Sunday, May 10, 2009

လမ်းခွဲတဲ့ည


ညဟာ....

တိမ်လွှာကင်းလို့ လ စသာတယ်
လက်လက်ထ လ ရောင်မှာ
မှိုင်းပြပြ မျက်ဝန်းနဲ့အစပြုတော့
ယောင်မှားမှင်သက်..
ဝစီပိတ်ကို စ ကျင့်လိုက်တယ်..။

လက်ဖျားတွေအေးစက်
အသံမဲ့ စကားက ဗုံးတစ်လုံးအလား
မြေပြင်ကျယ်ဟာ မီးထတောက်ဖို့
နှလုံးသားကို တည်ကြက်လုပ်တော့
မဲ့ပြုံးလေးတောင် မပြုံးမိအောင်
အံကိုကြိတ်လို့ အကြံကိုထုတ်တယ်...။

အဲ့ဒီည...
ကမ္ဘာမြေကို သွက်
သွက်ခါစေဖို့
ဆာကေးတစ်ခွက်
တိုက်..
လိုက်..

တယ်.....။

ကဲ... ဘာတွေဖြစ်လာမလဲ...!!

အမြည်းမရှိတဲ့ ကမ္ဘာဟာ
အနမ်းတွေ ဇောက်ထိုးမိုးမျှော်နဲ့
အလွမ်းတွေက ဝုန်းဒိုင်းကျဲ
နာကျဉ်ခြင်းတွေ လျှပ်လိုထအလက်
တရားပျက်မယ့် မိုးခြိမ်းသံနဲ့အတူ
မျက်ရည်တွေ ရွာအချမှာ
ရုတ်တရက်ပါပဲ..။

မင်းကိုငါ လမ်းခွဲ
.................

နှုတ်.. ဆက်.. တယ်... "ကဝေ"။

(ခင်လေးငယ်)

18 comments:

ဝါးစိမ်းလေး said...

ကဗျာလေး အရမ်းကောင်းတယ်

တိမ်လွှာကင်းလို့ လ စသာတယ်

မဲ့ပြုံးလေးတောင် မပြုံးမိအောင်
အံကိုကြိတ်လို့ အကြံကိုထုတ်တယ်...။


မင်းကိုငါ လမ်းခွဲ
.................
နှုတ်.. ဆက်.. တယ်... "ကဝေ"။


ဒီကဗျာလေးက အရာရာ လွတ်လပ်ပေါ့ပါးသွားသလိုပါပ..

ကဝေနဲ့ ပတ်သက်တာတွေ အများကြီးရေးထားတယ်နော်.. အားပေးနေပါတယ်.. ဆက်ရေးပါ..

ခင်မင်စွာဖြင့်

အိန္ဒြာ said...

နှလုံးသားကို တည်ကြက်လုပ်တော့

အရင်းအနှီးများလိုက်တာပေါ့ ကလေးမရယ်..

အဲဒီ့စကားလုံးလေးကို သဘောကျပြီးပြန်သွားတယ်

Sein Lyan Tun said...

ကဗျာလေးလာဖတ်တယ်အမရေ...
ကဗျာလေးမှာအဓိပါယ်တွေအများကြီးနော်
မခင်လေးနေကောင်းလား
ကိုရင်နော်ကြီးရော
သတိရပါတယ်
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

ဆောင်းယွန်းလ said...

ဆာကေးတော့ကြိုက်တယ်..

ကဗျာလေးကိုလည်း ကြိုက်တယ်...

MANORHARY said...

အနမ်းတွေ ဇောက်ထိုးမိုးမျှော်နဲ့
အလွမ်းတွေက ဝုန်းဒိုင်းကျဲ
နာကျဉ်ခြင်းတွေ လျှပ်လိုထအလက်
တရားပျက်မယ့် မိုးခြိမ်းသံနဲ့အတူ
မျက်ရည်တွေ ရွာအချမှာ
ရုတ်တရက်ပါပဲ..။

မင်းကိုငါ လမ်းခွဲ.....
.....................
လမ်းခွဲတိုင်းဟာ နာကျင်မှုတွေနဲ့
တစ်ကိုယ်စာလှုပ်ခံလိုက်ရတဲ့ မြေငလျင်လိုပဲ
အလွမ်းတွေဝုန်းဒိုင်းကျဲလို့ပေါ့..ခင်လေးရေ..

Unknown said...

ဒီတခါ စာ ဖတ်ရ တာ တကယ် ကြည်နူးတယ်၊ ဘလော့ နား မယ်ဆို တုံး ကတော့ တိတ်တဆိတ် ၀မ်း နည်း ခဲ့ရပြီး စာပြနတ်ရေး တာ ကျတော့ “ ၈မ်းသာလိုက်တာ” ဆို တဲ့ စကား ကို ကမ္ဘာကြားအောင် ပြော ခဲ့ ချင်တယ် လေ။ ။

RePublic said...

စကာလုံးပြင်းပြင်းတွေ ကို သဘောမိကျတယ်၊၊
မခင်လေး .. ဗရာဘို ၊၊

Anonymous said...

ဂယ်လားဟင်.. လမ်းခွဲ???

သူကြီးမင်း (တုံးဖလား) said...

လမ်းခွဲတဲ့ညတဲ့။ ခေါင်းစဉ်လေးကတောင် ကဗျာအရမ်းဆန်တယ်။ ဖတ်ကြည့်လိုက်တော့ ပြီးပြည့်စုံတဲ့ ကဗျာတစ်ပုဒ်ဖြစ်သွားရော။
ဖတ်ရတာ အရသာရှိလိုက်တာဗျာ။

မယ့်ကိုး said...

အင်အားပါတဲ့ စကားလုံးလေးတွေ...
လှလိုက်တာလို့ ပြောရင် ရက်စက်ရာကျမှာလည်း စိုးပါတယ်။

Anonymous said...

အနြည်းမရှိတဲ့ ဆာကေး.. လာငေးသွားတယ်
ညီမလေးရေ...

ဆာကေး မကြိုက်ပေမဲ့
ကဗျာလေးတော့ ကြိုက်တယ်...

ချစ်ခင်စွာနဲ့
မမသီရိ

GreenGirl said...

မနေ့ကတော့ ခဏနားတယ်ဆိုတော့ ဘာကြောင့်များလဲလို့ တွေးနေတာ ...
ဒီကဗျာလေးကိုတွေ့တော့ ပျော်သွားတယ် :)

တားမြစ် ထားသော... said...

လမ်းခွဲချင်ခွဲ
ဆာကေးတစ်ခွက်
ကမ္ဘာမြေပေါ်ကြဲပက်လိုက်ဖို့
နှလုံးသားတစ်ခု
ငါ - တည်ကြက်မပြုပါရစေနဲ့။ ။
ကိုရင်နော်ရဲ့ အရေးအသားတွေကိုလည်း မျှော်နေပါကြောင်း။
သုခမိန်(E-Journal)

မောင်ဖားကြီး said...

ကမ္ဘာမြေကို သွက်သွက်ခါစေဖို့ စကားလေးကို အကြိုက်ဆုံးပဲ မခင်လေးငယ်ရေ

:P said...

ဆာကေး သောက်ဖူးဘူး....။

မိုးမောင်(HappyCloud) said...

ကဝေကို နှုတ်ဆက်လိုက်ပြီကိုး... မပြောတော့ပါဘူးလေ။ :D

flowerpoem said...

ကဝေ ဇာတ်လမ်းဆုံးသွားပြီလား ကဗျာလေးကလှတယ်..

ဝေလေး said...

:)

ခုနကပဲ ကဝေအကြောင်းဖတ်လိုက်တယ်။ ခု ကဝေကို နှုတ်ဆက်သွားပြီကိုးး

ကဗျာလေးကောင်းတယ်။။

ဆာကေးတစ်ခွက်လောက်.... :P

ကမ္ဘာကြီးများ သွက်သွက်ခါသွားမလားလို့ပါ....