Sunday, February 1, 2009

ဤသို့ခရီးထွက်ခဲ့ရာဝယ်... (တတိယပိုင်း)

စည်ပင်ရိပ်သာ ဆိုတာ မည်သူမဆို တည်းခိုလို့ရတဲ့ တည်းခိုရိပ်သာ အကြီးစားကြီးပေါ့..။ ရိပ်သာဝင်းကြီးကတော့ တော်တော်လေးကို ကျယ်ပါတယ်.. အဆောင်တွေကလည်း တော်တော်လေးကို များတယ် အားလုံး တစ်ထပ်ဆောင်တွေပါပဲ.. ကျနော့်အထင် အခန်းပေါင်း ရာကျော်လောက်တော့ ရှိလိမ့်မယ်.. ရိပ်သာရဲ့ ဧည့်ကြိုဆောင်မှာတော့ လူတွေ တော်တော်များများ ငုတ်တုတ် ငိုက်နေကြတယ်.. ထိုင်တဲ့သူထိုင်.. ထတဲ့သူထနဲ့ အခန်းရရေး စောင့်ဆိုင်းနေကြလေရဲ့.. ကျနော်တို့လည်း အခန်းရဖို့ စာရင်းပေးပြီး စောင့်နေရတော့တာပေါ့ဗျာ..။

စည်ပင်ရိပ်သာ လူစည်ကား ဧည့်ကျလိုက်ပုံများ ကျနော်တို့ အခန်းမရဘူးတဲ့ဗျာ.. တနင်္လာနေ့ဆိုတော့ လူကလည်းများပါ့.. တစ်ညလုံးလည်း ခရီးက ပန်းလာတယ်.. ညောင်းကညောင်း.. အိပ်ကလည်း တော်တော့်ကို အိပ်ချင်နဲ့ စိတ်ညစ်လိုက်တာဗျာ..။

စည်ပင်ရိပ်သာ ဝင်းအတွင်းက လ္ဘက်ရည်ဆိုင်တွေကတော့ ဖွင့်ခါစပေါ့.. တော်သေးတာပေါ့ ဒီနားမှာ ထိုင်စရာ ဆိုင်လေးတွေရှိလို့.. မဟုတ်လို့ကတော့ ဘယ်နားသွားလို့ ဘာလုပ်နေရမှန်းတောင် သိမှာ မဟုတ်တော့ဘူး..။

“အန်ကယ်ရေ.. ဒီအတိုင်းဆို ကျနော်တို့ ဒီဆိုင်မှာ သုံးနာရီလောက်တော့ ထိုင်နေရမယ် ထင်တယ်..”
“ဟုတ်ပါ့ ငါ့တူရာ.. အခန်းမရတော့လည်း ဒီတိုင်း ထိုင်နေရုံသာ ရှိတော့တာပေါ့”

“ကားကလည်း ဒီကိုရောက်တာ စောလွန်းပါတယ်နော် ရှစ်နာရီလောက်မှ ရောက်ရင် ရုံးဖွင့်ချိန်နဲ့ ကွက်တိလောက်ပဲ..”

“အေး.. ဟုတ်တယ်ကွ.. တကယ်ဆို ရန်ကုန်ကနေ ည ကိုးနာရီ လောက်မှ ထွက်ရင် အနေတော်လောက်ပဲကွ.. စောရောက်တော့ ဒုက္ခများတာပေါ့ကွာ..”

“ဒီလိုသာဆို ရုံးကိစ္စ ခဏခဏ လာရတဲ့သူတွေ ဒုက္ခပဲနော်..”

“ဒါပေါ့.. အန်ကယ်ဆို တစ်လကို အနည်းဆုံး သုံးခေါက် လောက်တော့ လာရတယ်ကွ.. အန်ကယ်တို့ ကုမ္ပဏီက သွင်းကုန်၊ ထုတ်ကုန် လုပ်တာဆိုတော့ ဒီက ကုန်သွယ်ရေးကို ခဏခဏ လာနေရရောပေါ့ကွာ”

ဒီလိုနဲ့ လေကန်ရင်း.. ဝေဖန်ရင်း.. ဟိုအကြောင်းရောက် ဒီအကြောင်းရောက်နဲ့ အချိန်ကို မကုန်ကုန်အောင် ဖြုန်းနေရတော့တာပေါ့. (ဝေဖန်တာတွေကတော့ ပိုစ့် ရှည်သွား မှာစိုးလို့ ထည့်မရေးတော့ပါဘူးဗျာ.. နော်. ဟီးးး)

ခြေဆန့်လက်ဆန့် လမ်းထလျှောက်လိုက်.. ပြန်လာထိုင်လိုက်.. စကားပြောလိုက်နဲ့ နေပြည်တော် နံနက်ခင်းက စိတ်ညစ်စရာ ပျင်းရိဖွယ်ကိုဖြစ်လို့.. ဒီလိုနဲ့ ကိုးနာရီလည်း ထိုးခါနီးရော.. မှတ်ပုံတင်လေး အပေါင်ထားပြီး တစ်နာရီ တစ်ထောင့်ငါးရာနဲ့ ဆိုက်ကယ်တစ်စီး ငှားလိုက်တယ်.. စည်ပင်ရိပ်သာက စထွက်တော့ ကိုးနာရီထိုးနေပြီ.. ကျနော့်ပုံစံကလည်း ဆိုက်ကယ် ပြိုင်ပွဲ ဝင်တော့ မလိုလို.. အန်ကယ်ကြီးပုံစံကလည်း ကျနော့်ကို ယုံကြည်မှု မရှိသလိုသလို..။

မြို့ပြရဲ့မနက်ခင်းကတော့ တော်တော်လေးကို စည်ကားနေပါတယ်.. ရုံးချိန်.. ကျောင်းချိန် မို့လို့လားတော့ မသိဘူး ရုံးကားတွေ.. လိုင်းကားတွေ.. တိုက်စီတွေနဲ့..။ လူတွေရော.. ကားတွေရော.. ပြည့်ကျပ်နေပါတယ်..။ ကားမှတ်တိုင်တွေမှာလည်း လူတွေပြည့်ကျပ်လို့.. ကားလမ်းတွေမှာလည်း များလွန်းလှတဲ့ ကားတွေနဲ့ သွားမရအောင် ပိတ်နေပါတယ်.. မီးပွိုင့်တွေလည်း ကားတန်းရှည်ကြီးတွေနဲ့..။ အိုးဟိုးဟိုး.. အဲ့ဒါကတော့ ကျနော်တို့ရဲ့ ရန်ကုန် မနက်ခင်းလေးပေါ့.. (အော်ဟော.. မှားကုန်ပြီ..!!! နေပြည်တော်အကြောင်းရေးနေတာ.. ဘယ့်နယ် ရန်ကုန်က ပါလာတာတုန်း... ဟီးးး ဆောရီးးး)..။

နေပြည်တော် မနက်ခင်းကတော့ တော်တော့်ကို ရှင်းရှင်းလင်းလင်း.. ကားဆိုတာလည်း သိတ်မတွေ့ရ.. လူသွားလူလာ ကလည်း ခပ်ပါးပါးသာ.. ကားမှတ်တိုင်တွေကတော့ လူမရှိသူမရှိ.. ယာဉ်သွားယာဉ်လာ ကလည်း နည်းလွန်းလို့လားတော့ မသိဘူး.. လမ်းဆုံတွေမှာ မီးပွိုင့်တောင် တစ်ခုမှ မတွေ့မိပါဘူး..။ ဧရာမလမ်းကျယ်ကြီးတွေ ကတော့ အားရစရာ.. ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲများ လုပ်လိုက်ရလို့ကတော့.. နေပြည်တော်ကြီး ကမ္ဘာကျော်သွားနိုင်တယ်.. အခုတော့ ကားဆိုတာ တော်တော်ကြာမှ တစ်စီးစ နှစ်စီးစ..။

အဝိုင်းကြီးနားရောက်တော့ ရုံးဌာနများသို့ ဆိုပြီး လမ်းညွှန်ပြထားတဲ့ လမ်းအတိုင်း ဆက်မောင်းသွားတာ.. တော်တော့်ကိုဝေးတယ်.. အန်ကယ်ကြီးကတော့ အနောက်ကနေထိုင်ရင်း လမ်းတွေ ညွှန်ပြ.. ရှင်းပြနှင့်..။ ကုန်သွယ်ရေးကို အရင်သွား.. အန်ကယ်ကြီးကို ချပြီးမှ.. ကိုယ့်ကိစ္စ ဆက်သွားမှာဆိုတော့.. လမ်းတွေကို သေချာမှတ်နေရတယ်..။ နိုင်ငံခြားရေးဝန်ကြီးဌာနကိုလည်း တွေ့ခဲ့ပြီ.. စွမ်းအင်ကိုလည်း တွေ့ခဲ့ပြီ.. တစ်နေရာနဲ့ တစ်နေရာ တော်တော့်ကို လှမ်းတယ်.. တောင်တစ်နေရာ မြောက်တစ်နေရာ..။

ဆိုက်ကယ် မိုင်ကုန်ဖွင့် မောင်းနေတာကို တော်တော်သွားနေရတယ်.. ဒါကြောင့် ကယ်ရီဆရာတွေ ဈေးတောင်းတာဖြစ်မယ်.. အခုမှ သူတို့ကိုလည်း ကိုယ်ချင်းစာတတ်ပါပြီ.. အဲ့လိုနဲ့ ကုန်းတက်လိုက်.. ကုန်းဆင်းလိုက်.. အဝိုင်းပတ်လိုက်နဲ့ မောင်း.. မောင်း... မောင်းလာလိုက်တာ..

“ငါတူ အရှေ့မှာ ကွေ့မယ်.. ကွေ့မယ်.. ညာဘက်ကွေ့ဝင်.. ကုန်သွယ်ရေး ရောက်ပြီ..”
“ရောက်ပြီလား အန်ကယ်.. ဆိုင်းဘုတ် မတွေ့ပါလား.. ခုဏ ဌာနတွေတော့ ဆိုင်းဘုတ် အကြီးကြီးတွေနဲ့..”

“အေးကွ.. ဒါက နောက်ဖေး ပေါက်လေ..”
“ဗျာ.. ကုန်သွယ်ရေးက နောက်ဖေးပေါက် ရှိတာလား..”

“အဟေး.. ဟုတ်တယ်ကွ ကုန်သွယ်ရေးဆိုတော့ သိတဲ့အတိုင်း နောက်ဖေးပေါက်လေး နဲ့မှအဆင်ပြေမှာကွ..”
“အောဟော.. ဟားဟား..”

“ဟိုးရှေ့နား နည်းနည်းထပ်သွားလိုက်ရင်တော့ ပင်မဝင်ပေါက်ကြီး ရှိတယ်ကွ.. သိတ်တော့ မသုံးကြဘူးကွ.. ကုမ္ပဏီကိစ္စ လာတဲ့လူတွေအားလုံး နောက်ဖေးပေါက်ကပဲ ဝင်ကြတာလေ.. ဒို့လည်း ဒီကသာ ဝင်ကြစို့..”
“အော်.. ဒီလိုလား.. ဟဟား.. ဒီနားရပ်လိုက်မယ်နော် အန်ကယ်..”
“အိုကေ..”

တကယ်တော့ ကုန်သွယ်ရေးဌာနရဲ့ နောက်ဖေးပေါက်ကြီး ဆိုတာက...


ဆက်ရန်.....


(ကိုရင်နော်)

15 comments:

GreenGirl said...

ဟဲဟဲ ကိုရင်နော်တို့ကတော့ စလာပြီ :P

:P said...

အဟမ်း.. အဟမ်း....
နောက်ဖေးပေါက်ကြီး ဆိုတာက အိမ်ရှေ့ပေါက်ကလေး မဟုတ်တာပေါ့ကွယ်.. အဲငှယ်....

:P said...

ဒါနဲ့.. နောက်တစ်ပိုင်းဆိုရင် အပိုင်းလေး... အပေး..အပေး.. အဲ.......အပိုင်း( ၄ ) ရောက်ပြီပေါ့နော်....
ခွိ... နောက်ဖေးပေါက်ကပဲဝင်မှာလား..ငှင်...

စိုင်းစိုင်းလားရှိုး said...

ကိုရင် ကျုပ်လည်းနောက်ပေါက်ကပဲဝင်မယ်။

Anonymous said...

ခစ်ခစ်.. ရီရတယ်..
ဇာတ်ရှိန်တက်နေပြီ.. ဒန်..ဒန့်.. ဒန်..

Myo Win Zaw said...

ကောင်းတယ်ဗျာ နောက်ဖေးပေါက် ဆက်လက် စောင့်မျှော်လျက်ပါ

Anonymous said...

နောက်ဖေးပေါက်... ????
လုပ်ပြီ..လုပ်ပြီ...
ဗျို့..ကိုရင်.. ကျနော် သမိုင်းလမ်းဆုံက လှည့်ပြန်သွားတယ်ဗျာ..နော်။

မီယာ said...

အပိုင်း၅ ကို အကြာကြီး ရေးမနေနဲ့ဦး .. မခင်လေးရေ ကိုရင်တို့ကတော့ အချိန်ဆွဲနေပြီ.. နဲနဲ ပြောပေးပါဦး

ဆောင်းယွန်းလ said...

လုပ်ချလိုက်ပြန်ပြီကော ကောင်းခန်းရောက်ပြီဆို ဒီလိုချည်းပဲ.
အမြန်ပြန်ဆက်ပါဗျို့

MANORHARY said...

အင်း..........း)

Anonymous said...

အဟီ... ဌာနတိုင်းနောက်ဖေးပေါက်ရှိတယ်ဗျ
အကိုသိသားနဲ့ ဟီ.......

လားရှိုးသူ said...

waiting for part 4!!!!!!

Anonymous said...

နေပြည်တော် မရောက်ဖူးတော့ မျက်စိထဲ မမြင်ဘူးဗျာ ဓါတ်ပုံတွေ ရှိရင် တင်ပေးပါလား :)

တောင်ပေါ်သား said...

ဦးနော် ဟီးးးးးးး သားသား မသိလို့ မေးတာ နောက်ဖေးပေါက်ဆိုတာ ဘာရယ်ဟင်.........

အနောက်က ပတ်ဝင်လို့ ရတယ်ပေါ့ ဂီလိုလားးးးးးးးး



လေးစားလျက်
တောင်ပေါ်သား

Anonymous said...

တတိယပိုင်းကို နောက်ဆုံးပိုင်းဖတ်ပြီမှ လာဖတ်ဖြစ်တယ်
ရေးထားတာထိတယ်ဗျို့ နောက်ဖေးပေါက် :P