Saturday, August 15, 2009

ကျွန်မလေ... ခုတလော..!!


တွေးနေမိတာက

  • ဗေဒင်ဆရာမလေးဟောသွားတဲ့ လတ်တလော အခြေအနေ နှလုံးလမ်းကြောင်းမှာ ကျွန်း.. ကျွန်းတွေ ခံနေတဲ့ ကိစ္စ.. အဲ့ဒီထက်ဆိုးတာက အသက်လမ်းကြောင်းကြီးက စွတ်ရှည်နေသေးသတဲ့.. ကဲ.. စဉ်းစားသာကြည့် ကျွန်းတွေ ခံနေပြီး အသက်ကြီး ရှည်နေရမယ့် ဒုက္ခ..။ ကျေးဇူးပြု၍ ဓါးထက်ထက်လေး တစ်လက်လောက် ငှားကြပါလား.. (ကြောက်ပါနဲ့) လက်နှစ်ဖက် ဖြတ်များပစ်ရင် ကောင်းမလား တွေးမိရုံလေးပါဆို.. အဟက်..း)

ကိုယ့်ကိုကိုယ် ပြန်ဆင်ခြင်မိတာက

  • 2009 July 30th မနက်က (ထုံးစံအတိုင်း မဟုတ်ပဲ) ဘာလို့များ ရေမြန်မြန် ချိုးခဲ့မိပါလိမ့်..!!
  • တကယ်ဆို အားရပါးရ အကြာကြီး ချိုးခဲ့သင့်တာ..း(

ကျန်းမာရေး

  • ဆရာဝန်ကပြောတော့ အိုကေ.. ဒါပေမဲ့ မျက်လုံးတွေ ကောင်းတော့ဘူး ထင်တယ်..
  • ဘာပဲ ကြည့်ကြည့် ဝေဝေဝါးဝါး.. မျက်လုံးထဲမှာ ဘာရည်တွေမှန်း မသိ ပြည့်ပြည့်နေ၏..။

ဖတ်ဖြစ်တဲ့စာအုပ်တွေက

  • ဘူးသီး ငါးပေါင်းကြော်တွေ..။

ရောက်နေဖြစ်တာက

  • တံတားအကြီးကြီး တစ်ခုကို လှမ်းမြင်နေရတဲ့ အမြင့် တစ်နေရာ..။

ရေးဖြစ်နေတာက

  • ဘူးသီး ငါးပေါင်းကြော်တွေ..းP

နားထောင်ဖြစ်နေတာက

  • အချိန် သတိပေးသံ တချို့..။

ရွတ်နေမိတဲ့ကဗျာက

  • ဒီသားရဲတွေကြောင့်
  • ညီမလေး ဝမ်းနည်း အားငယ်နေရော့မယ်
  • ဝမ်းမနည်းပါနဲ့ ညီမလေးရေ
  • တို့တတွေ ပြန်ဆုံကြတဲ့အခါ
  • ညီမလေးပါးပြင် ဖောင်းဖောင်းလေး
  • မမ သနပ်ခါးသွေးပြီး လိမ်းပေးမယ်
  • .....................
  • မမတို့ရဲ့နေ့..
  • ညီမလေးရဲ့နေ့
  • ရှေ့မှာ မဝေးတော့ဘူးကွယ်..။

ဖြစ်ချင်နေတာက

  • ငှက်သေးသေးလေး တစ်ကောင်

စားနေမိတာက

  • အသံတွေ

သနားနေမိတာက

  • စုတ်ဖြဲခံလိုက်ရတဲ့ စာလေးတစ်စောင်နဲ့ ကိုယ့် မျက်လုံးတွေ..

လွမ်းနေမိတာက

  • ပန်းနုရောင် သွားပွတ်တံလေး တစ်ချောင်း

မေ့လျော့ပစ်နေမိတာက

  • ရောက်လာမယ့် မနက်ဖြန်တွေကို ကြိုပြီး မေ့ပစ်နေမိ..

ခါးသက်နေမိတာက

  • နွားနို့ဗူးတွေ..

တမ်းတနေမိတာက

  • နေရောင်တွေရဲ့ အထိအတွေ့..

ကြိတ်ပြီးချီးကျူးနေမိတာက

  • အပြုံးမပျက်တဲ့ “အမေ”

ကြိတ်ပြီးအထင်သေးနေမိတာက

  • အဲ့ဒီ သားရဲတွေ..

ဆန္ဒမရှိတဲ့နေရာ

  • စားပွဲတစ်လုံး ခုံနှစ်လုံးပဲ ရှိတဲ့ အခန်းတစ်ခန်း

ဆန္ဒရှိနေတဲ့ကိစ္စ

  • ရွှေရောင်နေ့ရက်များသို့..

မုန်းတီးနေမိတာက

  • အားလုံးသိတယ်.. ပြောစရာ မလိုတော့ဘူးပဲ..

ချစ်နေတာက

  • ပြုံးပြနိုင်သေးတဲ့ ကိုယ့် နှုတ်ခမ်းလေး..

စိတ်ပျက်နေမိတာက

  • မှန်တစ်ချပ်ခြားထားတဲ့ မြင်ကွင်းကျယ်တစ်ခု..

စွဲလန်းနေမိတာက

  • အိမ်အပြန်လမ်းလေး..

လိုအပ်နေတာက

  • မေမေ့ BIG HUG..

တောင်းနေမိတဲ့ဆု

  • နေရောင်ခြည်.. မိုးစက်.. နှင်းပွင့်တွေကို............. ခွင့်..

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက

  • ဘာလို့....... ဘာအတွက်....... ဘာကြောင့်.....

ဝန်ခံချင်တာက

  • ဆံနွယ်လေးတွေ ဖွာလန်ကျဲနေတယ်..း(

ချစ်တဲ့ မနော် Tag ထားတာလေးကို ရေးလိုက်ပါပြီနော်..

အားလုံးကို သတိရနေတဲ့..


(ခင်လေးငယ်)

26 comments:

မမသီရိ said...

လွမ်းတယ်.. ညီမလေး..

sweetpeony said...

နှစ်.........
၂..........
2........
two.......

ဒီမိုဝေယံ said...

ရောက်နေမိတာက ?????
ကိုရင်နော် ခင်လေးငယ်ဘလော့..........။

MANORHARY said...

ခင်လေးရေ
သတိရနေတာ
အဝေးကြီးရောက်နေတယ်ဆိုလို့
မတွေ့တာလည်းကြာပေါ့
မဝေးတော့တဲ့နေ့လေးတစ်နေ့လည်း အမြန်ရောက်ပါစေ
ချစ်ခင်စွာ
မနော်

MANORHARY said...
This comment has been removed by the author.
စည်သူ said...

အမရေ...

နေကောင်းတယ်နော်........

ဟဲ့...ကောင်းလို့ ရေးနိုင်တာပေါ့ ငနာကောင် ( မစောင့်နိုင်ဘူး ကိုယ့်ဘာသာဖြေလိုက်တယ် )

ဟီးဟီးဟီး.. နှက်တေးတေးယေးတစ်တောင် ချစ်ချင်တယ်တဲ့ ...

ဟိုနှက်တော့ ချစ်ချင်နဲ့နော်...
တစ်.. တစ်.. တူး.... တစ်.. တစ်.. တူး..း)..း)..းD

ခင်မင်စွာဖြင့်
စည်သူ။

မေဇင် said...

တီငယ်....ရေမြန်မြန်ချိုးလိုက်တော့ ဘာဖြစ်သွားလဲဟင်... နေမကောင်းဘူးလား ၊ မျက်လုံးကို ဂရုစိုက်နော်...။

မေလေး(ဆုံနိုင်ခွင့်) said...

မမခင်လေး ကျမ်းမာရေး ဂရုစိုက်နော်။
မမကိုချစ်လို့ မမခေါတလု လာဖတ်တယ်။
ဦးနော် ခေါတလုတော့ ဖတ်ဖူး။ ဦးနော်က မျက်နှာကြီးရာ ဟင်းဖတ်ပါလို့။ဟိဟိ
သူ့သွားမပေါနဲု့နော်။

အိန္ဒြာ said...

ခင်လေး......

တစ်ကြိမ်တစ်ခါ လဲ ရင် အကြိမ်တစ်ရာထပါတဲ့..

ဒဏ်ရာဆိုတာ မောင်းနှင်အားပဲ....

ချစ်တဲ့ ညီမလေး..နဲ့ တို့တွေအားလုံး
သောကကင်းကင်း...နဲ့ ပျော်ရွှင်ချမ်းသာနိုင်ရပါစေ

ချစ်မကြီး

လုလု said...

လေးငယ်ရေ့ 
အလိုအပ်ဆုံးက လုလုနဲ့ အတူတူပဲသိလား။
မလာဖြစ်တာကြာလို့လေ
ဒီနေ့စာတွေအများကြီးဖတ်သွားတယ်နော်။
ဦးနော်၊ လေးငယ်နဲ့ ကလေးလေးတို့မိသားစုတွေ ကျန်းမာပျော်ရွှင်ကြပါစေနော်။
ချစ်တဲ့
လုလု

ကိုလူထွေး said...

ဘူးသီးငပေါင်းကြော်ဆိုတာ ဂျပန်စာလား တရုတ်စာလား...

းဝ)

Sein Lyan Tun said...

မမ တီငယ်း)

မျောက်မျောက်လို့ ခေါ်တဲ့ တီငယ့်ကို လွမ်းတယ်

မျောက်မျောက်ရေ... ဆိုပြီး အားပေးတတ်တဲ့

တီငယ့်ကို သတိရတယ်...


မျောက်မျောက်မျက်ရည်ကျတုန်းက အားပေးနှစ်

သိမ့်ခဲ့တဲ့ တီငယ်... တီငယ် တစ်စုံတစ်ခုကြောင့်

တစ်ခုသော အမည်မသိ အကြောင်းကြောင့်

မျောက်မျောက်တို့နဲ့ဝေးနေတဲ့ အချိန်မှာ တီငယ့်ကို

မျောက်မျောက်က စကားလေးတစ်ခွန်းနဲ့တောင်

တီငယ်ပြုံးအောင် မပြောနိုင်တဲ့ အတွက်

မျောက်မျောက်လုံးဝ စိတ်မကောင်းဘူး....

ဘယ်အချိန်ဖြစ်ဖြစ် ဒီအမတွေ အကိုတွေကို

သတိရလိုက်ပါ မျောက်မျောက်ရယ်လို့ ပြောတဲ့


တီငယ့်စကားလိုပဲ ဘယ်အချိန်ဖြစ်ဖြစ် မျောက်မျောက်

ချစ်တဲ့ အကိုတွေ အမတွေ အတွက် အမြဲ ရှိနေ

တယ်ဆိုတာ တီငယ်ယုံကြည်မယ်လို့ မျောက်မျောက်

ယုံကြည်တယ်...

ဘာဖြစ်ဖြစ် တီငယ် ကျမ်းမာရေးကို ဂရုစိုက်ပါ...

တီငယ်အမြဲပျော်ရွှင်တာကိုမြင်ချင်ပါတယ်....

တီငယ့်အတွက်လက်ဆောင်လေးလဲ ပြီးတော့မယ်...း))))

မျောက်မျောက်နဲ့ တီငယ် ဦးနော် အကြောင်းတွေ

အတင်းပြောကြမယ်လေ... အဟိ..

ဘာပြောလဲ ဆိုတာ ဦးနော်လာမေးရင် သားမပြောဘူးနော်

တီငယ်လဲပြောပြနဲ့....

ပြီးရင် စိတ်ဆိုးကြမယ်... စိတ်ကောက်ကြမယ်...

တီငယ် မမရဲ့ အားပေးစကားတွေကို ကြားချင်ပါသေးတယ်နော်... မြန်မြန်ပြန်လာခဲ့...

စကားတွေ အများကြီးပြောကြမယ်...

တီငယ့်ကိုချစ်တဲ့ မျောက်မျောက်ရေးတဲ့ ကော့မန့်လေးဖတ်ရလို့ တီငယ် ပြုံးဖြစ်ရင်

မျောက်မျောက်ကျေနပ်တယ်....


ဦးနော်နဲ့ တီငယ့်ကို့

ချစ်ခင်လေးစားခြင်းများစွာဖြင့်


မျောက်မျောက်

Sein Lyan Tun said...

မျောက်မျောက် ဘီးတစ်ချောင်းဝယ်ထားတယ် တီငယ်

ဖွာလန်ကျဲနေတဲ့ ဆံပင်လေးတွေကို ဖီးသင်ပေးဖို့.။။။


ကျနော်လူဆိုးကိုမယုံကြည်နဲ့နော်.. ရှိတဲ့ဆံပင်တွေပါကုန်သွားတယ်...း)))


တီငယ့်ဆန္ဒရှိတဲ့ ရွှေရောင်နေ့ရက်တွေကို မျောက်မျောက်တို့တူတူ ချီတက်ကြမယ်

ဒါကြောင့် ဘာအရည်မှန်းမသိပြည့်နှက်နေတဲ့ မျက်လုံးတွေအတွက် မျောက်မျောက် ဆေးပေးမယ်

ရယ်ဆေးပေါ့...


တီငယ့်ကို လွမ်းနေကြတယ်နော်းးးးးးးး



အားတင်းထားပါ...

ခုတစ်လောလေးကိုဖတ်တော့ ပိုလွမ်းတွားဒယ်



ချစ်ခင်လေးစားစွာဖြင့်


မျောက်မျောက်

မယ့်ကိုး said...

မျက်လုံးထဲမှာ ဘာရည်တွေမှန်း မသိ ပြည့်ပြည့်နေ၏..။
တဲ့လား။
မရေ..ဖတ်ရင်းကြေကွဲမိပါတယ်။
မရေးနေတာက ဘူးသီး ငါးပေါင်းကြော်တွေဆိုတာလည်း တကယ်အားကျမိပါတယ်။
မယ် မရေးနိုင်သေးဘူး။

မရွတ်နေတဲ့ကဗျာလေးလို တစ်နေ့ မနဲ့ ဆုံချင်ပါတယ်။

ချစ်တဲ့ညလေး

Anonymous said...

ဝမ်းမနည်းပါနဲ့ ညီမလေးရေ
တို့တတွေ ပြန်ဆုံကြတဲ့အခါ
ညီမလေးပါးပြင် ဖောင်းဖောင်းလေး
မမ သနပ်ခါးသွေးပြီး လိမ်းပေးမယ်..



(ps တားငယ် တတိရနေဒယ် တီနော်)

တာရာ said...

တီငယ်..ဘာမှတွေးမနေနဲ.နော်...စိတ်ကိုတတ်နိုင်သမျှ အေးအောင်နေပါ..ညစ်နေတဲ့စိတ်တွေပျောက်သွားအောင် ဘလော့တွေကိုသာ လည်နေလိုက်နော်...သနပ်ခါးပို.စ်လေးတင်အပြီးမှာပဲ တီငယ့်ပိုစ်ထဲက ကဗျာလေးကို ဖတ်ရတော့ ဝမ်းနည်းသွားတယ်....

ဖိုးမောင်(happycloud) said...

မခင်နေကောင်းကျန်းမာရဲ့လား... မတွေ့ဖြစ်တာကြာလို့ သတိရနေပါတယ်ဗျာ...
စကားတွေ မပြောဖြစ်တာလည်း ကြာပါပီ...
နေကောင်းကျန်းမာ အဆင်ပြေစေကြောင်းဆုတောင်းလျှက်ပါဗျာ...
ခင်မင်ရတဲ့သူတွေဆိုတော့ မတွေ့တာကြာရင် သတိရနေမိတယ်ဗျိုး...
ဖိုးမောင်

ဒီဇင်ဘာနှင်း said...

စာအကြွေးတွေတဖြည်းဖြည်းလာဖတ်သွားမယ်နော်

ကျောပိုးအိတ် said...

အန်တီခင်လေးရေ

ကျန်းမရေးဂရုစိုက်နော်. ဘာဘဲကြည့်ကြည့်ဝေေ၀၀ါးဝါး ဆိုတော့ ဒီရက်ပိုင်းမှာ ဘယ်သူ့ ကိုမှ ပိုက်ဆံမချေးနဲ့  နော်။

တော်ကြာ ကိုယ်ချေးလိုက်တာ ပိုက်ဆံကြီးကြီး ပြန်ရတော့ သေးသေးဖြစ်နေမယ်။
း)

နှလုံးလမ်းကြောင်းမှ ကျွန်းခံနေတယ်တဲ့လား။ ဘူရိုဇာနဲ့ ထိုးလိုက်။ အဲကျွန်းကို

ချစ်တဲ့
ပိုးပိုး

pandora said...

နှင်းတွေဝေနေတဲ့လတ်တလော..
ဝေေ၀၀ါးဝါး လတ်တလော
လာဖတ်သွားပါတယ်

jr.လွင်ဦး said...

ချစ်စရာကောင်းတဲ့ ညီမလေးကဗျာလေး။
နောက် မေမေ့ BIG HUG..

RePublic said...

ကိုရင်ကြီး မခင်လေး .. ရောက်စ် ။
ဘလော့ဂ်ထဲရောက်လို့ စာတွေလာဖတ်နေတာ။
နေကောင်း ကျန်းမာတယ်ဟုတ် ။

ဆောင်းယွန်းလ said...

ဘူးသီးငါးပေါင်းကြော်တွေမြန်မြန်ကြော်ပါညီမခင်လေး
ရေ......

ခင်မင်လျှက်

ငှက်ငယ်လေး said...

ဒီသားရဲတွေကြောင့်
ညီမလေး ဝမ်းနည်း အားငယ်နေရော့မယ်
ဝမ်းမနည်းပါနဲ့ ညီမလေးရေ
တို့တတွေ ပြန်ဆုံကြတဲ့အခါ
ညီမလေးပါးပြင် ဖောင်းဖောင်းလေး
မမ သနပ်ခါးသွေးပြီး လိမ်းပေးမယ်
.....................
မမတို့ရဲ့နေ့..
ညီမလေးရဲ့နေ့
ရှေ့မှာ မဝေးတော့ဘူးကွယ်..။

ကဗျာလေးကိုချစ်လို့ 

မိုးမောင်(HappyCloud) said...

ပြန်ရောက်ရင် ချက်ချင်းသတင်းပို့ပါ။ ဟဲ ဟဲ။ မအာရတာ ကြာပြီ။ ကိုရင်က Typing အားကြီးနှေးတယ်။ မငယ်ကြီးလောက် လက်မသွက်ဘူး။ ကျနော် ဆုတော့ တောင်းခဲတယ်။ ဒါပေမယ့် အခုဆုတောင်းချင်နေတယ်။ အဓိကတစ်ခု ကျန်းမာပါနေစေဖို့ပါပဲ။

Mogok Thar said...

မလေး ရေရရရရရရရရရရ...

ခုတလော လေး ဖြတ်ခနဲ တွေ့လိုက်လို့ ပြေးလာတာ။

၁။ မလေးရေ.. ကျွန်းတွေ ဘယ်နှစ်ကျွန်းလောက် ခံနေလဲ ပြိုင်မလား။ အနော်က သောကြာခါးပတ်တောင် ပါသေး။ မလေး လိုချင် အမွေပေးမယ်လေ။
၂။ ဘာရည်တွေမှန်းမသိတာတွေ ခပ်ထုတ်လိုက်လေဗျာ။ နော် မလေး။
၃။ ဘူးသီးငါးပေါင်းကြောက အနော် သိပ်ကြိုက်ထာဗျ။ ကြော်ကျွေးပါ မလေးရေ..။
၎။ အနော်က အမြင့်ကြောက်တယ်။ မလေး ရောက်နေတဲ့ နေရာ လာမလည်တော့ဘူး။
၅။ ကြိုက်နေမိတဲ့ ကဗျာလေးက သဘောကျစရာ။
မဝေးလှတဲ့တနေ့တွေ အမြန်ဆုံး ရောက်လာပါစေဗျာ။
၆။ ငှက်တေးတေးလေး ဆို ၀တ်ရည်စုပ် တဲ့ ရောင်စုံ ငှက်လှလှလေးလားး။ ပြေးမြင်မိတယ်။
၇။ စာလေးတစ်စောင်က မုန်တိုင်းများစွာ သယ်လာလေသလားးး မလေးရယ်။
၈။ အသားမဲမှာစိုးလို့ နေရောင အထိမခံတာများးး
၉။ အမေံကိုောတ့ အမြဲ လေးစား ချိးကျူးလျှက်ပါဗျာ။
၁၀။ ဒီတောက ကြမ်းတယ်။ သားရဲပေါတယ်။ ဒါပေမဲ့...
၁၁။ ရွှေရေင်နေ့ရက်တွေ အမြန်ဆုံး တောက်ပလင်းလက်ပါစေ။
၁၂။ စွဲလန်းနေမိတဲ့ အိမ်အပြန်လမ်း အကြောင်းလေးး သိချင်လိုက်ထာဗျာ။
၁၃။ ဘာလို့၊ ဘာကြောင့်၊ ဘာအတွက်ရယ် မသိပေမဲ့ ဘယ်လို ဘယ်ပုံ ဘယ်သို့ ကို ရှာနေမိတယ်ဗျာ။

ဝန်ခံချင်တာက..
အနော်တို့ရဲ့ မလေးက ဆံနီယ်လေးတွေ ဖွာလန်ကျဲနေလဲ အပြုံျးွှုတ်ခမ်းလေးနဲ့ (အရမ်း အရမ်း) လှနေမယ် လို့ သိနေတာကိုပါဗျားး။

မလေးရေ.. အမြန်ဆုံး အဆင်ပြေ ပျော်၇ွှင်ပါစေ။

ချစ်ခင်သတိရခြင်းများစွာဖြင့်

-ေ-ျာ-်