အ၀ုန်းဖြစ်နေပြီဆိုတော့ ဘီအီးလည်း ဆွဲမယ့် သဘောမှာရှိတယ်။ :D

Sein Lyan Tun said...

ဝါသနာ လေးကမှတ်သားစရာပါလားနော်...အဟီး..
ကိုရင်နော် ပြန်ဖွတာ ဂယ်လား မခင်လေး...
ဝါသနာ ကိုပြောင်းပြန်အချိုးနဲ့ ဖတ်ရမလားလို့ ....
အဟီး..
ဘာဖြစ်ဖြစ် ကောင်းတဲ့ဝါသနာလေးပါ...
အိပ်တာကိုပြောတာနော်..
ခင်မင်လေးစားတဲ့
ဖိုးစိန်

အိုင်လွယ်ပန် said...

အင်း...

ကိုရင်နော်ကတော့
ကိုရင်ဖော် လုပ်သွားပြီ ...

ကောင်းသောနေ့မခင်လေးရေ ....

MANORHARY said...

ခင်လေးဝါသနာပြီးတော့ ကိုရင်နော်အလှည့်လေ..သူဆက်ရေးရင် ခင်လေးကပြန်ပြောပေါ့..း)

မိုးခါး said...

ဟားဟားဟားလို့ရီသွားပါတယ် .. အကုန်ပေါ်ကုန်ပြီ .. ညီမလည်း လာရှုသွားကြောင်း :D:D

Anonymous said...

Hello Khinlaynge;

နောက်ဆုံးတော့ ဝါသနာ=အိပ်စက်ခြင်း
sweet dreams to you @ days or nights.

Anonymous said...

ကိုရှင်နီတွတ်...
နှိပ်စက်ဖို့ကြံနေတယ်ပေါ့... ဒီမှာ အိပ်ပျော်နေတယ်နော်.. ဟီးး

ဒါကြီး နဲ့ မကြီးနော်...
မီးမီးအန်တာ နံဖူးဘဲ ဂယ်ပြောတာ
နှင်းဆီနံ့လေးတွေတောင်မွှေးလို့ပါနော်.. (((ဝေါ့))) ရဝူးနော် :P

ကိုမိုးမြင့်မောင်ရေ...
ဘလော့ဂ်များနေ့ သတ်မှတ်မှ အန်ဖို့ စုထားဦးမယ်.. ဟက်

အိပ်ပုတ်မ မယ်မျိုး...
တို့မောင်နှမက ဝါသနာတူတယ်နော့.. သွေးစည်းပါ..

သေနာ ငမူး ငရင်နော်...
ထွေထွေထူးထူးတော့ ဘာမှမပြောတော့ပါ.. ငါ့ကို နံမည်ဖျက်တဲ့ နင့်ကိုတော့
ဘဝအဆက်ဆက် ကမ္ဘာမကျေပဲ.. ကောင်စုတ်

အမြင့်ရေ
အဲ့ကောင်မ မိနော်ကို သတိထားပေါင်းပါ..။

သက်ပိုင်သူရေ...
အန်ဖတ်က နှင်းဆီနံ့လေး မွှေးပါတယ်
မောင်လေးရယ်.. ဟီးး

မိုးမိုးနော်...
သူ့ဖာသာ မူးပြီး အန်ချင်တိုင်း ရောချရဝူးလေ..
ကြောင်ကြီးကိုက်လိမ့်မယ်... :P

ကိုဖိုးစိန်ရေ..
ဒင်းဖွသမျှတော့ ကြည့်ယုံနော်.. ဂယ်ဟုတ်ဖူးရှင့်

ကိုအိုင်...
သူဖော်တာ ယုံနဲ့.. ကောင်းသောနေ့မှာ အိပ်စက်နေပါသည်..။

မနော် ရေ...
ဒင်းအလှည့်ရေးလို့ကတော့ ဒင်းတော့နာပြီသာမှတ်..
ခင်လေးတေးထား၏။

မိုးခါးလေးရေ...
ငမူးက မူးတိုင်း ပေါက်တတ်ကရ ပြောနေကြ ယုံရဝူးနော်
ဒါဘဲ... :)

အမည်မဖော်လိုသူ...
မှန်၏.. အိပ်၏... နေ့ရော ညပါ Sweet dream ချင်ပါ၏။

လွမ်းသုရင် said...

မမခင်လေးရဲ့ ၀ါသနာနဲ့ စိမ်းစိမ်းတော့ ၉၀ရာခိုင်နှုန်းတူနေပြီ.. ဟဲဟဲ

ဘလော့ဂ်တကာလိုက်ပြီး ၀ါသနာတွေလိုက်ကြည့်နေတာ... ရှောင်ရန်ဆောင်ရန် သိအောင်လို့ :P

သက်တန့် said...

မမခင်လေးရဲ့ အန်ဖတ်များကို လာရှူစားသွားကြောင်းပါ... :)

ကောင်းကင်ပြာ said...

ဝါသနာ ပါတာလေးတွေလာမှတ်သွားတယ်

တောင်ပေါ်သား said...

ထင်တော့ထင်သား ဒီဘလော့မိသားစုဆီ လာလည်ရတာ အန်ဖတ်နံ့တွေ နံနေပါတယ်လို့ ထင်သာက ဦးနော် မူးပြီးများ သောင်းကျန်းပြီး အန်ထားလားလို့ လတ်စသတ်တော့ တီငယ် လက်ချက်ကို အဟား ပျော်ရွှင်ပါစေ တီငယ်ရေ


လေးစားလျက်
တောင်ပေါ်သား

pandora said...

ဟဲဟဲ
အိပ်တာဝါသနာပါတာချင်း တူသားပဲ
အားတော့လည်းအိပ် မအားတော့လည်း စိတ်ရှုပ်လို့အိပ်

မမသီရိ said...

တယောက်တည်းငေးတာ.. ၀ါသနာ ပါသတဲ့ လား ညီမလေး
တယောက်တည်းငေးတော့.. အတွေးလေးတွေ ထွက်တာပေါ့ နော်

ဆူးရင့် said...

မခင်လေးငယ်ရေးတဲ့ ၀ါသနာလေးကလည်း တစ်မျိုးလေးဖတ်လို့ကောင်းတယ်ခင်ဗျ။ ကျွန်တော် နှာခေါင်းလေး ပိတ်ပြီးဖတ်သွားပါတယ် ခင်ဗျာ။


ဆူးရင့်

Unknown said...

ရီချင်လို့ တကူးတက လာပြီး စာကြွေးတွေ မြေလှန်ဖတ်နေတာ။ မခင်လေး ၀ါသနာကိုသိလိုက်ရပြီ။ ဟိုလူ ကိုရင်နော်တို့ ၊ကိုမိုးမြင့်တို့ comment က ရေရေလည်လည် သိုင်းထားတာ ရီရတယ်။

SAK NAY WOON said...

မ... ရေ မွန်လဲလာဖတ်သွားတယ်... ငါ့အမကြောင်းလဲသိနေတော.ကိုရင်နော်ပြောတာနဲ့အသူ့စကားကိုယုံရင်ကောင်းမလဲစဉ်းစားနေတာ... နှစ်ခုလုံးကမှန်နေသလိုဘဲလို့... ဟီးဟီး