Monday, April 6, 2009

“ကြယ်နှင့်မျောက်ပေးစားလိုက်ခြင်း”

ခေါင်းစဉ်ကြည့်လိုက်ရင်တော့ ကိုရင်နော် တစ်ယောက် ပေါက်ကရ ရေးပြန်ပြီလို့ ထင်ကြမပေါ့...။ အင်း.. ရေးတော့ ရေးချင်သား.. အခုတော့ ပေါက်ကရ ရေးဖို့ အသာထားလို့ ပေါက်ကရ အလုပ်ခံရတာလေး အရင်ရေးဦးမှ.. ထူးတော့ မထူးပါဘူးလေ ဒါသည်လည်း ပေါက်ကရ ရေးခြင်းပါပဲ....။

ဒီလိုပါ ကျုပ်ရဲ့ ပေါက်တီးပေါက်ရှာ ခပ်ညံ့ညံ့ တစ်လုံးကဗျာ လေးတွေ မှတ်မိမယ်ထင်ပါတယ်.. စိတ်ကူးပေါက်ရာ ရေးရင်း ကဗျာဖြစ်သွားရတဲ့ ကဗျာလေးတွေပေါ့.. အဲ့ဒီကဗျာလေးတွေထဲကမှ “က” နဲ့ “မ” အက္ခရာကို “ကြယ်ကြွေကကြိုး” နဲ့ “မျောက်မင်းမိုက်” ဆိုပြီး ရေးလိုက်တယ်.. ဟိုတလောလေးက ရေးဖြစ်ခဲ့တာပေါ့..။ မျောက် ကတော့ မျောက် အကြောင်း.. ကြယ်ကတော့ ကြယ် အကြောင်းပါ.. (ရှင်းသွားတာပဲ) အကြောင်းအရာလည်း မတူပါဘူး.. အဓိပ္ပါယ်လည်း မတူပါဘူး.. ကဗျာ ကလည်း နှစ်ပုဒ်ပါ..။

အဲ့ဗျာ မထင်မှတ်ပဲ အဲ့ဒီ ကြယ်နဲ့မျောက်က အနေနီးလို့ ပဲလား... မေတ္တာသက်ဝင် သွားကြလို့ပဲလားတော့ မသိပါဘူး.. ကျုပ်မသိပဲ ခိုးရာ လိုက်ပြေးရောဗျို့.. ကျုပ်လည်း မသိဘူးဗျ.. ကြယ်နဲ့မျောက် အမျိုးလည်း မတူ.. အဓိပ္ပါယ်လည်း မတူ.. ဘယ့်နယ် ပါလိမ့်လို့.. ဟုတ်တယ်ဗျို့ တကယ် တကယ်.. အမယ်.. ကြယ်နဲ့မျောက် ပေါင်းထားတဲ့ နာမည်လေးတောင် ပေးထားသေးတယ် ကျုပ်လည်း အံ့တော့ အံ့သြသွားတာပေါ့...။

ကျုပ်မျောက်ကတော့ ကျုပ်ကို ချစ်ရှာပါသေးတယ် ပေါင်ကြားထဲမှာ ကျုပ်နာမည် သေးသေးလေး ညှပ်ထားတုန်း... ကျုပ်ကြယ်ကတော့ ကြယ်မ ပဲ ဖြစ်ရမယ်.. သစ္စာ မရှိဘူး.. ကျုပ်ကို မချစ်ဘူးဗျို့ ကျုပ်နာမည် ဖြုတ်လို့ နာမည်တစ်ခု တတ်ထားတယ်ဗျ.. ကျုပ်လည်း စိတ်တော့ မကောင်းဘူးပေါ့ဗျာ ကျုပ်အိမ်က သူတို့ နေချင်စဖွယ် မဖြစ်လို့.. ထွက်ပြေးကြတာ.. ခိုးရာ လိုက်ပြေးကြတာဆိုတော့.. အင်း ခက်တော့ ခက်သား..။

တကယ်ဆိုဗျာ ပြောပေါ့ မေတ္တာမျှနေကြပါပြီ ဘာညာပေါ့ ပေးစားချင်ရင် ပေးစားမပေါ့.. အသိလေးတော့ပေးပေါ့.. မဟုတ်ဘူးလား.. အဲ့ တစ်ခုတော့ ရှိတယ်.. ကျုပ်လည်း သေချာတော့ မသိဘူး.. ကြယ်နဲ့မျောက်ကို အလို မတူပဲ အတင်းအဓမ္မများ ပေးစားလိုက်လေသလားမသိဘူး.. မျိုးစပ်တာလည်း ဖြစ်တော့ ဖြစ်နိုင်သား...။

အင်းးး.. ခက်တော့ ခက်တယ် ကြယ်နဲ့မျောက်ကြားမှာ ကျုပ်နာမည်က ညှပ်နေတာ.. အဲ့ဒါ မညှပ်ရင်လည်း အရှင်းပေါ့ဗျာ.. အဓိပ္ပါယ် တစ်မျိုးပေါ့.. ဟော နောက် နာမည်အကြီးကြီးတစ်ခုပါ ထပ်ပါလာတော့ စဉ်းစားရ ခက်ရော.. ဘယ်သူ အဖေမှန်း မသိတော့ဘူးပေါ့ဗျာ.. ရှုပ်ကုန်ရောပေါ့...။

ထားပါလေ ပြီးတာပြီးပြီ ဘာပဲဖြစ်ဖြစ် ကျုပ် စိတ်ထဲမှာတော့ ကျုပ်မွေးထားတဲ့ ကြယ်နဲ့ မျောက် ကို သတ်သတ်ဆီပဲ မြင်ချင်တာဗျ.. မပေါင်းစေချင်ဘူး.. အခုတော့ ပေးစားခံလိုက်ရတယ်.. နာမည် အသစ်လေးပါ ပေးထားခံရသေးတယ် Click နှိပ်ပြီးသာ ကြည့်ကြပါဗျာ.. ဘာတဲ့ နာမည်လေးက “များလိုက်တဲ့မျောက်ကြွေရက်တဲ့ကြယ်” တဲ့ ...။

တစ်ခုခုတော့ ပြောခဲ့ကြဦးဗျ ကျုပ် ငိုသင့်သလား.. ရယ် (ရီ) သင့်သလားဆိုတာ..။


(ကိုရင်နော်)


36 comments:

မမသီရိ said...

ဘာသဘောနဲ့ များ ဒီလို လုပ်ရတာပါလိမ့် နော်
ခက်တော့တာပဲ
ဟိုတလောက မှ.. ညံစီညံစီ ဖြစ်လို့ ငြိမ်ရုံ ရှိသေး

Kaung Kin Ko said...

ခက်ခက်ခဲခဲ ရေးထားရတဲ့ ကဗျာလေး နှစ်ပုဒ် ဒီလိုဖြစ်သွားတာ စိတ်မကောင်းပါဘူး :-(
အဆင်ပြေပါစေ။

ကဗျာလေးနှစ်ပုဒ်လုံးက တစ်လုံးတည်းပေမယ့် လက်သံပြောင်တာကိုး။

ATN said...

ခိုးသွားတာကိုး...
စံလင်းဖြိုး...

အဲလို ပြောလိုက်ပါလား...

ခက်တော့နေမှပဲဗျာ...

yehtutnaung said...

အဟီ.. အဟုတ်သကိုး။ ခိုးရာလိုက်ပြေး လူကြီးသဘောမတူတော့ ရဲလက်အပ်တော့ မဖြစ်စေနဲ့ ဗျို့ ...။

ATN said...

ကျနော်ကတော့ အဲမှာ သွားပြောခဲ့ပြီဗျို့... ဒါမဲ့ blog owner ရဲ့ approval နဲ့မှ ကျနော့် comment က ပေါ်မတဲ့ ဘယ်လို လုပ်ကြမတုန်း...

ကျော်သိင်္ခ said...

ကဗျာကောင်းတစ်ပုဒ် စာကောင်းတစ်ပုဒ်ပြီးဖို့ ဘယ်လောက် အချိန်ယူရသလဲဆိုတာ ဒင်း မသိလို့၊ ဒီလို လုပ်တာ။ ဒါ သူ့ရဲ့ တန်ဖိုး၊ သူ့ရဲ့ သိက္ခာ က ဒီလောက်ပဲရှိတယ်လို့ပြလိုက်တာ။

ကိုယ်ရေးတဲ့ဟာလေးတွေကို ခိုးယူခံရခြင်းမှ ကာကွယ်ဖို့ နည်းလမ်းလေးတွေ ရှာဖို့ လိုနေပြီးလို့ ထင်တယ်။

ဘလော့ဂါ တွေ စုပေါင်းပြီး မူပိုင်ခွင့် ဥပဒေကို ရေးဆွဲဖို့ လိုအပ်နေပြီနဲ့တူတယ်။

ကျော်သိင်္ခ said...

ကိုကြီးအောင်ရေ

သူ့ C box မှာ သွားမအော်ခဲ့ဘူးလား။ ဒါမျိုးကျတော့ ကျနော်တို့ တစ်ယောက်နဲ့တစ်ယောက် ကာကွယ်ပေးကြရမယ်။ ဘလော့ဂ်ဂါတွေထဲမှာ သူခိုးပေါ်တော့ ဘလော့ဂါ ရပ်ဝန်း နာမည်ပျက်တယ်။ အဲဒီလိုတော့ အဖြစ်မခံဘူး။ ကျနော်တော့ အခုဘဲ သွားအော်လိုက်မယ်ဗျို့။

နောက်ကနေ လိုက်ခဲ့ကြပါ။

ဖိုးသင်္ကြန် said...

ပေါင်ကြားညှပ်ခံလိုက်ရတာကိုး...
တော်သေးတာပေါ့ဗျာ။ အပြီးမဖြုတ်ပစ်လိုက်လို့။
သွားဖတ်ကြည့်တာ Siteကို ကြည့်ပြီးတော်တော်ရွံ့သွားတယ်ဗျာ။

:P said...

အဖေရင်းဖြစ်ကြောင်း ကောမန့်မှာ သွားရေးသင့်ပါတယ်...။

Anonymous said...

မပြောလိုပါ မပြောလိုပါး) မနက်တည်းက ဦင်္းနော်ပြ တာ သွားဖတ်င်္ပြီး ရယ်ချင်နေတာ ဟိဟိ ထူးထူးဆန်းဆန်း ကြယ်နဲ့ မျောက်ကို ပေးစားလိုက်တော့ ဘာလေးရတာလဲ ငှင် မျောက်ကြယ် ၊ ကြယ်မျောက် အဲ့လိုခိုးခံရတာ နာမည်ကြီးတယ်လို့မှတ် ။

Sein Lyan Tun said...

လုပ်ရက်ပါပေ့..
မျောက်ကမျောက်
ကြယ်ကကြယ်

ကောင်းကင်ပေါ်မှာနေသူနဲ့
မြေပေါ်မှာဆော့သူ
သေချာတာကတော့
သူကခေါင်းစဉ်းပေးတတ်တာတော်ကြောင်း
ကြွားတာနေမှာပေါ့ ကိုရင်နော်ကြီးရာ
ကျနော့်ကိုပြန်ခေါ်ပေးတာ
ကျနော်မျောက်ဘဝပဲပျော်တယ်..
မိုးပေါ်တက်ပြီးမကချင်ဘူး..
သူတို့ လုပ်ကြံပြီး အတင်းပေးစားတာပါဗျာ..
အဟီးး
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

ATN said...

ဆီပုံးကလည်းအော်ချင်တိုင်း အော်လို့ မရဘူးဗျ...
မှတ်ပုံတင်ရဦးမယ်ဆိုကိုး...
အဲတော့ မအော်ခဲ့ရဘူးဗျာ...း)

သုသု said...

ကိုရင်နော်လက်ရာပြောင်မြောက်သွားလို့ ခိုးခံရတယ်လို့ သဘောထားလိုက်ပါ အစ်ကိုရေ...
ခိုးခံရတာကို ဒီပို့စ်လေးနဲ့ ပြန်ရေးထားတာလည်း ကောင်းတယ်။ တော်ကြာ ဒါလေးပါ ထပ်ခိုးသွားဦးမယ် :P

ခိုးကူးမခံရအောင် ဘယ်လိုကာကွယ်လို့မှ မရတော့ဘူးလား မသိဘူးနော်။ စိတ်ဓါတ်တွေလိုတယ်...

တောင်ပေါ်သား said...

ဦးနော် စိတ်မကောင်းဘူးဗျာ... ဒီလိုလုပ်ရပ်တွေက တဖြည်းဖြည်းများလာနေတာတော့ မကောင်းဘူးရယ်.. လိုတော့ လိုအပ်နေတယ် ဘယ်လို အဖြေရှာရမလဲ


လေးစားလျက်
တောင်ပေါ်သား

Anonymous said...

I won't say a word !
I am afraid !!:(
mnhy

Moe Myint Tane said...

ကဲ မိနော်

နင်ဘာလုပ်မလဲ...နင်ဘာလုပ်မလဲ...နင်ဘာလုပ်မလဲ..
ကျုပ်မေးတာ ညဉ်းပေါက်မှာပါ..ညဉ်းပြောသင့်တယ်နော်
လောကမှာ တစ်ချို့လူတွေက ပြောမှသိ ထိမှနာတတ်ကြတယ်...ညဉ်းတို့ကျုပ်တို့ ရေးနေကြတာ ၀ါသနာကို အရင်းခံကြတာ..ဘယ်ဥယျာဉ်မှုးဘဲ ဖြစ်ဖြစ် ကိုယ်ပျိုးတဲ့ ပန်းကို ကိုယ်မြတ်နိုးတာဘဲ..အခု အဲဒီ့ကိုယ်ပျိုးတဲ့ ပန်းလေး အခိုးခံရပြီ..ခိုးတဲ့လူကလည်း သူမို့လို့ အရှက်မရှိ..မရေးတတ်ရင်လည်း ရေးမနေနဲ့..reader ဘဲလုပ်လိုက်ပေါ့..အဲဒီလို ခိုးချဖို့ ဘလော့ခ်လုပ်တယ်ဆိုရင်တော့..တကယ့်ကို ၀ါသနာ အရင်းခံနဲ့ ရေးနေကြတဲ့ ဘလော့ခ်ဂါတွေကို ထိခိုက်တယ်..ဘလော့ခ်ရပ်ဝန်း ညစ်ညမ်းတယ်..ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံးပုပ်ရမယ့် အဖြစ်မျိုးတော့ အဖြစ်မခံနိုင်ဘူး..ရှက်တတ်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ကောင်းတယ်..ကိုယ် ကိုယ်တိုင် မဖန်တီးနိုင်ဘဲ သူများဖန်တီးတာကို ကိုယ့်တံဆိပ်ရိုက်ချင်တဲ့ လူလောက် ရွံဖို့ကောင်းတာ မရှိဘူး..ညဉ်းကို ငါမေးမယ် ညဉ်းဘာလုပ်မလဲ????
ညဉ်းဘေးမှာ ငါတို့ရှိတယ်...


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

ကျော်သိင်္ခ said...

ကဲကဲ တော်ကြပါတော့....၊ တော်ကြပါတော့

ကဲ....ပေါင်ချိန်ဆီသွားမယ်၊ တရားရုံးရှေ့က စည်ကြီး သွားထုမယ်။ ဒါမှ ဟို သကောင့်သား အဖြတ်ခံရမယ်။ ခေါင်းကို ပြောတာနော်...။

ကျနော်တော့ သူ့ C box မှာ register လုပ်ပြီး၊ အော်ခဲ့တယ်။ မကျေနပ်လဲ မတတ်နိုင်ဘူး။ အမှန်တရားကို ဖော်ထုတ်တာ။ နာမည်သိသွားလည်း မတတ်နိုင်ဘူး။

အခုတော့ Blogger Pollution ဖြစ်ကုန်လို့၊ ခေါ်ကာ ဆော်တီးဗျင်းလိုက်ချင်တယ်ဗျို့။

Anonymous said...

တော်တော်ဆိုးတဲ့သူပဲ မဖြစ်သင့်ဘူးဗျာ ... ဒါမျိုးကိစ္စကတော့ ကာကွယ်သင့်တယ် ... Blogger ကိုကို မမများ ရှေ့မှ ဦးဆောင်ကြပါ ... Blogger သားသား နောက်မှ လိုက်ပါမည်။ :D

ပါဂနာ said...


ကိုရင်ရေ.
စိတ်မကောင်းဘူးဗျာ.
ဦးဏှောက်ဖောက်စားခံလိုက်ရတယ်လို့ထင်တယ်

နင်လား ငါလား
ပြောရမှာကလည်း ခပ် ခက်ခက်.(ကိုရင်နော်)ဆိုတာမပါဘူးဆိုလည်း တစ်မျိုး.အောက်ဆုံးက သူ့နာမည်ကြမှ “ဧရာမ” ကြီးရေးထားတယ်.ကောင်းကွာ.

ဒါပေမဲ့.
“ကိုရင်”ဖန်တီးထားတဲ့ အနုပညာဆိုတာ လူတိုင်းသိကြပါတယ် လေ
ဒါကြောင့် “မိန့်မိန့်” ကြီးသာပြုံးနေလိုက် ပါ...

ကိုရင့် ရဲ့ အောင်မြင်မှုအတွက် ဂုဏ်ယူလိုက်ပါဗျာ

မိုးမောင်(HappyCloud) said...

((((ဝေါ့)))).....((အော့...အော့))
မနက်ပိုင်း တွေ့ကတည်းက ရင်ထဲ ပျို့သလိုလို အံချင်သလိုလိုဖြစ်နေတာ။ ကြောင်မျိုးပြောသလိုပဲ.. မပြောလိုပါ..မပြောလိုပါ ဆိုပေမယ့်..
လက်တို့ပြီးတော့ ပြောရအုံးမယ်..
လက်တို့ပြီးတော့ ပြောရအုံးမယ်..

ဒီကိစ္စမှာ ကိုရင်တောင်းပန်သင့်တယ် :P အခုတော့ သူထောက်ပြမှ ကဗျာက ဒီလို စတန့်ထွင်လို့ရတယ်ဆိုတာ သိရတယ်..ဟား..ဟား။

MaungThinKha said...

ကျုပ် များများစားစား ဝင်မပြောပါဘူး
တစ်ခုပါဘဲ

ရဲရင့်ငယ် ခင်ဗျားဟာ လူသိပြီးသား ဘလော့ရေးသူဘဲဗျာ
တင်ချင်တယ် ပေးပါ တောင်းပေါ့
ကိုရင်နော်လည်း နားလည်မှုရှိမှာပါ
ပိုင်ရှင်ကို အသိလေးတောင် မပေးဘူးဆိုတာတော့
ခင်ဗျား လွန်လွန်းသွားပြီ

ရဲရင့်ငယ်ဆီမှာ ရေးခဲ့တာကို ကော်ပီပြီး လာထားတာ ကိုရင်နော်
သူတင်ပေး မပေးတော့ ကျုပ်မသိဘူး

အမှန်တရားဘက်သာ လိုက်ချင်သူ

Phyo Maw said...

(ကိုရင်နော်)
အဲဟာကြီးက ဘာလို့ ကြားညှပ်နေရတာတုန်း
copy n paste မှာ ကိုးလို့ကန့်လန့် ပါသွားတာထင်တယ်။
:P
ကူးတာကတော့ ကူးနေကြတာပဲ။ google မှာ key word နဲ့ စာဖတ်ဖို့ မရှာရဲသလောက်ပါပဲ။ စာတူ နာမည်မတူ လေးတွေတွေ့တော့ တစ်ခါတစ်လေ ဖတ်ဖူးပါတယ် ဟင်... သိပ်ကောင်းတာပဲ ရေးထားတာ လို့ တွေးပြီးမှ ငါလည်း ရေးဖူးသလိုပဲ ခံစားရသေးမှ ကိုယ့်ဟာမှန်းသိတာ။
(ကိုယ့်ဘက်ကိုယ်ယက် ပြောသွားသည်) :P

Anonymous said...

ဟုတ်တယ်ဗျာ ...
အသည်းနာဖို့ကောင်းတယ်
ကိုယ်မွေးထားတဲ့ သားသမီးကို အတင်းလုယုပြီး
ခိုင်းစားနေသလိုပဲ ခံစားရတယ်
မလုပ်သင့်ပါဘူးဗျာ ...
အံပါရဲ့ ဘလောက်ဂါဆိုတဲ့ သိက္ခာဆိုတာ ပိန်းကြာရွက်ပေါ်က ရေစက်လိုများ မှတ်နေသလား မသိ ...
နာမည်ကြီး ချင်ရင်တော့လဲ မျောက်ဟာ ကြယ်နဲ့ ဖူးစာဆုံပေတာကိုး ... :)

မခံချင်စိတ်များဖြင့်

လားရှိုးသူ said...

ကိုရင်နော်ရယ် တခါတလေ လူတွေ အမှားကို တမင်သက်သက် (သို့) အမှတ်မဲ့ ပြုမိတတ်ကြတယ်၊ ဒါကိုခွင့်လွတ်တတ်ပြီး ရန်မတုံ့ပြန်မှု့ကို တော်တော်လေး လေးစား အထင်ကြီးမိပါတယ်၊

ခင်လေးငယ် said...

ကိုရဲရင့် ဆီဘောက်စ်မှာ ရေးသွားခဲ့တာတွေ အားလုံးဖတ်နိုင်အောင် ကျွန်မ copy ပြီး ပေးလိုက်ပါတယ်... အားလုံး ပြေပြေလည်လည်နဲ့ ဘဝင်ကျစေချင်ပါတယ်..။

http://mmcybermedia.com/community/index.php/topic,11621.150.html mmcybermedia.com မှာစံလင်းဖြိုးဆို
သူတင်ထားတာကို ဖြန်လည်ဖေါ်ပြလိုက်တာပါ။ [link] ကရယူတယ်လို့Credit မပေးထားတော့ စံလင်းဖြိုးရေးတယ်လို့ပဲထင်ခဲ့လို့ သူ့နာမည်ပဲဖေါ်ပြခဲ့ရတာပါ။ ဘာပဲဖြစ်ဖြစ် ကိုရင်နော်ကိုတောင်းပန်ပါတယ်

ကဗျာကို ဖေါ်ပြထားပေမဲ့ခေါင်းစဉ် တတ်မထားလို့ခေါင်းစဉ်တတ် ပေးလိုက်တာပါ။ မူရင်းက ကိုရင်နော်ဘလော့ကမှန်း တကယ်မသိခဲ့တာပါ။

ကြယ်နဲ့မျောက်က http://mmcybermedia.com/community/index.php/topic,11621.150.html
မှာထဲကညားပြီးနေပြီဗျ။

ကျွန်တော့်ဆီရောက်တော့ ကလေးတောင်ရနေပြီ... ကိုရင်ရ
ရယ်စရာ ၊ မောစရာ ဟာသကမ္ဘာ ( ၅ ) စာမျက်နှာ၁၁မှာပါ။ နောက်အပတ်လောက်မှအဲဒီ ကဗျာကိုဖြုတ်လိုက်မယ်.. အခုတော့ အော်ချင်သူတွေ အော်နိုင်အောင်..

စံလင်းဖြိုးရေးတယ်လို့ပဲထင်ခဲ့တာ။ ယူထားပြီးသားကို ထပ်ယူခွင့်မရှိဖူးလား.. creditပေးဖို့တော့လိုတာပေါ့.. အကြောင်းအရာတွေ လက်ဆင့်ကမ်း ဖေါ်ပြနေကြတဲ့ ဒီလောကကြီးထဲမှာ မူရင်းရေးသူလိုက်ရှာဖို့ ဆိုတာလဲစဉ်းစားကြည့်ပါ
အခုလိုသိခွင့်ရရင်လည်း ပြင်ဆင်ဖေါ်ပြပေးဖို့ဝန်မလေးပါဖူး။ ကိုရင်ဘလော့မှာ ဖတ်ပြီးမှာ ပြင်ပြီးတင်တာ ဆိုရင်တော့ ဦနှောက်ဖေါက်စားတယ် ခေါ်တာပေါ့... C-boxမှာဖျက်လိုက်တာက နိုင်ငံရေးတွေနဲ့ရောကုန်မှာစိုးလို့ပါ.. နာလည်ပေးပါ


အပေါ်မှာ ရေးသွားခဲ့တဲ့ ကိုရဲရင့်စာတွေကို ကျွန်မ ပြန်လည် ဝေမျှခြင်း သက်သက်ပါ။
အားလုံးကို ခင်မင်လျှက်..

(ခင်လေးငယ်)

ကလိုစေးထူး said...

ကိုရင်နော်ရေ...၊ စိတ်လက်ပေါ့ပါးအောင် ကျနော်တော့ အရွှမ်းဖောက်ခဲ့မယ်လေ၊ ဒါဟာ ကိုရင်နော်ရဲ့ နာမည်ကျော်ကြားနေမှု ပြယုဂ်တခုလို့သာ မှတ်လိုက်ပါလေ။ ဟဲဟဲ။

ပွကြီး said...

ကိုရင်ရေ..
ကျွန်တော် မြင်တာကတော့....(မျက်စိကြီးနဲ့ .အဲ.ယောင်လို့)

“ရဲရင့်ငယ်” ရှင်းမှဘဲ ရှင်းရှင်းလင်းလင်း သိရတော့တယ် သူပေါက်ကရ လုပ်ထားတာကို
“စံလင်းဖြိုး” ကသူရေးပါတယ် လို့ mmcyber မှာ ရေးထားတာတွေ့ပါဘူး..
ဒီမှာလေ .

“ရဲရင့်ငယ်” သာ ခေါင်းစဉ်လျှောက်တပ် Credit တလွဲ လျှောက်ပေးပြီး “ရမ်းတုတ်” “လျှောချ” လုပ်သွားတာပါ .ဒါပေါ့ဗျာ နိုင်ငံရေး လုပ်တယ် ဆိုတာ..(အမ်.ဘာမှလည်းမဆိုင်ဘူး..ငါ တော့နာတော့မယ်)

တောင်းပန်သွား B ဆိုတော့လည်း ကျေနပ်လိုက်ပါဗျာ...

အော်.. အထောက်အထား လေးတွေပျောက်ပျက် မသွားရလေအောင်...ဟဲ.ဟဲ..
(ထုံးစံ အတိုင်း အောက်ဆုံးက စဖတ်ကြပါလေ)...


7 Apr 09, 12:59
ရဲရင့်: မနက်ဖန်ဖျက်လိုက်ပါ့မယ် ..သွားပြီအားလုံးကျေးဇူးပါ...ခင်လေးငယ်ရောနော်..
7 Apr 09, 12:58
ခင်လေးငယ်: အားလုံးဘဲ မင်္ဂလာပါနော် ကိုရဲရင့် ရေးခဲ့တာလေးတွေကို စုပြီး ကွန်မန့် အဖြစ်ရေးထားပါတယ် ချမ်းမြေ့ကြပါစေ wlcme2
7 Apr 09, 12:58
ရဲရင့်: ကိုရင်ပေးထားတဲ့Linkကိုမိုးမြင့်တိမ်နှိပ်လိုက်လို့ဘာမှမရှိတာထက်စာရင်ဖတ်လိုက်ရတော့အာသာပြေမယ်ထင်လို့ပါ။
7 Apr 09, 12:42
မိုးမြင့်တိမ်: တွေက နည်းနည်းများ ဆန်းနေလား။ ကျွန်တော်တော့ ပရိုမိုးရှင်းများလား ထင်မိတယ်။:P
7 Apr 09, 12:42
မိုးမြင့်တိမ်: >>ရဲရင့်>>မိတ်ဆွေက မသိလို့ဆိုတော့ကာ အခုသိတဲ့အချိန်မှာရော တစ်ပတ်လောက်တင်ထားမယ်ဆိုတော့ မိတ်ဆွေရဲ့ စကား
7 Apr 09, 12:40
ရဲရင့်: အဖြစ်မှန်ကိုတော့ညာလို့မရဖူးလေ....အရင်ကဒီကိုအမြဲရောက်ပြီးကိုရင်နဲ့သောက်နေကြ..အခုမရောက်တာလည်းကြာ
7 Apr 09, 12:39
နေဒေးသစ်: ပြောဖို့ တစ်ခု ကျန်ခဲ့လို့ ... ကိုရင်နော် .. Good Morninggggggggggggg :D
7 Apr 09, 12:34
နေဒေးသစ်: ပြန်ပါပြီ ..အားလုံး အဆင်ပြေကြပြီး လောကကြီးလည်း ဒီ့ထက်ပို လှလာနိုင်ပါစေ :D GOOD LUCK ALL
7 Apr 09, 12:33
နေဒေးသစ်: ကိုရင်နော့်ကိုလည်း တောင်းပန်ပါတယ် ဒီလိုရေးမိတာ
7 Apr 09, 12:33
နေဒေးသစ်: ကဲကဲ .. သူများ Cbox လည်း ကျွန်တော်တို့ စာတွေနဲ့တင် ပြည့်နေပြီ .. အားလုံး တောင်းပန်ပါတယ် ဗျာ
7 Apr 09, 12:32
နေဒေးသစ်: ဒါကလည်း အကြံပေးယုံ သက်သက်ပါဗျာ
7 Apr 09, 12:32
ရဲရင့်: ကိုရင်ကိုလည်းတောင်းပန်ထားပါတယ်...တရက်လောက်ထားပြီးဖျက်လိုက်ပါမယ်.
7 Apr 09, 12:32
နေဒေးသစ်: ကိုရဲရင့် နောက်ထပ် အမုန်းပွားမယ့် သူတွေ မတိုးတော့ဘူးပေါ့
7 Apr 09, 12:31
နေဒေးသစ်: စာရေးသူလည်း ကျေနပ်မယ် ထင်ပါတယ်
7 Apr 09, 12:31
နေဒေးသစ်: ဒါဆိုရင် ကိုရဲရင့်ဆီကိုလည်း နောက်ထပ် ဘယ်သူမှ အဲဒီကဗျာအတွက် လာကြည့်ကြတော့မှာ မဟုတ်ဘူး
7 Apr 09, 12:30
နေဒေးသစ်: ပြီးရင် လင့်ကို ဖျက်လိုက်ပါပြီလို့လည်း ပြောလိုက်ပေါ့
7 Apr 09, 12:30
နေဒေးသစ်: ဒီလိုလုပ်လိုက်လေဗျာ .. ကိုရင်နော် တင်ထားတဲ့ ပို့စ်မှာ Comments ဝင်ရေးပြီး တောင်းပန်လိုက်
7 Apr 09, 12:28
ရဲရင့်: နေဒေးသစ်:ကိုရင်ကlinkပေးထားတော့မဖျက်ချင်သေးဖူး..ကိုရင်ရေးတယ်ဆိုတာလည်းသိနေပြီပဲ...ကြုံဖူးတာပေါ့..
7 Apr 09, 12:26
နေဒေးသစ်: ဒီ C box မှာ အော်နေယုံနဲ့တော့ အလုပ်မဖြစ်ပါဘူး လူလည်း မျက်စိနောက်ပါတယ်
7 Apr 09, 12:25
နေဒေးသစ်: တောင်းပန်လိုက်ပါဗျာ
7 Apr 09, 12:25
နေဒေးသစ်: ( ကိုရဲရင့် ) အကောင်းဆုံးကတော့ ကိုရင်နော့် ဂျီမေးဆီသာ မေးပို့ပြီး ဖြစ်ကြောင်းကုန်စင်ကို
7 Apr 09, 12:24
ရဲရင့်: ဦနှောက်ဖေါက်စားတယ်ခေါ်တာပေါ့...C-boxမှာဖျက်လိုက်တာကနိုင်ငံရေးတွေနဲ့ရောကုန်မှာစိုးလို့ပ်..နာလည်ပေးပါ
7 Apr 09, 12:23
နေဒေးသစ်: အပြောခံပြီး တင်ထားမနေပါနဲ့တော့
7 Apr 09, 12:23
နေဒေးသစ်: ဟိုပို့စ်ကိုတော့ ဖျက်လိုက်တော့ဗျာ မြင်ရတာ ဘယ်လိုမှ အဆင်မပြေဘူး
7 Apr 09, 12:22
နေဒေးသစ်: အရင်က မသိခဲ့လို့ ဆိုရင်လည်း အခုတော့ သိပြီပဲ
7 Apr 09, 12:21
နေဒေးသစ်: အာာာ ဘယ်လိုပဲ ဖြစ်ဖြစ် နဂိုစာရေးသူရဲ့ အားထုတ်မှုကိုတော့ စာနာတတ်ဖို့ သင့်ပါတယ် ..
7 Apr 09, 12:20
ရဲရင့်: အခုလိုသိခွင့်ရရင်လည်ပြင်ဆင်ဖေါ်ပြပေးဖို့ဝန်မလေးပါဖူး။ကိုရင်ဘလော့မှာဖတ်ပြီးမှာပြင်ပြီးတင်တာဆိုရင်တော့
7 Apr 09, 12:17
ရဲရင့်: အကြောင်းအရာတွေလက်ဆင့်ကမ်းဖေါ်ပြနေကြတဲ့ဒီလောကကြီးထဲမှာမူရင်းရေးသူလိုက်ရှာဖို့ဆိုတာလဲစဉ်းစားကြည့်ပါ
7 Apr 09, 12:07
ရဲရင့်: စံလင်းဖြိုးရေးတယ်လို့ပဲထင်ခဲ့တာ။ယူထားပြီးသားကိုထပ်ယူခွင့်မရှိဖူးလား..creditပေးဖို့တော့လိုတာပေါ့..
7 Apr 09, 11:31
မိုးမြင့်တိမ်: >>ရဲရင့်>>ကိုယ့်ဆရာက သိသိချည်းနဲ့လုပ်တာပေါ့။ ချီးကျူးတယ်ဗျာ။ ခင်ဗျားရဲ့ စိတ်ဓါတ်ကို။
7 Apr 09, 11:16
ဝိုင်းတိုင်း: ခင်ဗျား ဆီဘောက်စ်က စာတွေလည်း ဖျက်ပြစ်တယ် ကလေးကလားဗျာ အံ့ရော
7 Apr 09, 11:11
ဝိုင်းတိုင်း: အလို.. ပြောတာတွေက လွယ်လှချည်လား ကိုရဲရင့် သူများယူထားတယ်ဆိုဦး သိနေရက်နဲ့ ခင်ဗျားမို့ထပ်ယူတယ်
7 Apr 09, 09:45
ရဲရင့်: နောက်အပတ်လောက်မှအဲဒီကဗျာကိုဖြုတ်လိုက်မယ်.အခုတော့အော်ချင်သူတွေအော်နိုင်အောင်..
7 Apr 09, 09:18
ဖိုးစိန်: 8 p
7 Apr 09, 09:04
ရဲရင့်: ရယ်စရာ ၊ မောစရာ ဟာသကမ္ဘာ ( ၅ ) စာမျက်နှာ၁၁မှာပါ။
7 Apr 09, 08:53
ရဲရင့်: မှာထဲကညားပြီးနေပြီဗျ။ကျွန်တော့်ဆီရောက်တော့ကလေးတောင်ရနေပြီ.ကိုရင်ရ
7 Apr 09, 08:51
ရဲရင့်: ပြပေးနိုင်ခဲ့ပါတယ်။ကြယ်နဲ့မျောက်က http://mmcybermedia.com/community/index.php/topic,11621.150.html
7 Apr 09, 08:50
ရဲရင့်: ခဲ့တာပါ။ကျော်သိင်္ခ ရဲ့ပို့စ်ကိုကိုမိုးသီးဘလော့ကတဆင့်တင်တုန်းကcreditပေးထားတော့ကျော်သိင်္ခ ရေးတယ်လို့ဖေါ်
7 Apr 09, 08:47
ရဲရင့်: ကဗျာကိုဖေါ်ပြထားပေမဲ့ခေါင်းစဉ်တတ်မထားလို့ခေါင်းစဉ်တတ်ပေးလိုက်တာပါ။မူရင်းကကိုရင်နော်ဘလော့ကမှန်းတကယ်မသိ
7 Apr 09, 08:43
ရဲရင့်: သူတင်ထားတာကိုဖြန်လည်ဖေါ်ပြလိုက်တာပါ။ [link] ကရယူတယ်လို့Credit မပေးထားတော့စံလင်းဖြိုးရေးတယ်လို့ပဲထင်ခဲ့လို့သူ့နာမည်ပဲဖေါ်ပြခဲ့ရတာပါ။ဘာပဲဖြစ်ဖြစ်ကိုရင်နော်ကိုတောင်းပန်ပါတယ်။
7 Apr 09, 08:42
ရဲရင့်: http://mmcybermedia.com/community/index.php/topic,11621.150.html mmcybermedia.com မှာစံလင်းဖြိုးဆို


ကျွန်တော် ကတော့ အဲဒီ ပိုစ့် ကြာကြာထားလေ သူ “ဂျောက်ဂျက်” များများ ကွဲလေဘဲ ဗျ. ဖျက်ပြစ်မှာတောင် စိုးသဗျာ....

ရှူပ်ပွ ကုန်တယ်ဆိုရင်တော့ အိမ်ရှင်များနဲ့ Comment ဖတ်သူအားလုံးကို တောင်းပန်ပါတယ် ဗျာ...


မြိုင်ရာဇာ “ ပွကြီး ”

မိုးမောင်(HappyCloud) said...

ဘာရယ် ညာရယ်တော့ မဟုတ်ဘူး.. လူတော့ စည်သားဟဲ့.. ဟား..ဟားးး...
ကိုရင် ဘီယာတော့ တိုက်ဗျာ.. ခင်ဗျားက နာမည်ကြီးပြီးရင်း ကြီးရင်းပဲ.. ဟီး..ဟီးး။
ဒါနဲ့ စကားမစပ် သမိုင်းလမ်းဆုံမှာတင် ကျနော်ဆင်းတော့မယ်ဗျာ။ ဆီးယူ.. တာ့တာ :D

ဟန်သစ်ငြိမ် said...

ရောင်းရင်းရေ... ရယ်ရယ်... ရရင်ရယ်...။

ဆောင်းယွန်းလ said...

ဘာပြောရမှန်းကိုမသိတော့ပါဘူး ကိုရင်နော်ရေ

မီယာ said...

ကိုရင်ရေ ဒီကထုံတာများ နောက်ထပ် ကဗျာအသစ် ရေးတယ်ထင်လို့ အိမ်ရောက်မှ အေးအေးဆေးဆေးဖတ် မယ် ဆိုပြီး အားတင်းလာတာ... အရမ်းကောင်းလို့ ကူးကြတာပေမယ့် ရေးသူနံမည်တော့ မမေ့သင့်ဘူးနော်။

မေ့သမီး said...

ကိုယ်မင်္ဂလာမဆောင်ပေးလိုက်ရတာပဲ ကျေးဇူးတင်လိုက်ပါတော့။ :P

YeYint Nge said...

ကျွန်တော်ဘလော့က“များလိုက်တဲ့မျောက်ကြွေရက်တဲ့ကြယ်” ပို့စ်ကိုဖျက်လိုက်ပါပြီ...
http://mmcybermedia.com/community/index.php/topic,11621.150.html mmcybermedia.com
မှာ(အသင်းခံထားရဆဲ)ကဗျာလေးတွေကိုကယ်တင်မဲ့စာပေဝေဖန်ရေးအာဇာနည်သူရဲကောင်းများပေါ်ပေါက်ပါစေလို့ဆုတောင်းပေးပါတယ်။
ခင်လေးငယ်ရောအပျို(အဲ)အရင်အတိုင်းပဲလား..
တွေ့ချင်ရင်ထန်းတောမှာရှိတယ်ဗျို့ကိုရင်(အေ့...)။

ပွကြီး said...


ကိုရင်နော် နဲ့ မခင်လေးငယ်. ကလေးလေး တို့ရေ.

ခင်ဗျားတို့ ကိုအရင်တောင်းပန်ပါရစေ.

ကျနော်ထောက်ပြ ထားတဲ့ အကြောင်းအရာ နဲ့ Cbox ထဲက အချက်အလက်တွေကို ဟိုလျှောချ နိုင်ငံရေးသမားအယောင်ဆောင်က ခင်ဗျားတို့ လက်ချက်လို့ ထင်နေပုံရတယ် .
(မခင်လေး ဖြေရှင်းပေးထားတဲ့ Comm; နဲ့ ကျနော့် Comm; ကပ်သွားလေတော့..ဒါပေမယ့်. မခင်လေး က အချင်းမများချင်လို့ ထိန်းထိန်းသိမ်းသိမ်း လေး သူပြောတာလေးတွေဘဲ ကွက်ဖော်ပြပေးသွားတာ အားလုံးအသိပါ ကျနော်က “Debate” ဖြစ်နေတာလေး တင်ပေးလိုက်တာပါ)
ဘယ်သူမဆို koyinnawkhinlaynge.cbox.ws ဆိုရင် Copy- Past လုပ်လို့ ရနေဘီလေဗျာ.

ကျနော့် Comment ကို မဖြေရှင်း နိုင်တဲ့အပြင် Mmcyber ကိုကော (အထူးသဖြင့် မခင်လေး ကိုလှည့်ရမ်းသွားသေးတယ်)..ရိသလိုလို ခနဲ့တဲ့တဲ့ မိန်းကလေး သိက္ခာပိုင်းဆိုင်ရာ ကိုပါပုတ်ခတ်လို့ (အာဂသတ္တိ).

ပြောသွားသေးတယ်.ဟိုး အရင်က ကိုရင်နော် Blog ကိုရောက်နေကြပါ ဘာတဲ့ ထန်းတောမှာ ဆုံနေကြတို့ ဘာတို့ လျှောက်ပြော အဲ..ပြီးတော့ ကိုရင်နဲ့  မခင်လေး တို့ “အရင်းနှီးဆုံးသူငယ်ချင်းတွေ” ဆိုတာကို မသိဘဲ သူထင်ရာ ပေါက်ကရတွေ ရမ်းတုတ်သွားသေးတယ်
ရှင်းလေ ရှုပ်လေ မှားပီးရင်းမှားရင်း..ကောင်းရော
ဟုတ်မှာပါလေ..သူ့ Blog မှာတောင်ရေးထားတာဘဲ
ရဲရင့်ငယ်ပြောတာအမှားတွေ...မယုံကြနဲ့တဲ့.

ဒါနဲ့.နေပါဦး.
အဲဒီ “လျှောချ” cbox မှာRegister လုပ်ပီးသွားအော်တာ ဆိုလို့ ကျော်သိင်္ခ ရယ် Photherhtoo ဆိုလား ဒါဘဲတွေ့ လိုက်ရတယ် အရေးရယ် အကြောင်းရယ်ဆို အမြှီးမြှောက်လိုက် အီးပေါက်လိုက်နဲ့ ရွှေပြည်အေး တရားဟောသူကဟော နဲ့ နိုင်ငံရေး Blog ဆိုတာနဲ့ မပြောရဲကြတော့ဘူး..အဲလို Blog Side တွေက သူများ အနုပညာတွေ ယူသုံးချင် သလို ယူသုံး လုပ်ချင်သလိုလုပ် ရတယ်ပေါ့ ဂလိုလား.ကျွတ်.
....တော်ပြီဗျာ မပြောချင်တော့ဘူး.
ဘာဘဲဖြစ်ဖြစ် အိမ်ရှင် ကိုရင်နော် တို့ကိုတော့ အနူးအညွတ် တောင်းပန်ပါတယ်ဗျာ.(အထူးသဖြင့် “မခင်လေး” ပေါ့ ကျနော့် Comm: ကြောင့် လှည့်ရမ်းခံရလို့ စိတ်မကောင်းပါ)

အရူး လူဟစ် ဆိုတာ ဒါဘဲဗျ

တားမြစ် ထားသော... said...

ကလစ်နှိပ်ပြီး သွားကြည့်ပါဆိုတဲ့နေရာက သွားလို့လဲမရဘူး။

ဘာလဲတော့ ကောင်းကောင်းမသိလိုက်ဘူး။ ကော်ပီရိုက်တွေလည်း လေးစားတတ်လို့ ဘလော့ဂ်ရေးသူအပေါင်း အားလုံးအဆင်ပြေ ချောမွေ့စေသားပေါ့ဗျာ။

သုခမိန်(E-Journal)

Anonymous said...

မသိလိုက်တာ နာတယ်ကွယ်။ အခုသွားကြည့်တော့ ရှိတော့ဘူး ဦးနော်ရ။ နောက်မှ ပြန်မေးတော့မယ်။း)
အဖေက အရမ်တော်နေတော့ သားသမီးတွေကို လိုချင်တဲ့သူတွေ ၀ိုင်းနေတာ နေမှာပေါ့။ ဟီး

လေးစားလျှက်
ရောင်