ဒီပြဿနာကို လဆန်းလောက်တုန်းက ကျနော်လည်း ကြုံခဲ့ရပါတယ်..။ ပိုစ့် အသစ်ရေးဖို့ ဘယ်လိုမှကို လုပ်မရတာ.. အပေါ်မှာ ပြထားတဲ့ ပုံထဲကလို ရှင်းရှင်းကြီး ဖြစ်နေတာ..။ ဘာလိုလုပ်ရမယ် မသိ..။ ဘာလို့ ဖြစ်မှန်းကို မသိ ဖြစ်နေတာ..။ စိတ်ညစ်ညစ်နဲ့ အိပ်ပဲ အိပ်အိပ်နေလိုက်ရော..။ နောက်ဆုံးတော့ ဂူဂဲလ် ထဲမှာ ရှာရင်း ဖွေရင်းနဲ့ ဒီပြဿနာလေးအကြောင်း သွားတွေ့လို့ လိုက်လုပ်ကြည့်လိုက်တာ့ အိုကေမှာ စိုပြေသွားရော..။
ဒီပြဿနာလေးကို ကျနော်တို့ ဘလော့ဂါနောင်တော်ကြီး ကိုရန်အောင် ကလည်း သူ့ရဲ့ ကိုယ်ပျောက်ပညာနဲ့ ကျနော့်စက်ထဲ ဝင်ရောက်မွေနှောက် ကူညီသွားပါသေးတယ်..။ ပြဿနာ အဆင်ပြေသွားတော့ “ကိုရင် ဒီအကြောင်း ပိုစ့်ရေးလိုက်ဗျာ” တဲ့.. “ဒီအခက်အခဲတွေ့နေတဲ့သူတွေ အဆင်ပြေအောင်” တဲ့..။ ကျနော်ကလည်း နည်းပညာအကြောင်းတွေ သိပ်မရေးရဲဘူးဗျ.. ရေးနေကျလည်းမရှိ၊ ကိုယ်တိုင်ကိုက သေချာသိတာမျိုး မဟုတ်တော့လေ..။ ဒီလိုနဲ့ ဒီအကြောင်းကို မရေးဖြစ်ပဲ ဟိုလိုလို ဒီလိုလိုနဲ့ လိမ့်နေလိုက်တယ်..။
ကိုယ်က အဆင်ပြေပြီး ငြိမ်နေလိုက်ပေမယ့် ဒီပြဿနာကို ဘလောဂါ သူငယ်ချင်းတွေ တော်တော်များများ ကြုံတွေ့ နေရသေးတယ် ဆိုတာ နောက်တော့ သိလာတယ်..။ ဒီတော့ ကိုယ်အဆင်ပြေသွားပုံလေးကို ပြန်ပြီး ပြောပြမယ်လေ ဆိုပြီး ဒီပိုစ့်လေးကို ရေးလိုက်တာပါ..။ နည်းပညာပိုစ့်လို့ မထင်ပါနဲ့နော့်.. မျှဝေထားတာလောက်ပါပဲ..။
ဒီပြဿနာကလည်း စင်္ကာပူမှာပဲ ဖြစ်နေတာပါ..။ စလုံးမှာတောင်မှ SingNet လိုင်း သုံးသူတွေ ပိုဖြစ်ပါတယ်..။ ဆင်းနက်ဆိုတော့... ဆင်တဲ လိုင်းကပေါ့နော့်.. ဆင်တဲ ဆိုတော့ ဆင်တင်းကုတ် ပေါ့.. ဒီတော့ ဆင်တင်းကုတ်က ဆင်တွေ.. ဆင်တွေ တွေ့နေရတဲ့ ပြဿနာပေါ့.. (ဟဲဟဲ... နောက်တာပါ..

ဒီပြဿနာကို ရှင်းဖို့က နည်း (၂) နည်းရှိပါတယ်..
ပထမဆုံး လုပ်သင့်တာက ဆိုင်ဆိုင် မဆိုင်ဆိုင် CClean ကို Download လုပ်ပြီး စက်ထဲက ဘာညာကွိကွတွေကို အရင် ရှင်းလိုက်ပါ.. Temporary Files တွေ Cookies တွေ History တွေ ရှင်းလိုက်တော့ စက်က အနည်းအပါးတော့ ပေါ့သွားတာပေါ့..။
ပထမနည်း
Mozilla Firefox သုံးသူများအတွက်
- (၁) Menu Bar က Tools ကို နှိပ်ပါ.. ပြီးရင် Options ကို နှိပ်ပါ
- (၂) အဲ့ဒီမှာ တွေ့တဲ့ “Advanced” ဆိုတာကို ထပ်နှိပ်ပါ
- (၃) ပြီးရင် “Network” ဆိုတာကို နှိပ်ပါ
- (၄) “Connection” ဆိုတာရဲ့ အောက်မှာ “Settings” ဆိုတာကို နှိပ်လိုက်ပါ
- (၅) “Manual proxy configuration” ဆိုတာကို ရွေးလိုက်ပါ
- (၆) HTTP proxy: ဆိုတာရဲ့ ဘေးက အကွက်မှာ proxy.singnet.com.sg လို့ ရိုက်ထည့်လိုက်ပါ
- (၇) Port: ဆိုတာရဲ့ ဘေးက အကွက်မှာ 8080 လို့ ရိုက်ထည့်လိုက်ပါ
- (၈) ပြီးရင် “Click” ကနဲ.. “ကလစ်” ကနဲ မြည်အောင် "OK" ကို နှစ်ခါ နှိပ်လိုက်ပါ
- (၉) Firefox ကို ပိတ်ပြီး.. ပြန်ဖွင့်လိုက်ပါ
Blogger.com မှာ ကိုယ့်ဘလော့ကို Sign in လုပ်ပြီး New Post ကို ကြည့်လိုက်ပါ.. အိုကေသွားပါပြီ.။
Internet Explorer သုံးသူများအတွက်
- (၁) Menu က Tools ကို နှိပ်ပါ.. ပြီးရင် Internet Options ထဲကို ဝင်ပါ
- (၂) Connections ဆိုတဲ့ tab ကို နှိပ်ပါ
- (၃) LAN Settings ကိုနှိပ်ပြီး ဝင်လိုက်ပါ
- (၄) Proxy Server ရဲ့အောက်မှာ Use a proxy server for your LAN ဆိုတာကို ရွေးပါ
- (၅) ပြီးရင် Advanced ဆိုတဲ့ Button လေးကို နှိပ်ပါ
- (၆) အပေါ်ဆုံးက HTTP ဆိုတာရဲ့ ဘေးအကွက်မှာ proxy.singnet.com.sg လို့ ရိုက်ထည့်လိုက်ပါ
- (၇) ဘေးက Port: ဆိုတာရဲ့ အကွက်မှာ 8080 လို့ ရိုက်ထည့်လိုက်ပါ
- (၈) ပြီးရင် “Click” ကနဲ.. “ကလစ်” ကနဲ.. နောက်ထပ်တစ်ခါ “ကလစ်” ကနဲ မြည်အောင် "OK" ကို သုံးခါ နှိပ်လိုက်ပါ
IE ကို ပိတ်ပြီး ပြန်ဝင် Blogger ကို Sign ပြန် In ပြီး New Post ကို ကြည့်လိုက်ရင် အိုကေပါပြီ..။
အဆင်ပြေမှာပါ.. မပြေသေးဘူးဆိုရင်တော့ ဒီကနေ Sign in လုပ်ပြီး သုံးလို့ ရပါတယ်..။
ဒုတိယနည်း
Computer and Internet သုံးသူတိုင်းအတွက်
- (၁) အင်တာနက် ကွန်နက်ရှင်ကြိုးကို “ဗြုတ်” ကနဲ မြည်အောင် ဆွဲဖြုတ်လိုက်ပါ
- (၂) Start ကိုဖွင့်ပြီး Shut Down ဆိုတာကို “ရော့ကွာ” ဆိုပြီး နှိပ်ချလိုက်ပါ
- (၃) ပြီးရင် အေးရာအေးကြောင်း “ခလောခလော” မြည်အောင် အိပ်ပစ်လိုက်ပါ
အိပ်ရေးကတော့ သေချာပေါက် ဝမှာပါ.. (စွဲကပ်နေတဲ့ ဘလော့ ရောဂါလည်း ကုပြီးသား ဖြစ်တာပေါ့ အဟဲဟဲ

ပထမနည်းရဲ့ ပြဿနာ ဖြေရှင်းပုံလေးကို ဘလော့ဂါ ဆရာကြီးတွေ ဖြစ်တဲ့ Chuck နဲ့ Peter @ Enviroman တို့ရဲ့ Blog တွေကို ဖတ်မိပြီး သိသွားတာပါ..။ ဆရာကြီးတွေကို ဒီနေရာကနေပဲ Thank You So Much လို့ ကျေးဇူးတင်ရင်း ဂါရဝပြုလိုက်ပါတယ်..။
ဒုတိယနည်းကတော့ ဘလော့ရောဂါ ကုသဖို့ ကျနော်ကိုယ်တိုင် ရှာဖွေ တီထွင်ထားတာပါ..

အားလုံးပဲ ပျော်ရွှင်အဆင်ပြေစွာ ဘလော့ဂင်းနိုင်ကြပါစေ..
ခင်မင်လေးစားချစ်ခြင်းအားဖြင့်..
(ကိုရင်နော်)
14 comments:
Firefox မသုံးပဲ IE သုံးတဲ့ သူအတွက်ရော.... ဦးနော်... ရုံးက ကွန်မှာ အဲ့လို အမြဲ ဖြစ်နေတယ်... အိမ်မှာ မဖြစ်ဘူး ...။ IE သုံးတဲ့လူတွေအတွက် ပြောပြပါ...တကယ်ပဲ ကော်နက်ရှင်ကြိုးကို ဆွဲဖြုတ်ပြီး အိပ်လိုက်ရမှာလား....း(
ှုIE ကိုထပ်ရေးပေးတဲ့ အတွက်ကျေးဇူး အထူးပါ.... ကော်ပီ ကူးပြီး... သိမ်းလိုက်ပါပီ... ရုံးမှာ အမြဲကြုံရလို့ စိတ်ညစ်နေတုန်း... သိရတဲ့အတွက် ကျေးဇူး အထူးပါ....
အဲလဲ့ ဦးနော်ကွ............ ဂလိုအားပေးတာနော်။
ဒါလည်းရတာပဲနော်။ ဟုတ်ပ ဦးနော်ရေ ဒီပြဿနာတက်နေတာ ကြာပေါ့။ ဦးနော်ပြောသလို လုပ်လိုက်မယ် ခဏနော်။
ကောင်းမကောင်း ပြန်လာအော်မယ်။ ဒီကနေအော်လိုက်ပါတယ် ရှဲ့ရှဲ့ လို့ ..........
ဒုတိယနည်းပဲ စိတ်ဝင်စားတယ်း))
ဘာမှမတတ်နိုင်ဘူး..း))
ဒုတိယနည်း စိတ်ဝင်စားတယ်
တစ်ကယ်လုပ်ဖြစ်မှာတော့ မဟုတ်ဘူး...... အဟဲ.. :D
အော်.. အဲလိုကိုး..ကျမတို့ဆီမှာတော့ ကျော်လွှားပြီး သုံးရတော့ အဲဒီလို ပျောက်နေတာ ပုံမှန်လိုဖြစ်နေတာနဲ့ နေသားတောင် ကျနေပေါ့... စမ်းကြည့်လိုက်ဦးမယ်နော်.. ကျေးဇူးပါ..
ဒုတိယနည်းကို မနေ့တည်းက သိရမှာ ...:P
မလုပ်ကြည့်ရသေးပါဘူး။ အရင်ကျေးဇူးတင်ထားတာပါ။
လတ်တလော ဒုတိယနည်းကို အတိုင်းထက်အလွန် ထောက်ခံတယ်ဆရာ :D
ကိုရင်ရေ တစ်လောက ဖြစ်သွားတယ် အဲ့လို အဲ့လို ကယ်ပါ ကယ်ပါ လုပ်ရတာပေါ့
တော်သေး ဘေးမှာ ဆရာကြီး တစ်ပါးရှိနေလို့
ဒုတိယနည်းပဲ ကောင်းတယ် :)
အကိုရေ
စလုံးပဲဖြစ်တာမဟုတ် ကျွန်တော်တို့ဗမာပြည်မှာလည်း ဖြစ်တယ်
ကျေးဇူးပါပဲ ဦးနော်ရေ..
အခုမှပဲ ရသွားတော့တယ်။ :)
အော တို့ တယောက်ထဲ ဖြစ်တယ် ထင်နေတာ အားလုံး ဖြစ်ကြတာ ကိုး အဲ့နေ့ကတော့ အကုန်ကယ်ပါ အော်လိုက်ရတယ်၊ နောက် မောင်လေးတယောက်က http://draft.blogger.com က ၀င်လုပ်ကြည့်ဆိုလို့ လုပ်လိုက်တာ အိုကေတယ်၊ နောက်နေ့ကျ မအိုကေတော့ ပြန်ဘူး၊ ခု ကိုနော့်  စာလေး သေချာ ကူးထားလိုက်မယ်နော်း)
ဆင်တဲသားက ဆင်တဲကို နောက်ထားတဲ့ စကားတွေ တွေ့တော့ စိတ်ဆိုးလိုက်ရမလားကွ :)
Post a Comment