Tuesday, October 13, 2009

တင့်ဆန်းနေတဲ့ပန်း ညီမလေးရေ..

တင့်ဆန်းနေတဲ့ပန်း


ခင်မင်မှုတွေနဲ့ အနားသတ်လိုက်တယ်
အဲဒီ့ ကတ္တီပါ ခပ်မြမြလေးမှာ
လျော့ရဲသွားတဲ့ ကြိုးတွေတင်းရင်
ပျောက်ဆုံးသွားတဲ့ အမှတ်တရကိုသိမ်းထုတ်ဖို့ ရှာဖွေရင်း
ခရီးပြင်း နှင်နေခဲ့တဲ့ လမ်းတလျှောက်
နွေပျောက်ရင်တောင် လင်းလင်းလက် တောက်မယ် ။ ။

တကယ်ဆို လွတ်ကျသွားခဲ့တာမှမဟုတ်တာ
လွှတ်ချဖို့ အခွင့်တွေကြားမှာ မြဲမြံမှုတွေစွဲဖို့
ငါတို့ရဲ့ စိတ်သံမှိုတွေ လွတ်လပ်ခြင်းနံရံပေါ်မှာ ခိုင်ခိုင်စိုက်လိုက်
ပြုံးနေတဲ့ နှုတ်ခမ်းတစ်စုံမှာ

ဝဋ်နာကံနာ ကုန်တယ် ။ ။

ကြည်နူးမှုတွေ ကပြဖို့အတွက်
ရှေ့ထွက်ဟာ ပင်ပန်းမှုတစ်ခုဖြစ်မယ်
အထီးကျန်မှုတွေ အိပ်တန်းဝင်ဖို့
လွတ်လပ်မှု စတေးခြင်းတွေဟာ ရှေ့ပြေးဖြစ်မယ်
ဘ၀တွေ ငြိမ်းစေဖို့
စိတ်တလင်းတွေဟာ အလင်းဖြစ်မယ်
ဖောက်ထွက်တိုးဖျက်ဖို့ အတွက်
လက်တွေဟာ ခြေထက်မြဲမယ်

ကဲ...ဒီလိုနဲ့ဘဲ
မိုးကောင်းကင်မြင့်မှာ မွေးနေ့တစ်ပွင့်ပွင့်တယ်။ ။

စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
~~~~~~~~~~~~~~~~~~~~~


ညီမလေးရေ....

ညီမလေးရေ..
ငါတို့ဟာ.. အရှိန်နဲ့ပြေးထွက်လာတဲ့ ပေါက်ဓါးတွေလို..
တဆတ်ဆတ်တုန်ခါနေပေမယ့်
ပစ်မှတ်ကို အနက်ရှိုင်းဆုံး ထိုးဖေါက်ကြစို့ကွယ့်..။

သောကကို ရယ်မောသံအဖြစ် အသွင်ပြောင်းလို့
နာကျင်ခြင်းတွေကို သီချင်းလုပ်ဆိုကြမယ်..
ကြုံဆုံလာသမျှ အခက်အခဲတွေဟာ.
ငါတို့ နှလုံးသွေးရောင် သင်ခန်းစာတွေပဲ
မိုင်ထောင်ချီဝေးတဲ့ခရီးရဲ့ ပထမဆုံးခြေလှမ်းမှာကိုက..
ဒုက္ခသစ္စာကို.. အံကြိတ်ရွတ်ခဲ့ပြီးမှတော့..
ဒီခရီး... ဝေးဝေးနီးနီးပေါ့ ညီမရယ်..

အချိန်ကာလဆိုတာ..
သိပ်ကိုကျွမ်းကျင်တဲ့ တံမြက်စည်းတစ်ချောင်းတဲ့ ညီမရေ..
မလိုအပ်တာတွေဟာ..
အချိန်ကျရင်.. လှဲကျင်းခံကြရတော့မှာ...
အဲဒီ့မှာ..
ငါတို့ဟာ..
အမှိုက်မဟုတ်တဲ့ ရွှေ ဖြစ်ကြောင်း
လက်ခမောင်းခတ်ပြီး.. သက်သေပြနိုင်ဖို့
ဒါဟာ... မှတ်ကျောက်တင်ခြင်း..အနုပညာတစ်ခုပါပဲ..

ကိုယ့်ပစ်မှတ်ကိုကိုယ် စိတ်ကြိုက်ရွေးချယ်လို့
ငါတို့... ကိုယ့်အသွားကိုယ်သွေးလိုက်ကြစို့ကွယ်..
မွေးနေ့ဆိုတာ..
အာရုံငါးပါးနဲ့ အဆက်အဆံ အခေါ်အပြောများကြောင်း
တစ်နှစ်တစ်ခါချောင်းချောင်းကြည့်ရတဲ့ စင်တင်ပြဇာတ်လောက်ပါပဲ...

ဘ၀မှာ..
နှစ်ခါမသေပါဘူး.. ညီမရေ..
ငါတို့ကူးနေတဲ့မြစ်ရေဟာ..
မနေ့ကထက်တော့ကြည်လင်လို့....
လှမ်း မျှော်ကြည့်လိုက်စမ်း......
အဲသလို... လင်းပလာမယ့် ကောင်းကင်မှာ...
မင်းအမည်နာမနဲ့ ကြယ်စင်တစ်စင်း... ပြုံးနေတယ်..။

အိန္ဒြာ
(၁၃.၁၀.၂၀၀၉)
(အောက်တိုဘာ ညီအစ်မနှစ်ဦးအတွက်.. လက်ဆောင်မွန်)

~~~~~~~~~~~~~~~~~~~~~

မွေးနေ့လက်ဆောင်အဖြစ် ရင်တွင်းကဗျာလေးတွေ ရေးပေးတဲ့ ကိုမိုးမြင့်တိမ် နှင့် မအိန္ဒြာ တို့အား ကျေးဇူးအထူးတင်ရှိပါတယ်..။

ခင်မင်လေးစားချစ်ခြင်းအားဖြင့်
(ခင်လေးငယ်)

19 comments:

Mogok Thar said...

The Beatles - Birthday

You say it's your birthday
Well it's my birthday too yeah
They say it's your birthday
We're gonna have a good time
I'm glad it's your birthday
Happy birthday to you

Yes we're going to a party party
Yes we're going to a party party
Yes we're going to a party party

I would like you to dance (birthday)
Take a cha-cha-cha-chance (birthday)
I would like you to dance (birthday)
Dance

I would like you to dance (birthday)
Take a cha-cha-cha-chance (birthday)
I would like you to dance (birthday)
Dance

You say it's your birthday
Well it's my birthday too yeah
You say it's your birthday
We're gonna have a good time
I'm glad it's your birthday
Happy birthday to you

ဒီ သီချင်းလေးပဲ ဆိုပြသွားတော့မယ် မလေးရေ။ ပျော်ရွင်ချမ်းမြေ့ပါစေ။

ချစ်ခင်လေးစားစွာဖြင့်

မယ့်ကိုး said...

မမခင်လေးရေ....

ယနေ့မှစ ရာသက်ပန်တိုင် ပန်းရနံ့သင်း လှပတဲ့ နံနက်ခင်းတွေနဲ့သာ ထာဝရပိုင်ဆိုင်တော့မှာလို့ ချစ်ညလေး ယုံကြည်ဆုတောင်းပေးနေတယ်နော်။

ပြီးတော့ မွေးနေ့လက်ဆောင်အဖြစ် မမအိန္ဒြာ ရဲ့ ကဗျာလေးကို မမခင်လေးနဲ့ အတူတွဲရလို့လည်း အရမ်းဂုဏ်ယူကျေနပ်မိတယ်။

ချစ်တဲ့
ညလေး

Anonymous said...

မမရေ ....... ဒီကဗျာလေး နှစ်ပုဒ်ကို ဖတ်ပြီး မမရဲ့ ဘေးမှာ မမကို အားပေးနေတဲ့ မောင်နှမတွေ ရှိနေတယ်ဆိုတာ မမသိပါနော်။ ဘယ်နေရာရောက်ရောက်ပေါ့ .......

အထီးကျန်မှုတွေ အိပ်တန်းဝင်ဖို့
လွတ်လပ်မှု စတေးခြင်းတွေဟာာ ရှေးပြေး နမိတ်လို့ ကဗျာလေးထဲက အတိုင်း လေ့ကျင့်ပါနော်။

ကို မိုးမြင့်တိမ် ပြောသလို....

အချိန်ဆိုတဲ့ တံမြက်စည်းတစ်ချောင်းက မမအတွက် အမှိုက်မှန်သမျှကို လှဲကျင်းပေးသွားမှာပါ။

မမရေ ...... အားမလျှောနဲ့ ဆက်လျှောက်ကြမယ်နော်။

လေးစားလျှက်
ရောင်

HAPPY CLOUD said...

ကဗျာနှစ်ပုဒ်စလုံး ဖတ်ကောင်းသလို အဓိပ္ပါယ်တွေလည်း လေးနက်တယ်။ မငယ်ကြီး ဖတ်တဲ့အခါ အတော်လေး အားရမယ် ထင်တယ်ဗျ။

မိုးမောင်

Unknown said...

မမခင်လေးငယ် ရဲ့ မွေးနေ့မှစ၍ နောင်နှစ်ပေါင်းများစွာတိုင် ......
အဓိပ္ပါယ်ရှိသော စက္ကန့်များစွာကို ပိုင်ဆိုင်နိုင်ပါစေ....
တိုတောင်းတဲ့ လူ့ဘ၀ ခရီးတစ်ခုမှာ
ပျော်ရွှင်ချမ်းမြေ့စွာလျှောက်လှမ်းနိုင်ပါစေလို့
ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်
ညီမလေး နှင်းဟေမာ

Angel Shaper said...

အရမ်းကောင်းတဲ့ ကဗျာလေးနှစ်ပုဒ်နဲ့ထပ်တူ မွေးနေ့ဆုမွန်ချွေပေးလိုက်ပါတယ်။
တီငယ် အားအင်သစ်များနဲ့ နေ့သစ်တိုင်းမှာ အဆင်ပြေပျော်ရွှင်လို့ ကြည်နူးနိုင်ပါစေနော်။

pandora said...

မွေးနေ့မှာ အေးချမ်းပျော်ရွှင်ပါစေ ခင်လေး

မေလေး said...

Happy Birthday !!!!! Ma Ma Khin Lay

စိမ်း... said...

အရမ်းကို အဓိပ္ပါယ်လေးနက်တဲ့ ကဗျာနှစ်ပုဒ်ပဲ...
ပျော်စရာမွေးနေ့များကို နှစ်စဉ်နှစ်တိုင်း ပိုင်ဆိုင်နိုင်ပါစေနော်...

ခင်တဲ့
စိမ်း

may16 said...

မွေးနေ့ရှင်က ကံကောင်းတယ် ကဗျာတွေနဲ့ ဂုဏ်ပြုပေးတာ ပျော်စရာကြီး :)

MANORHARY said...

မွေးနေ့များ.....

ထူးခြားချက်နှင့်
သွက်လက်မှတ်သား
ရင်ကြားမပျောက်
ကာလထောက်ထား
အားရဖတ်ရှု
ပြုစုရေးသား လူများစာရင်း
ဖြည်းဖြည်းချင်းပေါ့
လျော့လျော့သွားပြီ။

အမြဲတမ်းဟု
လန်းဆတ်သစ်လွင်
ရောင်စဉ်ထွန်းပ
အလှတင့်တယ်၊ တွယ်ငြိတပ်မက်
ခွဲမထွက်ရက်၊ နုညက်ရွှင်လန်း
တစ်ပွင့်ပန်းလေ
နွမ်းဟောင်းလာပြီ။

ချေးညော်မရှိ
ရှိလည်း သတိ၊ မထားရှိထား
စကားသိပ်သည်း ပြောပြီးတိုင်းမှ
ခဏသွက်လက်၊ မျက်နှာသစ်ကျင့်
ထပ်ဆင့်ခါခါ
ဖြစ်လာတတ်ပြီ။

ခေါင်းထဲမှာနှစ်
ဘာသာဖြစ်တည်၊ အတွေးဆီတက်
အသက်ရှည်ဆဲ၊ ပွဲဦးထွက်တိုင်း
အဘက်ဘက်မှ၊ အိပ်မက်တွေရယ်
အဓိပ္ပာယ်ရှိ
ပိုသိသွားပြီ။

သည်လိုနှင့်
ဘ၀ရဲ့စင်မြင့်မှာ အဆင်သင့်ပြုလုပ်
အချိုးကျစက်ရုပ်များလို
ဟိုသည်လက်ဆွဲနှုတ်ဆက်
ကျေးဇူးညှိတက်လျက်
မပျက်မကွက်မွေးနေ့များ။ ။

မောရူးဆိုး

MANORHARY said...

လက်ဆောင်
ရှားရှားပါးပါး၊သေချာအားရ
မျှတလိုစိတ်၊ဖိတ်ယိုကျ၍
မမေ့သောသူ၊မိတ်ဆွေသူငယ်ချင်း
အချင်းချင်းတွက်၊လက်ထဲထည့်ပေး
နွေးထွေးလှစွာ၊စားစရာလက်ဆောင်။
ကျေးဇူးရှိခဲ့၊ကံတစ်လှည့်ကြုံ
သိုက်အုံကိုယ်ဖြစ်၊နီးပါးလှစ်လှမ်း
ကမ်းလိုက်စရာ၊တစ်ခါတစ်လေ
မတွေဝေတော့၊သော့သော့ပြေးလွှား
ပေးကမ်းလွင်သစ်၊အ၀တ်အထည်လက်ဆောင်။
ခရီးအတူ၊ဖေးမကူမျှ
လျှောက်ရရှေ့ဆက်၊လက်တွဲလိုက်ခိုက်
သံသရာရိုက်ချက်၊ကွဲအက်သွားပြီး
ဆုံဆည်းခဏ၊မမေ့ရအောင်
ဂုဏ်ဆောင်လက်ငုတ်၊စာအုပ်လက်ဆောင်။
လောကကိုကြည့်
အသိတရား၊ကြွားရွားလှိုက်လျက်
မှင်တက်ခဏ၊ဘ၀မှတစ်ချက်
မျက်တောင်ခတ်စဉ်၊
ကောင်းကင်ထက်ကို၊ပေးဆပ်မည်ဟု
စုစည်းထားရှိ၊လက်၏ဖ၀ါး
ဖြန့်ကားလိုက်သောအခါ၊
ဗလာလက်ဆောင်။ ။
မောရူးဆိုး

ခင်လေးအတွက်
လက်ဆောင်...

လင်းဒီပ said...

Happy Birthday ပါ မခင်လေးငယ်...။

စည်သူ said...

ကဗျာတွေ ရေးပြီး မွေးနေ့ဆုတောင်းပေးသွားကြတာ အရမ်းကို ကောင်းပါတယ်ဗျာ..

ကျွန်တော်လည်း ကဗျာလေးနဲ့ ဆုတောင်းပေးလိုက်ရင် ကောင်းမလားလို့..

အိုကေ.. အိုင်ဒီယာ ဂွတ်တယ် လန်းတယ်..

အဟမ်း..
လိုအင်ဆန္ဒ ပြည့်ဝပါစေ..း)

ပြေးပြီ(((((((ဟေ့)))))))

မမသီရိ said...

ံHappy Birthday ညီမလေး
နောက်ကျမှ ရောက်တာ ခွင့်လွှတ်ပါ

HAPPY CLOUD said...

မခင်မွေးနေ့ အတွက် ကဗျာလေးတွေ ကောင်းပါတယ်ဗျာ..
မွေးနေ့မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာစေဖို့ ဆုတောင်းပေးပါတယ်ခင်ဗျာ..
ဖိုးမောင်

Ree Noe Mann said...

happy birthday ပါ အမငယ်ရေ

စိတ်ပျော်ရွှင်အောင်နေပါအမငယ်။


မောင်လေး ရီနို

ဒဏ္ဍာရီ said...

ကဗျာလက်ဆောင် လေးတွေနဲ့ တီငယ်ရဲ့ မွေးနေမှာ အေးချမ်းမှုအပေါင်း ထာဝရ ရရှိနိုင်ပါစေ။

ခင်မင်လေးစားလျှက်

Dream said...

မယ်မယ်...

သူတို့လိုတော့ မက်မက်က ကဗျာလေးနဲ့ မယ်မယ့်မွေးနေ့ကို ဂုဏ်ပြုပေးချင်ပေးမယ့် ကဗျာမရေးတတ်တဲ့ မက်မက်အဖြစ်က... ဟင့်


မမအိနြာပြောသလိုပါပဲ...


ငါတို့ကူးနေတဲ့မြစ်ရေဟာ..
မနေ့ကထက်တော့ကြည်လင်လို့....
လှမ်း မျှော်ကြည့်လိုက်စမ်း......
အဲသလို... လင်းပလာမယ့် ကောင်းကင်မှာ...
မင်းအမည်နာမနဲ့ ကြယ်စင်တစ်စင်း... ပြုံးနေတယ်..။ တဲ့...ကောင်းလိုက်တဲ့ အသုံးအနှုန်း..နော်... ဒီတော့မယ်မယ်ရေ..

မယ်မယ်ရေ...မယ်မယ့်နာမည်ကို မိုးကောင်းကင်ပေါ်မှာ ထိုးပြီး လင်းလက်နေတဲ့ကြယ်ပွင့်လေးတွေ ၀ိုင်းရံလို့ မယ်မယ့်ဘေးမှာ မက်မက်တို့အမြဲရှိနေမှာပါ....နော်....

မွေးနေ့မှစတင်ပြီး ထာဝရ အစဉ် လင်းလက်တဲ့ ကြယ်ပွင့်အဖြစ် ဘ၀မှာ အောင်မြင်မှုတွေ
ထွေးပွေ့နိုင်ပါစေ....အမြဲတမ်း စိတ်ချမ်းသာပါစေနော်...

မွေးနေ့လက်ဆောင်အဖြစ် အာဝါးးးး အမြှောက်တသိန်းနော်...