တွေးနေမိတာက..
- တောက်တီးတောက်တဲ့တွေ တွေး..။ တော်တော်တွေးတာ တောက်တီးတောက်တဲ့ တော့..။
ကိုယ့်ကိုကိုယ် ပြန်ဆင်ခြင်မိတာက..
- မင်း..! မော့မယ်.. မူးမယ်.. မိုက်မယ်..။ မင့် မေမေ မင်း မွေးမိ မှား..။
ကျန်းမာရေး..
- “ဒေါင်”.. ဒေါင်ဒေါင်ဒင်ဒင် ဒေါင်ဒေါင်..။
ဖတ်ဖြစ်တဲ့စာအုပ်တွေက..
- စေ့စေ့စပ်စပ် စူးစူးစမ်း စာ စုံစုံစေ့..။
ရောက်နေဖြစ်တာက..
- ဆည်းဆာဆွေးဆွေး..။
ရေးဖြစ်နေတာက..
- ပေါ့ပေါ့ပါးပါး.. (ပေါ့ပြက်ပြက်.. ပြောင်ပျက်ပျက်)
နားထောင်ဖြစ်နေတာက..
- သူ့ သွန်သင် သံ..။
ရွတ်နေမိတဲ့ကဗျာက..
“လှေ” လေးလှော် လှိုင်းလေးလှုပ် “လေ” လေးလာ “လ” လေးလှိမ့် “လှေ” လေးလည်း လွမ်းလွန်းလို့ လက်လေးလှမ်း “လ” လေးလာ “လမ်း” လေးလည်း လင်းလို့လက် “လ” လေးလည်း လိုက်လို့လာ လုပ်လီလဲ့ “လ” လိုက် “လှေ”..။ | လျှပ်လည်းလက် လေလည်းလာ လှိုင်းလုံးလိမ့် လူးလွန့် “လှေ” လျှပ်လက်လို့ “လ” လေးလန့် “လှေ” လေးလည်း လုံးလည်လိုက် “လေ” လုပ်လို့ “လ” လေးလွင့် လူးလိုလူး လွင့်လိုလွင့် လုံ့လလျှော့ “လ” လိုက် “လှေ”..။ | လေလှိုင်းလွန် “လ” လေးလာ လက်လေးလှုပ် လမ်းလေးလင်း “လှေ” လေးလည်း လန်းလို့လာ “လ” လေးလည်း လှလွန်လွန်း “လှေ” လည်း “လှေ” “လ” လည်း“လ” လေလွှင့် “လှေ” “လ” လေးလှော် လွတ်လပ်လမ်း “လ” လိုက် “လှေ”..။ “လလိုက်လှေ” (ကိုရင်နော်) |
- ဖေဖေ ဖြစ်ဖြစ်.. ဖိုးဖိုး ဖြစ်ဖြစ်..။
စားဖြစ်နေတတ်တာက..
- စိတ်စေစား စာ..။
သနားနေမိတာက..
- လောလောလတ်လတ် လှောင်လိုက်လို့ လဲလိုက် လျောင်းလိုက် လူးလိုက် လိမ့်လိုက်..။
- လင်းလည်းလင်း လက်လည်းလက် လင်းလာလည့် လက်လာလည့် လင်းလင်းလက် လာလည့်..။
လွမ်းနေမိတာက..
- သူသာသိသည် သူသိသည် (သို့သော်) သူ သေသွားသူ သေသွားသူ..။
မေ့လျော့ပစ်နေမိတာက..
- မိုက်မိုက်မဲမဲ မှားမိ မိုက်မိ မြော်မြင်မှုမဲ့မိ..။ မေ့မယ် မေ့မယ်.. မြန်မြန် မေ့မယ်..။
ခါးသက်နေမိတာက..
- ချောချစ်ချစ် ချိုချိုချွဲ.. ချိုချစ်ချစ် ချစ်ခွင့်ခြွေ (ခုချိန်ခါ) ချိုခဲ့ချစ် ခုခါခါး ချစ်ခဲ့ချို ခပ်ခါးခါး ချောက်ချောက်ချား ချစ်ခါးခါး..။
တမ်းတနေမိတာက..
- “တွယ်တာ” တဲ့... တိုးတိုးတိတ်တိတ် တမ်းတတတ်တာ..။
ကြိတ်ပြီးချီးကျူးနေမိတာက..
- သူ (သင့်သည် သူသာ သင့်သည်)
ကြိတ်ပြီးအထင်သေးနေမိတာက..
- သူ (သင့်သည် သူ သေသင့်သည်)
ဆန္ဒမရှိတဲ့နေရာ..
- ကျဉ်းကျဉ်းကျပ်ကျပ်.. ကျဉ်းကျဉ်းကျုတ်ကျုတ်..။
ဆန္ဒရှိနေတဲ့ကိစ္စ..
- သေသောသူသည် သုသာန်သို့ သွားသည် (သူသွားသည်) သွားသင့်သည်.. သုသာန်သို့ သွားသင့်သည်..။
မုန်းတီးနေမိတာက..
- ကိုယ်ကျိုးကြည့်ကြ.. ကိုယ်ကောင်းကြံကြ.. ကြီးကြီးကျယ်ကျယ် ကြီးကြကျယ်ကြ.. ကြီးကျယ်ကြ..။
ချစ်နေတာက..
စိတ်ပျက်နေမိတာက..
- “ခေတ်”.. ခုချိန်ခါ (ခုခေတ်ခုခါ).. ချုပ်ချုပ်ချယ်ခေတ်.. ချုံးချုံးချိခေတ်.. ခပ်ချဉ်ချဉ်ခေတ်..။
စွဲလန်းနေမိတာက..
- “စိမ့်စမ်း”.. စိမ်းစိမ်းစို စိမ့်စမ်း.. စိမ့်စမ်းစပ် စိမ်းစိုစို စိတ်စွဲ..။
လိုအပ်နေတာက..
- “ငွေ”.. (ငမ်းငမ်းငတ်..) ငါ့ငွေ.. ငါ့ငွေ.. ငါငွေငတ် ငါငွေငတ်.. ငွေ.. ငွေ.. ငါငတ်ငွေ..။
တောင်းနေမိတဲ့ဆု..
- လှိုက်လှိုက်လှဲလှဲ လိုလား.. လွတ်လွတ်လပ်လပ် လမ်း.. လွတ်လပ်လမ်းလေး.. လျှောက်လှမ်းလိုလို့လေ..။
ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက..
- အ...))))))... အာ...)))))) အားးးး...)))))) အားးးးးးး...)))))) အားးးးးးး...)))))) (အောက်အီးအီးအွတ်..)
ဝန်ခံချင်တာက..
- ပွင့်ပွင့်ပဲပြောပါပြီ.. ပျော်ပျော်ပါးပါးပေါ့ ပြုံးပြုံး ပြုံးပြုံး ပေါ့ပေါ့ပါးပါး ပါပဲ..။
မမနော်နော် ရေ ရေ့ ရေးးး...
Tag တဂ်တာတွေတော့..
ပြီးပါပြီပေါ့...

ခင်ခင်မင်မင်လေးလေးစားစားချစ်ခင်ခြင်းများများဖြင့်...
(ကိုရင်နော်)
41 comments:
တစ်
အာ.... ဖတ်ပြီးတော့... နဲနဲ သွတ် သွားသလိုပဲ...း)
သူ(သင့်သည် သူ သင့်သည်) ၊ သူ(သင့်သည် သူ သေသင့်သည်) ဟိဟိ....
တော်တော်တတ်နိုင်ပါပေ့ ကိုရင်နော်
တတ်နိုင်ပါပေ့ လို့ပဲပြောနိုင်ပါတော့တယ်း)
သူများနဲ့မတူ တမူထူးတဲ့အတွက်
အမှတ်တရဖြစ်နေမှာပါ..............
ပေါ့ပေါ့ပါးပါးလေးပြုံးခွင့်ရတဲ့အတွက်....
ကိုရင်နော်အား
Tag ပိုင်းဆိုင်ရာ Blogger Oscar ပေးလိုက်ပါသည်...
မည်သူမျှ မကန့်ကွက်ရ...
တော်လိုက်တာ ရေးတတ်လိုက်တာ ဖတ်တာ၃ခါ တစ်ခါပဲဖတ်မမှတ်မိမှာဆိုးလို့
တော်တယ်.
တော်တယ်...
တော်တော်တော်...
တက်ဂ်တာတောင် တက်ဂ် တွက်
စေ့စေ့စပ်စပ် စဉ်းစားစူးစိုက်
လှိုက်လှိုက်လှဲလှဲ လွန့်လွန့်လူးလူးး လှလွန်းလို့
မျောက်မျောက်မင်း မိုက်မိုက်မဲမဲ မြော်မြင်မှုမဲ့ မြန်မြန် မမန့်
ရရာရေး ရာရပ်ရင်း ရော်ရင့်ရင့် ရင် ရောက်
ပျော်ပျော်ပါးပါး ပေါ့ပေါ့ပါးပါး ပြုံးပြူးပြ
ခပ်ချဉ်ချဉ်ချစ်ချိုချစ်ချွဲချွဲချစ်ချစ်
မျောက်မျောက်
စပ်စုစိန်စိန်
အေ့လေ.. သူပဲရေးတတ်ပါ့ဗျာ
်မေ.မေ.မူုးမူး ရူးရူးသွပ်သွပ် ဖြစ်သွားသည်
မူးမူး မေ့ မေ့မေ့ မူးမူး
သေသင့်သည် သေသင့်သည်
ဖတ်ရင်းဖတ်ရင်း ပါးစပ်က တောင်ရွဲ့ မြောက်ရွဲ့ ဖြစ်ဖြစ်သွားလို့ ပြန်ပြန်တည့်ရတယ်။
တော်တော် တော်တယ် တော်...။
တော်တော်တတ်တဲ့ ....တတ်တတ်တော်....................ရေးလဲရေးတတ်တဲ့ ...ကိုရင်နော်.............................စဉ်းစဉ်းစားစား....ဆင်ဆင်ချင်ချင်..........................ရှာရှာဖွေဖွေ...ကြံကြံဖန်ဖန်....သူဘဲတတ်..ကိုရင်နော်ရေ...တကယ်ခက်..လိုအက်တဲ့ ငွေ..............ငမ်းငမ်းငတ်...လောဘတွေထွက် ....ဆင်ခြင်ကွဲ .........ခင်ခင်မင်မင်လေးလေးစားစား.............ချစ်ခင်ခြင်း။။။။။များများဖြင့် ....ကိုသုဒြေ္န
စေ့စေ့စပ်စပ် စူးစူးစမ်း စုံစုံစိစိ ပါလား ကိုရင်နော် ရေ..............
ဟေ့လူ.. ခင်ဗျားရေးတာတွေ သိပ်လွန်နေပြီနော်။ လူကောင်းတွေကို “အာ...ဘား..အာဘားးး” ဖြစ်အောင်လုပ်နေတာလား :D
နောက်တစ်ခါ စာလုံးတွဲတွေ ရေးရင် ဠ တို့ ဋ တို့ ထည့်ရေးပါဗျို့။ :D
ဦးနော်တီငယ်တို့ဆီလာလည်ပါတယ်နော်.. အခုရန်ကုန်မှာ..
လျှာခလုတ်တိုက်သွားတယ်။ ရေးတတ်ပါ့ဗျာ
အော် ရယ်လိုက်ရတာ သဘောကျလိုက်တာ
လလိုက်လှေ ရွတ်လို့ကောင်းလိုက်တာ
လျှာတွေကော မျက်လုံးတွေကို ခလုပ်တွေတိုက်သွားပါတယ်....
း)
ထူးအောင်မြူးအောင်ရေးတတ်လို့ မပြုံးပဲနဲ့ ဝါးလုံးကွဲ
ရယ်လိုက်ရလို့ ကျေးဇူးကမ္ဘာပါပဲ
ကိုရင်တို့ကတော့ လုပ်လိုက်ရင် အဆန်းကြီးပဲနော်....
ဒါကြောင့်လည်း ဒါကြောင့်လည်း...ဟိ
ရွတ်နေမိတဲ့ ကဗျာလေးက မိုက်တယ်.....ကြိုက်တယ်...
ဒါနဲ့ ဖြစ်ချင်နေတာက ဖြစ်တော့မှာလား...ဟာဟ
လျှိုမထားနဲ့နော်...
ခင်မင်လျှက်
အချစ်မဲ့ဂစ်တာ
စိတ်ညစ်တဲ့ထဲမှာ အဲ့ဒါတွေလည်း ပါတယ်.. ဟီးးး
ဟုတ်ဖူး နောက်တာ..
ရေးထားတာလေးတွေ ရွတ်ကောင်းကောင်းနဲ့ အညောင်းပြေ အညာပြေ ထိုင် ရွတ်သွားတယ်။ လျှာအကြောတွေ တောင် တော်တော် ပျော့ လောက် ပြီ... ^-^
ရယ်လိုက်ရတာ။
ပေါ့ပေါ့ပါးပါးပြုံးပြီး ပြန်ပါပြီ။
( မြောက်များစွာသော)
ခင်မင်လေးစားချစ်ခြင်းအားဖြင့်....
:D
တော်တော်တော်တဲ့
တော်တော်တော်.....
ချောချစ်ချစ် ချိုချိုချွဲ.. ချိုချစ်ချစ် ချစ်ခွင့်ခြွေ...
ချိုချိုချစ် ချစ်ခွင့်ခြွေချ ချုံးချုံးချ ခွင်းခွင်းခွမ်းခွမ်း ခွမ်းခွမ်းခွင်းခွင်း.....အို့ အို့ အို့ အိုးးးးး
လျှာတောင်ကိုက်မိကုန်ပြီး.. ဟီးဟီးဟီး
လေးစားစွာဖြင့်
စည်သူ။
ဦးနော်ရေ
အသံထွက်လိုက်ဖတ်ရတာနဲ့ တင် လေဖြတ်သွားပြီ
တော်တော်တော်တဲ့ ဦးနော်ဘဲ
း)
နဲနဲ ခေါင်းမူးသွားတယ်။ ဟီး။ =P
အား လိုက်ရွတ်ရတာ လျှာတွေကို စိတ်ထဲမှာတောင် ခလုတ်တိုက်နေသေးတယ်... :) တတ်လည်းတတ်နိုင်ပါ့ဗျာ ကိုရင်ရေ
အဟား မိုက်တယ်.....
တမူထူးတဲ့ ဦးနော်... :D
အဟတ်ဟားဟားဟား အကိုရေ သဘောကျလွန်းလို့ပါ... အမပြန်ရောက်လာလို့ ဒါကြီးတွေ့ရင် ဘယ့်နှယ့်နေမယ် မသိဘူး .. အဟား
ပေါ့ပေါ့ပါးပါးလေး ပြုံးပြီ
ဖတ်သွားတယ် ဦးနော်
ရီနို
မပြုံးဘဲ ၀ါးလုံးကွဲရယ်မိတယ်။
မရယ်ခင်တော့ ဖတ်ရတာ အားလုံးပဲ တော်တော်မောမယ်ထင်ပ။ :D
ကိုရင်နော့် စတိုင်လို့ပဲ ပြောတော့မယ်နော်
ပို့စ် အသစ်တင်ဦးလေ
ပေါ့ပေါ့ပါးပါးပြုံးဖြစ်တယ်ဗျာ
ရေးလည်းရေးတတ်ပါပေ့ ကိုရင်နော်ရေ
အခုတလော ဖြစ်နေတာတွေကို ဖတ်ရတာက တယောက်ယောက်ကို အလိုမကျ ဖြစ်ပြီး စောင်းရေးထားသလိုပဲ။
* လောလောလတ်လတ် လှောင်လိုက်လို့ လဲလိုက် လျောင်းလိုက် လူးလိုက် လိမ့်လိုက်..။
* လင်းလည်းလင်း လက်လည်းလက် လင်းလာလည့် လက်လာလည့် လင်းလင်းလက် လာလည့်..။
လျောင်းလိုက် လျဲလိုက် လွမ်းလိုက် လောလော လတ်လတ် လွှတ်လျှင် လာလှည့်။
စာလုံးတွေကို သူ့နေရာနဲ့သူ သုံးသွားတာ တော်တော်တော်တယ်။
ရယ်လဲရယ်ရတယ်။
ဖွက်ထားတာလေးတစ်ခုကို တွေ့လိုက်ရသလိုဘဲ။
ဆူးရင့်
အရမ်းမိုက်တယ်ဗျ...
ဒါကိုရင်နော်ရဲ့ အိုင်ဒီယာလား... မခင်လေးရဲ့ အကြံအစဉ်လား...
ကိုအောင်သာငယ်ပြောသလို Oscar ဆုတောင်ပေးလိုက်ချင်တယ်...
ပေါ့ပေါ့ပါးပါးပါပဲ... ပေါ့ပြက်ပြက် ပြောင်ပျက်ပျက် မဟုတ်ပါဘူး
bravo
းဝ)
ကိုရင်နော်ရေ
တကယ်ကိုလန်ထွက်နေတဲ့စာပါ
အခုမှ သေသေချာချာ လာဖတ်မိတာ နောက်ကျသွားတယ်။
ဖြောင်း ဖြောင်း ဖြောင်း...
လလိုက်လှေလေး
လှလိုက်လွန်းလို့
လျှာလေးလေလိုက်
လေလေ့လှေလူးးး
လူးလူးလိမ့်လိမ့်
လိမ့်လွန့်လွန့်လူးး
လူးလိုက်လှိမ့်လိုက်
လှေလိုက် လလိုက်
လျှာလိုက် လိုက် လေး
လုံ့လလဲလိုက်
လွတ်လွတ်လပ်လပ်
လွံတ်လမ်း လှေ၊လ လိုက်
လိုက်လာလှည့်လေးးးးး။
(မူးမေ့မေ့မူး
မှောင်မှောင်မိုက်မိုက်
မမှီမမိ၊
မြန်မြန် မမန့်
မှောင်မိုက်မှမန့်
မောင်.. မ... မမော
မိန့်မိန်မန့်မှာ
မှန်မှန် မှာ)
ချစ်ခင်စွာဖြင့်
ဂဂျောင်
(မလေးရေ.. မြန်မြန်ရေး)
ဘုရားရေ...
ဘယ်လိုများ စဉ်းစားတွေးတောပြီး ရေးထားတာပါလိမ့်နော်... ရေးတတ်လိုက်တာ...
Oscar ဆု ပေးသွားပါတယ်...။
Post a Comment