Wednesday, August 19, 2009

ကျွန်မရဲ့ “ည”..


အိပ်လည်း မရ
သက်ပြင်းသာချ
ကျွန်မရဲ့ ”ည”..


ပင်လယ်စပ်က

ရေလှိုင်းဖွဖွ
က နေတဲ့ ”ည”..

လေညင်းထက်က 
လှေငယ် နွမ်းလျ
အေးစက်စက် “ည”

တံတားထက်က 

ကြယ်ပြာ ရေခ
ပင့်သက်ရှိုက် “ည”..


ခပ်ဝေးဝေးက 
တေးသံ ကွဲရှ
ကာရန်မဲ့ “ည”

နုညံ့လှပ 
ခေါ်သံချိုမြ
ခြေသံမဲ့ “ည”..



နာရီသံက 
ငိုရန် နိုးဆွ
ခါးသီးတဲ့ “ည”..

ဖဲပြားလှလှ 
ပြေကာ မြေခ
ကေသာရှုပ် “ည”..


အိပ်စက်မရ 

အိပ်မက်ထဲက
ကျွန်မရဲ့ “ည”..


အင်တာနက်နဲ့ အရမ်းကို အလှမ်းဝေးလွန်းတဲ့ နေရာတစ်နေရာမှ အားလုံးအတွက် အမှတ်တရ ရေးဖွဲ့ပေးပို့ လိုက်ပါသည်။

လွမ်းဆွတ် တမ်းတခြင်း များစွာဖြင့်..

(ခင်လေးငယ်)

30 comments:

မမသီရိ said...

ညီမလေး...
မိုးပေါ်ကို ခဏ မော့ကြည့်
အဲဒီ မှာ လမင်းလေး
ညီမလေး ကို ချစ်တဲ့သူတွေ
မေတ္တာတွေနဲ့
ချစ်ခြင်းတရားတွေ
အဲဒီမှာ ရှိနေတယ်...

ပြတင်း ၀နား
ညီမလေး ခဏ သွားလိုက်
ညီမလေး မျက်နှာ
တိုးဝှေ့သွားတဲ့ လေညှင်းလေး
အဲဒီ ထဲမှာ
မမ တို့ ကိုယ်ငွေ့လေးတွေ ပါနေတယ်....
ညီမလေး ဆံနွယ်ပျော့ပျော့ တွေ
တိုးဝှေ့ ကျီစယ် ခဲ့တာ
အဲဒါ မမတို့ အချစ် တွေ ပေါ့....

ညီမလေး မျက်ဝန်းအမှိတ်
တိတ်တိတ်လေး ငြိမ်နေလိုက်
ညီမလေး ဘေးနား
မမ တို့ ရှိနေတယ်
မမ တို့ ရှိနေတယ် လေ ညီမလေး ရေ...

ချစ်တဲ့
မမ

မယ့်ကိုး said...

မမကဗျာလေးဖတ်ရတာ ကြေကွဲတယ်။
ချစ်ညလေးလည်း ရှိတယ်နော် မ။
မရဲ့ ခါးသီးညလေးကို မျှဝေခံယူဖို့ အမြဲရှိနေမယ်နော်။

မေဇင် said...

ကဗျာလေး ဖတ်ပြီးတော့ ....အိပ်မရ ခါးသီးတဲ့ညတွေကို ကိုယ်ချင်းစာမိသလိုပဲ....။

ဒီမိုဝေယံ said...

ညပြီးရင် နေ့ဆိုတာရောက်လာမှာပါ။ အမှောင်ပြီးရင် အလင်းအလှည့်ပေါ့။
ခရီးဝေး ရောက်နေတဲ့ မခင်လေးခါသီးတဲ့ ညတွေကျော်လွန်ပြီး ချိုမြိန်တဲ့ညတွေ ရရှိနိုင်ပါစေ။

မေလေး said...

မမရေ

ရောင်နီလာနေပါပီ

တောင်ပေါ်သား said...

တီငယ်ရေ ခံစားသွားတယ် ဒီလိုညချမ်းလေးတွေလဲ တခါတရံတော့ လူတိုင်း ခံစားကြမှာပဲနော့် သတိး)


လေးစားလျက်
တောင်ပေါ်သား

Mogok Thar said...

မလေးရေ...
ကျွန်မရဲ့ ”ည”..
က နေတဲ့ ”ည”..
အေးစက်စက် “ည”
ပင့်သက်ရှိုက် “ည”..
ကာရန်မဲ့ “ည”
ခြေသံမဲ့ “ည”..
ခါးသီးတဲ့ “ည”
ဆံနွယ်ရှုပ် “ည”..

အဲဒီ “ည” တွေပြီးရင်
ရွှန်းပချမ်းမြေ့တဲ့ လသာ “ည”
ကြယ်တွေစုံမြူးတဲ့ “ည”
ကြည်နူးဖွယ် သံစဉ်ချိုမြတဲ့ “ည”
ခံနွယ်ခွေဖြေချ၊ သိပ်လှတဲ့ “ည”

ကြည်နူးစရာပကတိ အတိပြီးတဲ့ညတွေ ရှိလာအုံးမှာပါဗျာ။

ပျော်၇ွှင်ခြင်းတွေနဲ့ လင်းလက်တောက်ပတဲ့ “နေ့” တွေ “ည” တွေ အမြန်ဆုံး ပိုင်ဆိုင်နိုပါစေ။

ချစ်ခင် သတိရခြင်းများစွာဖြင့်

မိုးမောင် said...

တစ်ခုပဲ ဆုတောင်းပေးနေတယ် ကျန်းမာပါစေ...

Dream said...

မယ်မယ်... မယ်မယ်ရဲ့ည ဟာလဲ မက်မက်ရဲ့ညပါပဲ...
ဟိဟိ...

အိပ်မက်ထဲက အိပ်စက်မရ
မက်မက်မယ်မယ်ည... :P

မယ်မယ်..မတွေ့တာကြာပြီ..ဘယ်ပျောက်..နေလဲ
လွမ်းနေတယ်.. ဟင့်...ကလေးကိုလဲ ပစ်ထားတယ်..... ၀ါးးးးး(

လူဆိုးမယ်မယ်...တွေ့မှ အာဝါးးကိုပါးချိုင့်တဲ့အထိကို အတိုးနဲ့ ပေးပစ်မယ်... အဟီးးး (ပြီးရင်လဲ မက်မက်နှာခေါင်းလေးလဲ တိုသွားဦးမယ်... ) ဟင့်... :P

ကာရံဆူး said...

အိပ်မရတဲ့ညတွေ များသူခြင်းမို့ လှပတဲ့ ညကလေး ပိုင်ဆိုင်နိုင်ပါစေ...လို့ ဆုတောင်းပေးပါတယ်...

RePublic said...

မခင်လေး... ရစ်သမ်တစ်ခု အတိုင်း "ည" က တော့မြူးကြွနေတော့တယ် ။

Sein Lyan Tun said...

မမ

ညညတွေ ခြောက်ခြားလွန်းနေတယ်

သားလဲ မပျော်ဘူး

ငိုချင်နေတဲ့ အချိန် မမ မရှိတော့ပိုငိုချင်တယ်


မမ အဆင်ပြေ နေကောင်းပါစေ


ချစ်ခင်ခြင်းများစွာဖြင့်

မျောက်မျောက်

minn thuka said...

အခုနောက်ပိုင်းတွေ့ရခဲတဲ့ အရေးအသားလေး
မှတ်မှတ်ရရ ရှိစေပါတယ်ဗျာ...
နောက်ပိတ်လေးတွေကို အသံ ကာရံယူသွားတာ
ချစ်ဖို့ကောင်းလိုက်တာ..
လေးစားလျက်...

အိန္ဒြာ said...

အမှောင်တွေရဲ့ တဖက်မှာ..ရောင်နီများရှိမယ်..

အမှောင်တွေရဲ့ တဖက်မှာ..ရောင်နီများရှိတယ်..

အဲ..

မိုးမလင်းသေးရင်တော့..အိပ်ဦး..ခင်လေး..ရေ..

ဖိုးမောင်(happycloud) said...

မခင်ရေ...
ခါးသီးတဲ့ ညတွေ အမြန်ဆုံးလွန်မြောက်ပါစေလို့ ဆုတောင်းပေးနေပါတယ်...
ဖိုးမောင်

MANORHARY said...

ခင်လေးရေ
အိပ်စက်မရတဲ့
အိပ်မက်ထဲကညတွေ
အိပ်မက်တွေနဲ့အိပ်စက်မရတဲ့ညတွေ
ခါးသီးလွန်းတဲ့ညတွေရဲ့ဟိုမှာဖက်မှာ
ရောင်နီများစွာလင်းပါစေ
(သတိရနေပါတယ်)

MANORHARY said...

ခင်လေးရေ
အိပ်စက်မရတဲ့
အိပ်မက်ထဲကညတွေ
အိပ်မက်တွေနဲ့အိပ်စက်မရတဲ့ညတွေ
ခါးသီးလွန်းတဲ့ညတွေရဲ့ဟိုမှာဖက်မှာ
ရောင်နီများစွာလင်းပါစေ
(သတိရနေပါတယ်)

stella said...

တီငယ် အိပ်ပျက်ညတွေ ကင်းဝေးပါစေနော်... ခံစားချက်ပြည့်နေတဲ့ကဗျာကိုဖတ်ရင်း ခံစားသွားပါတယ်..
တာရာ

Anonymous said...

ဘာတွေဖြစ်နေတယ်ဆိုတာ သူစိမ်းတွေလောက်တောင် သိခွင့်မရပါဘူးလေ.. စိတ်ပူပါတယ်.. သတိရပါတယ်တီငယ်။

စည်သူ said...

ည ကိုး ည..

အမြန်ဆုံး.. ကျော်ဖြတ်နိုင်ပါစေ
အမြန်ဆုံး.. လွန်မြောက်နိုင်ပါစေလို့
ဆုတောင်းပေးလိုက်ပါတယ်...

ခင်မင်စွာဖြင့်
စည်သူ။

Kaung Kin Ko said...

ဘယ်သူရေးတဲ့ ကျမရဲ့ ညတွေတုန်း

လုလု said...

လေးငယ်ရေ့ 
ထပ်တူပဲ ခံစားသွားရပါတယ်နော်။
အားလုံးအဆင်ပြေပါစေနော်။
ချစ်တဲ့
လုလု

ကိုလူထွေး said...

voa မှာ ပြောသွားတဲ့ အသံနဲ့ဆို ကဗျာတွေ ဖတ်ပြရင်လည်း အတော်နားထောင်လို့ကောင်းမှာဗျ...

ကိုရင်နော်ကတော့ အဲဒီတုန်းက သူ့အသံဗြဲကြီး လူသိမှာစိုးလို့ ရှောင်ပြေးနေတာ မဟုတ်လား...

းဝ)

yangonthar said...
This comment has been removed by the author.
yangonthar said...

ပွင့်ပွင့်လင်းလင်းကြီးကို ရေးချလိုက်ပြီဗျို့ 
အစ်မခင်လေးငယ်ရေ အတွေးတွေထူတဲ့ ည
ဒါမှ မဟုတ် ချစ်သူလွမ်းတဲ့ ညမှာ ဒီကဗျာလေး
ကို သတိရနေမယ် တစ်ပုဒ်လုံးကြွပြီး မြူးနေတဲ့ 
စာသားတွေကို ခိုက်တယ် :D
အေးမြသာယာပါစေ
ရန်ကုန်သား
:D

အချစ်မဲ့ဂစ်တာ said...

ကဗျာလေး လှတယ်.. အိပ်မက်ထဲမှာတောင် အိပ်လို့ မရဘူးဆိုတော့ တော်တော် ခက်မှာပဲနော်... လှပတဲ့ ညတွေ တွေ့ပါစေဗျာ..။

mgngal said...

ညတွေက လှပါတယ် ။ လှပတဲ့ညတွေ ပိုင်ဆိုင်ပါစေ ။

Angel Shaper said...

အိပ်မက်ထဲက
အိပ်စက်မရ
ကျွန်မရဲ့ “ည”..
တဲ့လား။ သမီးကတော့ အိပ်မက်ထဲမှာတောင် အိပ်နေတာပဲ သိုးလို့ ။ ဟီး အိပ်ပုပ်လို့ ပဲ ၀က်ပုပ်ကလေးကို ဖြစ်လို့ ဟိဟိ။
ဒီညတော့ အိပ်ရေးဝပါစေဗျာ။

မိုးခါး said...

တခါတလေ ကြုံဖူးတယ် အဲလိုညမျိုးလေ ..း))

Unknown said...

ခင်လေးငယ်
အဲဒီလိုညမျိုးတွေ မရေတွက်နိုင်အောင်ပါပဲ ။
အထူးသဖြင့် အင်ဖက်အမိုးအောက်ကလရောင်ညတွေ
မြရာပင်အောက်က လရောင်ညတွေပေါ့ ။
ဇော်နေမျိုး