Sunday, November 8, 2009

အသံကြောင့်သေသွားရသော..

ဓာတုဗေဒလွန် သစ်သီးဝလံလို
ကြီး ထွား ရင့် သန် သလောက် အရသာမရှိဘူး
အကွက်ချ စိုက်ပျိုးထားတဲ့ဥယျာဉ်မှာ
နှစ်ရှည်စီမံကိန်းနဲ့ ဖူး ကြ ပွင့် ကြ ပေါ့....။

ဒီလိုပါပဲ....
အခု ငါ ချမ်းသာသမျှ စည်းစိမ်ဥစ္စာအားလုံးဟာ
သူ့ ကားဘီးတစ်လုံးစာ မရှိသလိုမျိုး
အခု သူ စီးထားတဲ့ ဖိနပ်က
တချို့ တစ်ဘ၀လုံးစာနဲ့ ညီ မျှ နေ တယ် ပေါ့.......။

ဒီလိုပါပဲ....
ရှိတာလေးနဲ့ ၀အောင်ဖတ်ပြီး
ရတာလေးနဲ့ လှအောင်ရေးတယ်ပေါ့..
ကာလပေါ် ဒဏ်ရာဒဏ်ချက်တွေနဲ့
ချွေးစက်စက်ကျတယ်ပေါ့....။

ဒီလိုပါပဲ....
မျက်ဝန်းတွေကိုသင့်တော်ရာမှာ ထူးခတ်ပြီး
နားတွေကို မိုင်ထောင်ချီခရီးဝေးထိ ရွက်လွှင့်ထားတယ်ပေါ့..
နှလုံးသားကို အဆာပြေသလို နေရာချထားပြီး
ဦးနှောက်ကို ခြေပစ်လက်ပစ် အိပ်စက်ခိုင်းတယ်ပေါ့..။

ဒီလိုပါပဲ....
အပေါစား ဖျော်ဖြေမှုတွေကို
အတင့်ရဲရဲ ငြင်းဆိုနိုင်တယ်ပေါ့...
ကိုယ့်လိပ်ပြာကိုယ် လေးစားပြီး
ကိုယ့် အရိပ်ကိုကိုယ် ဂါရ၀ပြုတယ်ပေါ့.....။

ဒီလိုပါပဲ....
အနုပညာဆိုတာ..
နှလုံးသွေးတွေ အနယ်ကျထားတဲ့ ကျစ်စာခဲပါပေါ့..။
အနုပညာသမားဆိုတာ...
နွံထဲမှာ နစ်မြုတ်နေဆဲ ပတ္တမြားတစ်ခဲပါပေါ့..။

ဒီလိုပါပဲ....
သူရဲကောင်း ပုံပြင်တွေကို
ခေါင်း အုံး အိပ်တတ်လာတယ်ပေါ့..
ခေတ်ပေါ်သီချင်းသံစဉ်ကို
စည်း ၀ါး လိုက်ချင်လာတယ်ပေါ့..။

ဒီလိုပါပဲ....
(နောက်တော့လည်း..)
မျှော်လင့်ချက်ဆိုတာက
ဆိုက်ဗေးရီးယား ရထားကို စောင့်ကြိုနေတဲ့ ဘူတာရုံလေး ပါ ကွာ..။

တဖြည်းဖြည်းအသားကျလာတဲ့ နေရာထိုင်ခင်းမှာ
ရယ်မောသံတွေ အရည်အသွေးပြည့်မပြည့် ဆိုတာအထိ
စဉ်း စား မ ကြည့် ကြ ပါ နဲ့...။ ။

အိန္ဒြာ
(၂၀၀၉၊ စက်တင်ဘာလ၊ ရတီမဂ္ဂဇင်း)

ပျော်ရွှင်ပါစေ မကြီးရေ..
တစ်နှစ်ပြည့်ဘလော့ မွေးနေ့လေးအတွက် ကျနော် လက်ဆွဲနှုတ်ဆက်ပါတယ်နော်..
ခင်လေးက အာဘွားးနော်း)
မကြီးရဲ့ ကဗျာတွေထဲက အလွတ်ရသွားတဲ့အထိ ကြိုက်နှစ်သက်မိတဲ့ ကဗျာလေးကို ကဗျာရွတ်သံနဲ့အတူ အမှတ်တရ တင်ထားလိုက်ပါတယ်..။
အနုပညာပေါင်းစည်းမှု.. ရင်းနှီးခင်မင်မှုတွေကို အမြဲသတိရနေကြမယ်..။


အတွေးလေးတွေ အမြဲလန်းဆန်းသစ်လွင်နေပါစေ...
နှစ်ပေါင်းများစွာ ဘလော့ဂင်းနိုင်ပါစေနော်..

ချစ်ခင်စွာဖြင့်
(ကိုရင်နော်ခင်လေးငယ်)

13 comments:

မယ့်ကိုး said...

ကဗျာရော အသံရော အရမ်းအရမ်းကောင်းပါတယ်။

အသံမှန်းတုန်းက မှန်သွားလို့ မမအိန္ဒြာမုန့်ဝယ်ကျွေးတာ စားပြီးသွားပြီ ဆိုပေမယ့် အစ်ကိုရင်နော် ဝယ်ကျွေးတာ စားချင်လို့ :P

မယ့်ကိုး said...

:D ... တစ်လိုချင်ဇောနဲ့ ကမန်းကတန်း မန့်လိုက်တာ ချစ်မလေးအတွက် ဆုတောင်းတောင် မေ့ကျန်ခဲ့တယ်...

နှလုံးသားလှတဲ့ မမစိုက်ခဲ့တဲ့ တင့်တယ်လှပလွန်းတဲ့ အနုပညာပန်းတွေဟာ ထာဝစဉ်ထာဝရမွှေးပျံနေမယ် ဆိုတာ အမြဲယုံပါတယ်။

မင်းအိမ်ဖြူ Minn Eain Phyu said...

ကဗျာရှင်ရော

ပြန်လည်တင်ဆက်ပေးသူရော ပျော်ရွှင်ပါစေ

မင်းအိမ်ဖြူ

may16 said...

ကဗျာလာဖတ်ပါတယ် ရှင်..

ဂျပန်ကောင်လေး said...

ကောင်းလိုက်တဲ့ ကဗျာလေး.. အနှစ်သာရ ပြည့်ဝပါတယ်ဗျာ....

အိန္ဒြာ said...

ကိုရင်နဲ့ခင်လေး...

သိပ်ကို လှပလေးနက်တဲ့ အမှတ်တရတစ်ခုပေါ့

ဘယ်လောက်ဝေးဝေး မကြီးတို့စိတ်တွေ နီးနီးရယ်လေ.

ကျေးဇူးတင်ပါတယ်လို့ ပြောမသွားတော့ဘူးနော်

Mogok Thar said...

အမ အိန္ဒြာ တော့ ဘလော့ တစ်နှစ်ပြည့်မှာ စိတ်လက်ချမ်းသာ တော်တော် ၇ှိသွားမှာပါ နော ကိုကြီးရင်နော် နဲ့ မမငယ်

ကျွန်တော် သိပ်ကြိုက်တဲ့ ဒီကဗျာလေးနဲ့ ကိုကြီးရင်နော်ရဲ့ အသံကို စကြားဖူးပြီး၊ ဒီကဗျာလေးကြောင့်ပဲ ကျွန်တော် အင်မတန် ခင်မင်ချင်လှတဲ့ သူတွေနဲ့ ရင်းနှီးခဲ့ရတာ။

ဒီကဗျာလေးကို အမ အိန္ဒြာ ရဲ့ ဘလော့ တစ်နှစ်ပြည့်အဖြစ် ပြန်တွေ့ရတော့ လွမ်းလိုက်တာဗျာ။

တစ်ယောက်အဝေးမှာ တစ်ယောက်က နေထိုင်နေကြပေမဲ့ အနုပညာနှလုံးသားချင်းကတော့ ကျစ်ကျစ်ပိုက်ပွေ့ နွေးထွေးလို့။

ခင်မင်လေးစား ချစ်ခြင်းအားဖြင့်

(အကို ရင်နော် စကား ငှားသုံးသွားပါတယ်)

Ko Min Htet said...

ရှင်ဗျာတို့ရေ့ စာလာဖတ်ပါတယ်ဗျာ၊ အသုပ်စုံဘလော့ကြီးကို လာရောက်ရှုစား အားပေးသွားကြောင်းပါ။ ဣန္ဒြာရဲ့ ကဗျာကို နားလည်ဖို့ကျိုးစားနေဆဲပါဗျာ့။

ကိုလူထွေး said...

"ဒီလိုပါပဲ....
ရှိတာလေးနဲ့ ၀အောင်ဖတ်ပြီး
ရတာလေးနဲ့ လှအောင်ရေးတယ်ပေါ့..
ကာလပေါ် ဒဏ်ရာဒဏ်ချက်တွေနဲ့
ချွေးစက်စက်ကျတယ်ပေါ့...."

ဒီစာပိုဒ်က ရင်ထဲကို နင့်ကနဲ ဝင်လာတယ်ပေါ့...

(ကိုရင်နော်နဲ့ မခင်လေးတို့ရေ... အခုလို လေးစားထိုက်သူကို လေးစားကြတာ မြင်ရတော့ ဝမ်းမြောက် ပီတိဖြစ်ရပါတယ်)

သုခုမလေဒီ said...

မအိန္ဒြာရဲ့ ကဗျာလေးလာဖတ်ပါတယ်။ အဆင်ပြေပျော်ရွှင်ကြပါစေ။ နက်မကောင်းလို့ မန့် ရခက်နေတယ်။ စီဗုံးလည်းမတွေ့ ဘူးနော်း))

ဒဏ္ဍာရီ said...

မအိန္ဒြာရဲ့ ဘလော့လေး တနှစ်ပြည့် အမှတ်တရ ကဗျာလေးကို လာရောက်ခံစားသွားပါတယ်။ အသံနဲ့ စာသားလေးကို တွဲပြီး နားထောင်ရတာ ကဗျာရဲ့ အနှစ်သာရကို ပိုပြီး ပီပြင်သွားစေခဲ့တယ်။

ခင်မင်လေးစားလျှက်

နွေးနွေးသဲမွန် said...

ကဗျာကောင်းလေးကို ပြန်လည်မျှဝေခံစားစေလို့ ကျေးဇူးပါနော်...

ကောင်းကင်ပြာ said...

အိန္ဒြာအတွက် ကဗျာလေး နဲ့ အသံလေးကို လာထပ် ခံစားသွားတယ်နော်..