Wednesday, March 3, 2010

ဆန်ကုန်မြေလေး (သို့) အီးဘောလော

“ဟေ့ကောင် ဆန်ကုန်ချင်ကုန်ကွ မြေတော့ မလေးစေနဲ့”
ဖခင်ကြီး ပြောလိုက်သော စကားကြောင့် ပါးစပ်တွင်း ဝင်လုဆဲဆဲ ထမင်းလုတ်ပင် ပြုတ်ကျလုမတတ် ဖြစ်သွားတော့သည်။

“တစ်ရက်တစ်ရက် စားလိုက် အိပ်လိုက် ဘာအလုပ်မှ မလုပ်ချင်တဲ့ကောင် မင်း.. မရှက်ဘူးလား..”
လည်ချောင်းတွင်း နင်နေသော ထမင်းလုတ်ကို မနည်း မျိုချ၍ ဖခင်ကြီးကို မျက်နှာငယ်ငယ်ဖြင့် မော့ကြည့်မိသည်။

“မင်းလိုကောင်တွေ ရှိနေလို့ ဒို့နိုင်ငံကြီး မတိုးတက်တာကွ..”

ဖခင်ကြီးမှာ အတော်ကြီးကို တင်းနေသည်ထင်၏ ထမင်းစားဝိုင်းမှာပင် နိုင်ငံနှင့်ချီ၍ လွှတ်ကောနေလေပြီ။

“မင်းကိုယ်မင်း ပြန်စဉ်းစားစမ်း ဘာအသုံးကျသလဲလို့.. ပညာလည်း ဖြစ်အောင် မသင်.. မိဘအလုပ်လည်း ကူဖော်မရ.. မင်းအတွက် ငါရင်လေးတယ်.. “မွေးမိမှား” ဆိုတာ မင်းလိုကောင်ပဲ..”

ဖြစ်ရိုးဖြစ်စဉ် ထမင်းစားဝိုင်း စစ်ပွဲမျိုးတွင် မိခင်ကြီးကတော့ဖြင့် ယပ်တောင်ခပ်၍ သားအဖ နှစ်ယောက်အား အေးစေသည်။

“ကိုသောင်းရယ်... ကလေးထမင်း ဖြောင့်ဖြောင့် စားပါစေ.. ရှင့်မှာလည်း ထမင်းစားတိုင်း ကလေးကို ငေါက်ငေါက်နေတော့တာပဲ..”
မိခင်ကြီးကတော့ ကြားဝင် ဖျန်ဖြေသလိုနှင့် ကျွန်ုပ်ရှေ့မှ စစ်ကူဝင်ပေးရှာသည်။

“ဟဲ့.. မသန်း.. ဒါလားဟ ကလေး.. ဟမ်.. အသက်က သုံးဆယ်ကျော်နေပြီ အခုထိ အဖြစ်က မရှိ.. ညည်း.. ကာစည်းကာစည်း လုပ်လို့ ဒီကောင်ဒီလို ဖြစ်နေတာ..”
မြားဦးက မိခင်ကြီးဘက် လည့်သွားသည်။ မိခင်ကြီးကလည်း အထာနပ်သည် စားပြီးသား ဟင်းခွက်များကို အသာမ၍ အိမ်နောက်ဖေးသို့ ပြေးတော့သည်။

ကျွန်ုပ်လည်း ကိုယ့်ပန်းကန် ကိုယ်မ ကုန်းထ၍ ကိုယ်လွတ်ရုန်းရလေတော့သည်။
ဖခင်ကြီးမှာသာ တစ်ကိုယ်တည်း ပွစိပွစိနှင့် ကျန်ရစ်ခဲ့သည်။

ဖခင်ကြီး ပြောမည်ဆိုလျှင်လည်း ပြောချင်စရာပင်။ ခပ်ဘွင်းဘွင်း ပြောရပါလျှင် ကျွန်ုပ်သည် အလွန့်အလွန် အပျင်းကြီးသူ ဖြစ်သည့်အပြင် အင်မတိအင်မတန်မှလည်း ဇိမ်ယူတတ်သော အီးဘောလောကြီးတစ်ယောက် ဖြစ်လေသည်။ “တယ်.. ဒီသူငယ် သူမို့ မရှက်မကြောက် ကိုယ့်မကောင်း ကိုယ်ပြောတယ်” လို့ ဆိုချင် ဆိုစေတော့.. ကျွန်ုပ်ကတော့ဖြင့် ကိုယ့်ပေါင် ကိုယ်လန်၍ ထောင်းရပေတော့မည်။ ထောင်းရသည်မှာလည်း အကြောင်းက ရှိသေးသည်။ ကျွန်ုပ်ကုသိုလ်အား အားကျစေလို၍တော့ဖြင့် မဟုတ်ရိုးအမှန်။ ကျွန်ုပ်ကဲ့သို့ ဆန်လည်းကုန်၍ မြေလည်းလေးသော အီးဘောလောကြီးများ မဖြစ်စေလို၍ပင်။

ဆန်ကုန်မြေလေး ဆိုသော်လည်း ကျွန်ုပ်မှာကား ခပ်ညံ့ညံ့ကောင်တော့ဖြင့် မဟုတ်ပေ။ အတန်ငယ် အဆင်ပြေသော မိဘနှစ်ပါးမှ ပေါက်ဖွားလာသော မြောက်ကားကားကောင်ဟု ဆိုရမလိုပင်။ မိဘတို့၏ စည်းစိမ်ဥစ္စာအား မျက်နှာပြောင်တိုက် ထိုင်ဝိုက်နေသည်ကိုလည်း တစ်ရွာလုံးက သိကြလေသည်။ ဤသည်ကိုပင် “ကျုပ်ကုသိုလ်နှင့် ကျုပ်” ဟု အရှက်မရှိ ဂုဏ်ယူနေမိပြန်သည်။ ဂုဏ်ယူမည်ဆိုလျှင်လည်း ယူချင်စရာပင် မတောင့်မတ မကြောင့်မကျ နေခဲ့ရသည် မဟုတ်ပါလား။

လယ်ပိုင်၊ မြေပိုင် ဖခင်ကြီး၏ လုပ်စာဟာဖြင့် တစ်သက်စာလောက်တော့ လောက်မည်ထင်သည်။ မိခင်ကြီး ချက်ပြုတ် ကျွေးမွေး နေသည်ကလည်း ဝမ်းတစ်ထွာအတွက် ပြီးပြည့်စုံနေသည်။ ပညာဆိုတာလည်း ဆယ်တန်း ဆယ်ခါကျပြီးကတည်းက စိတ်ဝင်စားစရာ မလိုတော့ပေ။ တစ်ရက်တစ်ရက် အေးရာအေးကြောင်း နေနေရသည်ကိုက ကုသိုလ်ကံ အတော် ထူးနေလေပြီ။

“မည်သို့မည်ပုံ ကုသိုလ်ကံ ထူးနေသနည်း” ဆိုသည်ကို ကျွန်ုပ်၏ တစ်နေ့တာ ဖြတ်သန်းပုံဖြင့် ခပ်ပါးပါးတော့ ပြောပြရပေဦးမည်။ နေ့တစ်နေ့၏ ကျွန်ုပ် ပထမဦးဆုံး လုပ်သော အလုပ်မှာ နေမင်းကြီး ဖင်အတော်ထိုးမှ ထသော အလုပ်ပင်။ ထိုသို့ နေဖင်ထိုးမှ ထပြီး ပြန်လျှင်လည်း ပျင်းသူတို့ ထုံးစံအတိုင်း “ဝါးးး” အကြိမ်ကြိမ်သမ်း၍ “ခါး” အကြိမ်ကြိမ်ချိုးနေသေးသည်။ ထို့နောက် လှုပ်လီလှုပ်လဲ့ ပက်ကျိကြီးကဲ့သို့ တစ်လှမ်းချင်း လှမ်းသည်။ အိမ်နောက်ဘက် စဥ့်အင်တုံကြီးဘေး ငုတ်တုတ်ငေး၍ တွေးချင်ရာ တွေးနေသေးသည်။ သွားတိုက်တံ ပါးစပ်တွင်ငုံ၍ ကြက်ခြံနဘေး လမ်းလျှောက်သေးသည်။ ပြီးလျှင်တော့ စာအုပ်တစ်အုပ်ကိုင်၍ မစင်ခြောက်သည်အထိ အိမ်သာတွင်း ထိုင်ပေတော့သည်။

စွန့်စရာရှိသည်များ အားရပါးရ စွန့်ပြီးပြန်လျှင် ဝမ်းဗိုက်ကြီး ဆာလောင်လေပြီ။ ဆာလျှင်လည်း ပူစရာမလိုပေ မိခင်ကြီး အသင့်ကြော်ထားသော ပဲပြုတ်နိုင်းချင်း ထမင်းကြော်အား ငါးခြောက်ဖုတ် ဆီတဝင်းဝင်းနှင့် အားပါးတရ လွေးတော့သည်။ ကိုယ့်လုပ်အား တစ်ပြားသားမှ မပါသော ထမင်းမို့ထင်၏ အရှက်မရှိစားရသည်မှာ အလွန် အရသာရှိလှသည်။ မိခင်ကြီးမှာတော့ သားဆိုးတို့၏ မိခင်သဘာဝတိုင်း “မိခင်ဝဋ်” ကို ပြုံးပြုံးကြီး ခံစားလေသည်။

ဗိုက်ဝပြီးပြန်လျှင် လုပ်သော အလုပ်မှာ အခြားအလုပ် မဟုတ်ပေ။ ခြံတွင်း မကျည်းပင်ရိပ်အောက် ပက်လက်ကုလားထိုင်တွင် ထိုင်၍ ကျိုးတိုးကျဲတဲ မုတ်ဆိတ်မည်းများအား နုတ်ခြင်းပင်။ မျက်လုံးအား အသာမှိတ်၍ လက်တစ်ဖက်ဖြင့် အမွေးအားစမ်းကာ ဇာဂနာဖြင့် “ဗြုတ်..” ကနဲ ဆွဲနုတ်ရခြင်းမှာ အတော်ဇိမ်ကျလှပေသည်။ မရှိ ရှိသည်များ နုတ်ပြီးပါက နားဖာကလော်ဖြင့် နားဖာချေး ကလော်ပြန်သည်။ ကလော်စရာ ကုန်လျှင် ကြက်တောင်မွေးဖြင့် နားတွင်း ကလိကာ အားအားယားယား ဇိမ်ယူလေသည်။ ပြီးလျှင် ရွာတွင်း ပြေးလွှားဆော့ကစားနေသော ကလေးများအားခေါ်၍ မုန့်ဖိုးမေးမည်ဟု ဆိုကာ နှိပ်ခိုင်းသည်။ ဇက်ကြောဆွဲသူဆွဲ၍ ခြေသလုံးနှိပ်သူနှိပ်ကြသည်။

တစ်ရက်တစ်ရက် စားလိုက်၊ အိပ်လိုက်၊ ဇိမ်ယူလိုက်နှင့် လူဖြစ်ကျိုး နပ်နေရသည်မှာ ကုသိုလ်ကံ အတော်ထူး၍ပင် ဖြစ်မည်။ ဖခင်ကြီးကတော့ သူနှင့်အတူ လယ်လုပ်ငန်းအား ဦးစီးလုပ်ကိုင်စေချင်သည်။ ကျွန်ုပ်မှာဖြင့် လယ်လုပ်ရမည်ထက် ချိုင်းမွေးနုတ် နေရသည်ကို ပို၍ဝါသနာပါနေသည်။ ဤသည်ကို မကျေမနပ် မြင်ပြင်းကတ်နေသော ဖခင်ကြီး၏ မြည်တွန်းတောက်တီးသံကိုလည်း ကျွန်ုပ်က အတော်နားရည် ဝနေလေပြီ။

“တကယ့်ကို ဘာအလုပ်မှ မလုပ်တော့ဘူးလား” ဆိုလျှင်တော့ဖြင့်လည်း မဟုတ်သေးချေ။ တစ်ခါက နိုင်ငံခြားသွားရန် ကြိုးစားခဲ့သေးသည်။ ကျွန်ုပ်သဘောဖြင့် မဟုတ်ပဲ ဖခင်ကြီးမှ အတင်းမဟားဒယား သွားစေချင်၍ဖြစ်သည်။ အိမ်တွင် ငုတ်တုတ်နပ်နေခြင်းအား အမြင်ကပ်၍ ဖြစ်မည်ထင်သည် သတင်းစာတွင်ပါသော နိုင်ငံခြား အလုပ်ကြော်ငြာတစ်ခုအား တွေ့၍ ကျွန်ုပ်အား ရန်ကုန်သို့ လွှတ်ခြင်းဖြစ်သည်။ ဘာပညာမှမတတ်၊ ဘာဘွဲ့မှမရှိ၊ ဘာလက်မှတ်မှ ကိုင်မထားသော ကျွန်ုပ်အတွက်တော့ အင်တာဗျူး ဆိုတာမှာတင် အရှက်တကွဲနှင့် တပ်ခေါက်ပြန်ခဲ့ရသည်။

ရန်ကုန်ရောက်ခဲ့သည်တွင် တစ်ခုတော့ အမြတ်ထွက်ခဲ့သည်။ အခြားတော့မဟုတ်ပေ ကျွန်ုပ်ကဲ့သို့ မိဘလုပ်စာ ထိုင်စားနေကြသော အီးဘောလောများနှင့် သိခွင့်ရခဲ့ခြင်းပင်။ ထိုသူငယ်ချင်းများသည်လည်း သင်တန်းတက်သည် ဟူ၍ လည်းကောင်း၊ ကျောင်းတက်သည် ဟူ၍ လည်းကောင်း၊ နိုင်ငံခြားသွားရန် လုပ်နေသည် ဟူ၍ လည်းကောင်း အမျိုးမျိုးသော အကြောင်းများဖြင့် အိမ်မှ ထွက်လာကြသူများ ဖြစ်သည်။ ထိုသူတို့ခေါ်သဖြင့် ခေါင်းလျှော်ဆိုင်သို့ ရောက်ဖူးသွားသည်။ အနှိပ်ခန်း ဆိုသည်ကိုလည်း အတော်ကြီး သဘောကျသွားသည်။ ကာရာအိုကေ ဆိုတာကြီးကလည်း အတော်ပင် ဖမ်းစားသွားခဲ့သည်။ ဆိုတော့ဖြင့် ပါလာသမျှ ပိုက်ဆံလည်း ပေါက်ပေါက်ကျဲသလို သောက်သောက်လဲ ကုန်လေတော့သည်။

ဖခင်ကြီးလည်း မှတ်သွားပြီထင်သည် နိုင်ငံခြား ဆိုသည်ကို မဟတော့သလို ကျွန်ုပ်အားလည်း ဘေးမဲ့ ပေးထား လိုက်လေတော့သည်။ ကျွန်ုပ်မှာသာ ရန်ကုန်မှ ပြန်ရောက်စ မရိုးမရွနှင့် အနှိပ်ခန်းအား တမ်းတနေမိသေးသည်။ “တ” မည်ဆိုလည်း “တ” စရာပင်။ အနှိပ်နှမတို့ တယုတယ လက်စက ကျွန်ုပ်လို ဇိမ်ကြိုက်သူအတွက် စွဲလန်းစရာကြီး မဟုတ်ပါလား။

ဤသို့ဖြင့် ဘာမှမလုပ်သော ဒုန်ရင်းဘဝနှင့်ပင် တစ်ရက် တစ်ရက် မပျင်းမရိ ဖြတ်သန်းနေမိတော့သည်။

“မသန်း.. ကျုပ်.. ဒီကောင့်ကို အိမ်ပေါ်က နှင်ချလိုက်တော့မယ်”
အိမ်ရှေ့ခန်းမှ ထွက်ပေါ်လာသော ဖခင်ကြီးစကားသံကြောင့် အိပ်ခန်းတွင်းမှ ကျွန်ုပ် လန့်ဖြန့်သွားသည်။
“အလိုလေ ငါ့ကို အိမ်ပေါ်က နှင်ချမယ် ဆိုပါလား” ကုတင်ပေါ်မှထ၍ လိုက်ကာကြားမှ အသာချောင်းကြည့်လိုက်လျှင်.. ဟိုဟိုဒီဒီ ခေါက်ပြန် လျှောက်နေသော ဖခင်ကြီးနှင့် ငုတ်တုတ်ထိုင်နေသော မိခင်ကြီးတို့အား တွေ့ရလေသည်။ ဖခင်ကြီးမှာ ရှူးရှူးရှဲရှဲ ဖြစ်နေသလို မိခင်ကြီးမှာ ပြူးပြူးပြဲပြဲ ဖြစ်နေသည်။

“အို.. ရှင်ဘယ်လို ပြောလိုက်တာလဲ”
“အေ.. ဟုတ်တယ် ဒီကောင့်ကို နှင်ချလိုက်တာပဲ အေးမယ်..”
ဖခင်ကြီးက အသေအချာ ဆုံးဖြတ်ပြီးဟန်နှင့် ပြောနေလေပြီ။

“အိုအေ.. ကိုသောင်း.. ရှင်မို့ ပြောရက်တယ်.. ကျုပ်တို့သား အရင်းကြီးပါ.. အရက်သမား၊ ဖဲသမား၊ ဖိုးသမားလည်း မဟုတ်ဘူး.. ဘာဒုက္ခမှလည်း ပေးတာ မဟုတ်ဘူး.. သူ့ဟာသူ ဘာမှ မလုပ်တတ်လို့ မလုပ်တာ နေပါစေပေါ့.. ရှင်နှင်ချတော့ သူ ဘယ်သွားနေရမှာလဲ..”
ကျွန်ုပ်မှာတော့ မျက်ရည်လေး စမ်းစမ်း စမ်းစမ်း ဖြစ်လာသည်။ မိဘနှစ်ပါး ကျွန်ုပ်အား အလယ်တွင်ထား၍ လွန်ဆွဲနေကြပြီ မဟုတ်ပါလား။

“ဒီကောင် ဒီလို ဘာမှ မလုပ်ချင် မကိုင်ချင် အပျင်းရောဂါ ရနေတာ မင်းကြောင့်ကွ မသန်း..”
“ရှင် ဒီလို မပြောပါနဲ့.. ကျုပ်သားကို ကျုပ်ချစ်လို့ ပိုးမွေးသလို မွေးလာခဲ့တာ..”
မိခင်ကြီးမှာ မျက်ရည်များပင် ကျလာလေပြီ။

“မင်းဟာက ချစ်တာ မဟုတ်ဘူးကွ နစ်တာ.. နစ်တာ.. မင်းချစ်ပုံ မမှန်ခဲ့လို့ ဒီကောင် အခုလို အီးဘောလောကြီး ဖြစ်နေတာ.. ခွေးကမှ အိမ်စောင့်ဖော်.. ဟောင်ဖော်ရသေးတယ်.. ဒီကောင် ဘာအသုံးကျလို့လဲ..”
ကျွန်ုပ် ဇက်ကို ပုထားလိုက်သည်။ အမြီးပဲ ကုပ်ရမလိုလို “ကိန်” ကနဲ အော်ရတော့မလိုလို။

“တော်ပါတော့ ကိုသောင်းရယ်.. ရှင့်မှာလည်း ဒေါသနဲ့ပဲ ဘယ်တော့မှ ကြည်ကြည်သာသာကို မရှိဘူး..”
“ရှိမလားကွ တနေ့တနေ့ ဒီကောင့်ကို မြင်နေရရင် ဒေါသထွက်လွန်းလို့ ဘာလဲ.. တစ်ရက်တစ်ရက် အိပ်လိုက်၊ စားလိုက်နဲ့ပဲ အချိန်ကုန်နေ.. ရင်လေးတယ်.. ဒီကောင့်ရှေ့ရေးတော့ ငါမတွေးရဲဘူး.. ဒီအမွေးနုတ်ရင်းနဲ့ သေမယ့်ကောင်ပဲ
ကျွန်ုပ် ကုတင်ပေါ် ပြန်ထိုင်ကာ လက်ထဲမှ မွေးညှပ်အား ခေါင်းအုံးအောက် ထိုးထည့်ထားလိုက်သည်။

“ကိုသောင်း.. သားကို မိန်းမ ပေးစားလိုက်ရင် မကောင်းဘူးလား..”
ကျွန်ုပ် မျက်လုံးကြီးပြူး၍ ခေါင်းမွေးထောင်သွားသည်။ ကုတင်ပေါ်မှ ခုန်ပေါက်ထ၍ လိုက်ကာကို အသာဟကာ ချောင်းကြည့်လိုက်ပြန်သည်။

“ဘာ.. မိန်းမ ပေးစားမယ် ဟုတ်လား.. ဘာအဖြစ်မှ မရှိ၊ ဘာအလုပ်မှ မလုပ်၊ ကိုယ့်ခြေထောက်ပေါ်တောင် ကိုယ်မရပ်နိုင်တဲ့ကောင် မိန်းမပေးစားလိုက်လို့ကတော့.. ငါးပါးမကဘူး ဆယ်ပါးပါမှောက်မယ်.. မှောက်တာ အရေးမကြီးဘူး.. အဲ့ဒီမိန်းမတွေ ကလေးတွေ အကုန်လုံး ငါ့ခေါင်းပေါ်ရောက်ကုန်မယ်..”
“ကိုယ်သောင်းရယ်.. သူမိန်းမရတော့လည်း ပြောင်းရင် ပြောင်းလဲ သွားမှာပေါ့..”
ကျွန်ုပ်မှာ ထိုင်ရမလို ထရမလိုနှင့် ထိုင်ထ လုပ်နေမိသည်။

“ဒီကောင်လား ပြောင်းလဲမှာ သူ့ချိုင်းမွေးသူနုတ်တာ အားမရလို့ မိန်းမချိုင်းမွေးပါ သွားနုတ်နေမယ့်ကောင်..”
ကျွန်ုပ် ယောင်ယမ်း၍ ကျွန်ုပ်ချိုင်း ကျွန်ုပ် ပြန်စမ်းကြည့်မိသည်။

“တော်ပါတော့ ကိုသောင်းရယ် ကျုပ်လည်း စိတ်ညစ်ပါတယ်. ရှင်တို့ သားအဖကြား ရူးတော့မယ်”
မိခင်ကြီးမှာ ပြောပြောဆိုဆိုနှင့် လုံချည်ပြင်ဝတ်ရင်း ထထွက်သွားတော့သည်။
ဖခင်ကြီးမှာတော့ ထုံးစံအတိုင်း ပွစိပွစိနှင့်။

ကျွနု်ပ်လည်း ပြောင်သလင်းခါနေသည့် မေးစေ့အား ပွတ်သပ်ရင်း ခေါင်းအုံးအောက်မှ မွေးညှပ်အား နှိုက်ယူလိုက်သည်။

ဤသို့ဖြင့် ကျွန်ုပ်၏ နေ့ရက်များအား... (ဗွီဒီယိုခွေရစ်သကဲ့သို့)
နေဖင်ထိုး.. အိပ်ယာထ.. ပျင်းကြောဆွဲ.. မျက်နှာသစ်.. အိမ်သာတက်.. စာအုပ်ဖတ်.. အီအီးခြောက်.. ဗိုက်ဆာ.. ထမင်းကြော်.. ဗိုက်ဝ.. မကျည်းပင်အောက်.. မုတ်ဆိတ်နုတ်.. ချိုင်းမွေးနုတ်.. နားဖာကလော်.. အညောင်းဆန့်.. အနှိပ်ခံ.. ထမင်းစား.. ဖခင်ကြီး.. ဓါတ်ပြားဟောင်း.. ပွစိပွစိ.. မိခင်ကြီး.. စစ်ကူဝင်.. ဗိုက်ဝ.. မှန်ကြည့်.. အမွေးနုတ်.. တရေးအိပ်.. ပြန်ထ.. ပျင်းကြောဆွဲ.. ဗိုက်ဆာ.. ထမင်းစား.. အမွေးနုတ်.. ပျင်းကြောဆွဲ.. ဝါးသမ်း.. အိပ်ယာဝင်.. တစ်ရက်ကုန်.. နောက်တစ်ရက်.. နေဖင်ထိုး...... (ဖတ်လိုက နေဖင်ထိုးမှစ၍ ပြန်၍ ပြန်၍ ဖတ်ရန်)

ကျွန်ုပ် အသေအချာ သိနေသည်မှာ ကျွန်ုပ်ကဲ့သို့ အလုပ်အကိုင်မလုပ်ပဲ မိဘလုပ်စာ ထိုင်စားနေသော အီးဘောလောများ အတော်များများ ရှိနေသည်။ မည်သည့်အတွက်ကြောင့် ကျွန်ုပ်တို့ အီးဘောလော ဖြစ်နေရပါသနည်း။ ပညာမတတ်၍လည်း ဖြစ်နိုင်သည်။ ငယ်ငယ်လေး ကတည်းက အလုပ်အကိုင် မလုပ်ခဲ့ရခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ မိမိကိုယ် မိမိ အားကိုးရကောင်းမှန်း မသိပဲ မိဘအား အလွန်အမင်း အားကိုးနေမိခြင်းလည်း ဖြစ်နိုင်သည်။ မိဘတို့၏ သားသမီးအပေါ်သွန်သင်ပုံ လမ်းပြပုံနှင့်လည်း ဆိုင်မည်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ရန် ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိခြင်းလည်း ဖြစ်ကောင်း ဖြစ်မည်။ သေချာသည်မှာ ကိုယ်တိုင်ကိုက အပျင်းကြီးနေခြင်းဖြစ်မည်။

ပျင်းခြင်းရောဂါအား ကုစားရန် အလုပ်များများ လုပ်ရန်လိုအပ်သည်။ အလုပ်လုပ်ရန် ပျင်းနေလျှင် ပျင်းပြီးရင်း ပျင်းရင်း ဖြစ်နေတော့မည်။ အားနေသည်နှင့် အလုပ်တစ်ခုခု လုပ်နေရန် ကြံစည်သင့်သည်။ ပျင်းတော့မည်ဟု သိသည်နှင့် တစ်ခုခု ထလုပ်သင့်သည်။ အပျင်းရောဂါအား ပိုမိုပံ့ပိုးသော ပက်လက်ကုလားထိုင်တွင်ထိုင်ခြင်း၊ အမွေးနုတ်ခြင်းများအား ရှောင်သင့်သည်။

ကျွန်ုပ်နှင့် ဘဝတူ အီးဘောလောများ မျှောချင်ရာ မမျှောပဲ အပျင်းရောဂါ ပျောက်ကင်း၍ ကိုယ်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ကြပါစေ...။

(ကိုရင်နော်)

45 comments:

Craton said...

အားပါးးးးးး ဦးနော်တို့ လက်သံပြောင်လှချည်လား... ဖတ်လို့ကောင်းထှာ တစ်ထိုင်တည်းရယ်.. :D
တကယ်စာရေးကောင်းလှပါသည်။ ပီပြင်သည်။
လိုရင်းပေါက်သည်။း)))

Nyein said...

ဖတ်လို့ ကောင်းတယ်အကိုရေ...စိတ်ပင်ပန်းသမျှ တထိုင်ထဲအားရပါးရ ရီရင်းး ပေါ့ပါးသွားတယ် အကိုရ
အားပေးလျှက်ပါနော်.... :)

Nyein said...
This comment has been removed by the author.
လုလု said...

ဦးနော်ရေ့ 
အဲ့ဒီအီးဘောလောကြီးက နောက်ဆုံး ဘာဖြစ်သွားလဲဟင်။ နိဂျုံးခုပ်ပေးဦးလေ။

မေဇင် said...

ဟဟဟဟ အရမ်းရီရတာပဲ...ဦးနော် ရယ်...ဒါပေမယ့် ... ပျင်းတော့မည်ဟု သိသည်နှင့် တစ်ခုခု ထလုပ်သင့်သည်... အဲ့ဒါလေး အရမ်းမိုက်တယ်။ ရီစရာပေမယ့် ပညာလဲ ပေးတဲ့ ဒီပိုစ့်ကို တော်တော်ကြိုက်တယ်။

မိုးမောင် said...

ပျင်းပုံပျင်းနည်းတွေကတော့ အကွက်ကျကျကြီးကို မြင်နေရအောင် သရုပ်ဖော်ထားတာပဲ။ ဘလောဂ့်တွေထဲက သရုပ်ဖော်လိုင်းမှာတော့ ကျနော်တို့ ကိုရင်က ဂွတ်တယ်ဗျို့။

“အလိုလေ ငါ့ကို အိမ်ပေါ်က နှင်ချမယ် ဆိုပါလား” ကုတင်ပေါ်မှထ၍ လိုက်ကာကြားမှ အသာချောင်းကြည့်လိုက်လျှင်.. ဟိုဟိုဒီဒီ ခေါက်ပြန် လျှောက်နေသော ဖခင်ကြီးနှင့် ငုတ်တုတ်ထိုင်နေသော မိခင်ကြီးတို့အား တွေ့ရလေသည်။ ဖခင်ကြီးမှာ ရှူးရှူးရှဲရှဲ ဖြစ်နေသလို မိခင်ကြီးမှာ ပြူးပြူးပြဲပြဲ ဖြစ်နေသည်။

အဲဒီနေရာကြီးဖတ်ရတာ ထင်းကနဲပဲဗျာ။ ကိုယ့်ဆရာ ရေးချက် ပြောင်မြောက်လိုက်ပါဘိ။ :D

sweetpeony said...

;)
ဦးနော်ရဲ့ ရေးချက်နဲ့ ပေးချက်ကို ကြိုက်ပြီးသားးး
စ ဖတ်လိုက်ထဲက တခုခု ပြောတော့မယ်လို့ သိနေတယ်လေ...
း))))))

စည်သူ said...

ခိခိခိ..း-)

ဘာကွ.. ဘာပြောတယ်.. ဒီကောင့်ကို မိန်းမပေးစားမယ် ဟုတ်လား..းP

သူ့ဂျိုင်းမွှေးမဟုတ်ဘူး.. မိန်းမ ဂျိုင်းမွှေးပါ နှုတ်ပေးမယ့်ကောင်တဲ့.. ခိခိခိ..

ကျွန်တော်က ယားတတ်တာနဲ့..
အဲလိုမျိုး အရေးအသားတွေ ဖတ်လိုက်ရတာ ယားကျိယားကျိ ဖြစ်သွားတယ်..

ဦးနော်ပိုစ်နဲ့အတူ အပျင်းရောဂါ စွဲကပ်နေသူများ..
အမြန်ဆုံးပျောက်ကင်း နိုင်ကြပါစေဗျာ..

မှတ်ချက်။ ။ကျွန်မန့်ရေးသူမပါ..းP

လေးစားစွာဖြင့်
စည်သူ

မျက်မှန်လေး said...

ဟီးဟီးး
ဇာတ်လမ်းကပြတ်နေတယ်။
အဆုံးပိုင်းမပါသလိုဘဲ

ဖတ်ရတာ အားမရလွန်းလို့ပါ။

ကိုရင်နော်ခင်လေးငယ် said...

ဦးနော်ချစ်တဲ့ သားငယ်လေး (Craton).. ပေါက်တယ်ဟုတ်..!!!

ငြိမ်းနှမရေ အားပေးတဲ့အတွက် “ရေလည်ဇူး” တယ်.. (ရေလည်ဇူး ဆိုတဲ့ စကားလုံးအသစ်ထွင်လိုက်တာ မူပိုင်နော်)းD ရယ်လိုက်ရတာ ပေါ့ပါးသွားရသလိုပဲပေါ့... အောဟောဟောဟော (ရယ်သံ)..း))

မလုလုရေ အဲ့ဒီအီးဘောလောကြီးကို သူ့အဖေက စိတ်ပျက်လို့တဲ့ နောက်ဆုံး မလုလုရဲ့ မီးဖိုချောင်ကို ပို့ပြီး မလုလုကို အကင်လုပ်ခိုင်းလိုက်သတဲ့.. ဒီလိုနဲ့ အဲ့ဒီ ကောင်လည်း အီးဘောလောကင်ကြီး ဖြစ်သွားပါလေရော..း)) အားပေးတဲ့အတွက် ရေလည်ဇူးတယ်..း))

(မေဇင်) နောင့်ရေ.. ဦးနော် အဲ့လို ပျင်းတာ ဘူမှပြောရဘူးနော်.. သမီးပဲ သိတာ..

ဆရာမိုးမောင်ရယ်... အသာလုပ်ပါ အချင်းချင်းတွေဗျာ.. ခေါင်မိုး တက်ကပ်နေမှ ပြန်ခွာရခက်မယ်.. ဆရာ့ကိုလည်း ရေလည်ဇူး တယ်ဗျာ..း))

ဆွီတီလေးက ဦးနော် ဘာရေးတော့မယ်ဆိုတာ သိနေပြီ.. ဘာလို့ ဒီအီးဘောလောကြီးကို တန်းလန်းကြီး ထားထားတာလဲ ဆိုတာလည်း သိမှာပေါ့..း)) ဆွီတီလေးကိုလည်း ရေလည်ဇူး..

အလိုလေ ကျွန်ုပ်ပိုစ့် ဖတ်၍ ယားကျိယားကျိ ဖြစ်သတဲ့.. စည်သူတစ်ယောက်တော့ ခက်ချေပြီ.. ဘာပဲဖြစ်ဖြစ် ကုတ်ပေတော့ စည်သူရေ.. ဖွဖွကုတ်ကွဲ့.. စည်သူကိုလည်း ရေလည်ဇူး..း))

မျက်မှန်လေးရေ... အဆုံးပိုင်းမပါတာ မဟုတ်ဘူးကွဲ့ အဲ့ဒီလိုကို တန်းလန်းထားလိုက်တား) ဘောလောမျှောတယ် ဆိုတော့ အဆုံးသတ်ပေးလို့ မဖြစ်ဘူးလေ.. ဆက်ရေးရင် ဒီကောင်ကြီး အတော်ဆိုးမှန်း ပိုသိလာတော့မယ်.. ဇာတ်လမ်းအရ မိန်းမပေးစား.. မိန်းမလုပ်စာထိုင်စား.. မိန်းမကိုတင်မကဘူး.. ကလေးတွေကိုပါ အမွေးတွေ လိုက်နုတ်လေတော့ အကုန်လုံး ပြုတ်ပြုတ်ကို ပြုန်းကုန်တော့မှာ.. မဖြစ်ဘူး ဒီကောင်က နုတ်ကြီးပဲ နုတ်ချင်နေတာကို..း))) ဒါကြောင့် သူ့ဘဝနဲ့သူ သွားပါစေတော့ ဆိုပြီး ဘောလောမျှောခိုင်းထားလိုက်တာ.. မျက်မှန်လေးကိုလည်း ဇူးတယ်ဗျာ..း))

ညစ်နေတာနော် ကိုင်ပေါက်လိုက်မယ်း)

အားလုံးကို ခင်မင်လေးစားချစ်ခြင်းများစွာဖြင့်
ကိုရင်နော်

kaungkinpyar said...

အလုပ် လုပ်ဦးမှပါလေ....

ကိုချစ်ဖေ said...
This comment has been removed by the author.
Anonymous said...

ကျနော်တို့ပတ်ဝန်းကျင်မှာလဲ အဲ့လိုလူမျိုးတွေရှိပါတယ် ငယ်ငယ်ထဲက မခိုင်းရက်တာကနေ အဲ့လိုမျိုးဖြစ်သွားတယ်ထင်တာပါပဲ..စာဖတ်တဲ့ ဥာဉ်လေးရှိတာတော်သေးတာပေါ့.နို့မို့ ရပ်ထဲရွာထဲခက်ပါ့
အပြောမတတ် အနေမတတ်ဖြစ်နေဦးမယ်.မိန်းမပေးစားလဲ မပြောင်းဘူးဗျ မိန်းမကပါ ဘာမဟုတ်တဲ့ယောက်ကျားကိုရသွားတာပဲ အဖတ်တင်မယ်..မိဘအမွေထိုင်စားပေမဲ့ အစွမ်းအစရယ်မရှိတော့ အီးဘောလောကြီးဖြစ်နေမှာပဲပေါ့ သာရေးနာရေး စိတ်
ဝင်စားရင်တော့ ရပ်ရွာက အကူအညီရသေး.ကျနော့်အထင်တော့ မိဘ..အမေရောအဖေရောပါ.အပြစ်ရှိပါတယ် အဖေလဲ ပွစိပွစိသာလုပ်တာ သူလဲငယ်ငယ်ထဲကပစ်ထားလို့ပေါ့...အလုပ်ထဲခေါ်သွား သင်ပေး တာမျိုး မလုပ်ခဲ့လို့ ထင်ပါတယ်..တကယ်တော့ အဲ့ဒီလူလဲ သနားစရာပါ မိဘတွေလဲ သူတို့ထိမ်းတတ်သလိုထိမ်းသိမ်းရင်း အဲ့လိုအဖြစ်ရောက်သွားကြတာဖြစ်မယ်....

ပိုစ့်တွက် ရေလည်ဇူးဗျာ..နော..နောက်လဲအဲ့လိုမိသားစုထဲက ပြဿနာမဟုတ်ဘူးထင်ရာကနေ ပြဿနာဖြစ်လာတတ်တာမျိုးလေးတွေ ကိုရင်နော်လက်ရာနဲ့ ဖတ်လိုပါသေးတယ်ဗျာ.

ကိုရင်နော် said...

မကောင်း မမကောင်း (ကောင်းကင်ပြာ).. အလုပ်လုပ်နော်..း)

Anonymous အစ်ကိုကြီးရေ ရေလည်ဇူးဗျာ.. ;) ကျနော်လည်း အစ်ကို့ဘလော့ အမြဲရောက်တယ်ဗျ.. စာတွေ လာလာဖတ်တယ်.. ကဗျာတွေရော စာတွေရော အားကြီးကြိုက်..

ခင်မင်လေးစားချစ်ခြင်းအားဖြင့်
ကိုရင်နော်

အိန္ဒြာ said...

ငါ လည်း ရေလည်ဇူး သွားတယ်

အကြောတွေတင်းနေတာကြာပြီ...ခု နည်းနည်းရော့သွားတယ်..
ရယ်လိုက်ရလို့

ကိုရင် သိတယ်မလား...
နင်ကမှ ရေးနိုင်တင်နိုင်သေးတယ်
မိုးမောင်လေ...မရေးနိုင်ရှာဘူး
အရေးကြီးတာတွေ လုပ်နေရလို့..။

ချစ်ခင်စွာ

ချော (အစိမ်းရောင်လွင်ပြင်) said...

ကိုရင်နော်နဲ့ မခင်လေးငယ် ၂ယောက်လုံး အရေးအသားကောင်းကြတယ်နော်
တစ်ယောက်တစ်မျိုးစီ ရသပေးနိုင်စွမ်းတယ်
မခင်လေးငယ်က အဖွဲ့အနွဲ့လေးတွေကောင်းတယ်
ကိုရင်နော်က ထိထိမိမိလေးတွေရေးတတ်တယ်
၂ယောက်ပေါင်းတော့ ဘလောဂ့်လေးက
ရသတွေ အပြည့်နဲ့ပေါ့.. ဘယ်ကလာ ဆီမပါ ဆားမပါဟုတ်ကမှာလဲ .. အရသာအပြည့်နဲ့ပါ....
လေးစားပါတယ်ရှင်...

ချစ်ကြည်အေး said...

အီးဘောလော ဖတ်သွားပါသည်...အဲ ဟုတ်ပေါင်...အီးဘောလော ကို ဖတ်သွားပါသည်...:)

ဒဏ္ဍာရီ said...

ဦးနော်ရဲ့ ဒီပိုစ့်လေးကို တကြိမ်မက ခဏခဏ ပြန်ဖတ်နေမိတယ်။ အမှန်တော့ ဟာသရသလေးနဲ့ တွဲပြီး ပေါ့ပေါ့နေပေါ့ပေါ့စား ဘ၀တွေကို ရည်ညွန်း ပညာပေးလိုက်တာပဲ။ အရေးအသားနဲ့ ပေးချင်တဲ့ အရာကို ပေါ်လွင်အောင် ရေးလိုက်တာပဲနော်။

စစချင်းမှာတင် “ဟေ့ကောင် ဆန်ကုန်ချင်ကုန်ကွ မြေတော့ မလေးစေနဲ့” ဆိုတဲ့ အဖွင့်လေးနဲ့တင် ဒီပိုစ့်လေး ဘယ်လောက် တန်ဖိုးရှိမလဲ ဆိုတာ သိသာပါတယ်။ ဒီပိုစ့်လေးထဲက သူက အပျင်းထူရုံတင်မကဘူး ဇိမ်ကြိုက်ပုံလည်း ရတယ်နော်။း) ရွာထဲက ကလေးတွေပါ မနေရဘူး။

ဦးနော်နဲ့ မခင်လေးတို့ရဲ့ ဘလော့လေးက ရေးလိုက်တဲ့ စာအများစုဟာ တကယ့်ကို တန်ဖိုးရှိပြီး စာဖတ်သူတွေအပေါ် စေတနာအပြည့်နဲ့ ပညာပေးရေးသား တတ်တာကိုလည်း လေးစားမိပါတယ်။
အခုလို ပိုစ့်လေးတွေကို အမြဲမပြတ် စောင့်ပြီး အားပေးနေပါတယ်နော်။

ခင်မင်လေးစားလျှက်

မေနိုင်း said...

စဖတ်လိုက်တာနဲ့ ရီနေရတယ် ဦးနော်ရေ...
အရေးအသားကတော့ တကယ်အားကျစရာပဲ။ ဦးနော် ရေးထားတဲ့ ထဲမှာ သရုပ်ဖေါ်ပုံတွေ အကြိုက်ဆုံး။ စာကိုဖတ်နေရပေမယ့် လူတွေရဲ့ ဟန်ပန်တွေ အားလုံး မျက်စိထဲမှာ ထင်ထင်ရှားရှား ပေါ်လာတယ်။ ပိုစ့်ထဲက ဇတ်လိုက်ကြီးကလည်း ပျင်းချက်နော် လိုက်မမှီဘူး။ ဒါနဲ့ အဲဒီ အီးဘောလောကြီး ဘာဖြစ်သွားလဲ ဦးနော်။ အိမ်ပေါ်က ဆင်းသွားရလား၊ မိန်းမရသွားလား၊ ဖတ်ရတာ အားမရဘူး တန်းလန်းကြီး။

ဆန်ကုန်မြေလေးတွေ ဒီလောကကြီးမှာ ဘယ်လောက်များ ရှိနေမလဲ မသိဘူး။ ဒီပိုစ့်လေးကို ဖတ်ပြီး အတုယူနိုင်ကြပါစေ။ ကိုယ်တိုင်လည်း မဖြစ်အောင် ကြိုးစားလိုက်အုံးမယ် ဦးနော်ရေ။

ဇူးပါတယ်ရှင့်

ကိုရင်နော် said...

(မအိန်ဒါ) မကြီး.. အဟီးဟီးး) အကြောတွေ တင်းနေတာ ကြာပြီဆိုတော့ အံခဏခဏကြိတ်တယ်ထင်တယ်.. မျက်နှာကြီးတင်းမထားနဲ့.. လေနိုင်ဆေးများများစား.. အဲ့လို အကြောတင်းနေရင် ရဲဖမ်းခံရမယ်.. (နာပြောတာ နာပဲတိတယ်) ဟုတ်ပါ့ အဲ့ဒီ် ကမိုးမောင် တစ်ယောက်လည်း ခင်လေးနဲ့ တူတူထားရမယ်.. သူလည်း စာတန်းလန်းတွေပဲ ရေးရေးနေတယ်.. ကြည့်ပြောဦး..

ချောရေအားပေးလို့ ရေလည်ဇူးပါတယ်..း) အပျာ်လေးတွေပါ စိတ်ကူးပေါက်ရင် လျှောက်လျှောက်ရေးနေတာပဲ..း) ဇူးတယ်နော်.. တကယ်..

မချစ်ကြည်ရေး အဲ့လေ အေးရေ.. စာလာဖတ်တာ ဇူးပါတယ်.. ပျော်ရွှင်ပါစေး))

မဒဏ္ဍာရီရေ အစ်မပေးတဲ့ ကော်မန့်ဖတ်လိုက်ရတာ ဘဝင်ကျသွားတယ်.. (တကယ်တော့ ပျော်သွားတာ) ;P ကျနော်ကတော့ ပိုစ့်ဖြစ်ပြီးရော ရမ်းတုတ်ရေးလိုက်တာပဲ.. အဲ့လိုလေး ခံစားပြီးမြင်ပေးတော့ ပျော်တာပေါ့ဗျာ..း)) ပိုစ့်တိုင်းကို သေချာဖတ်ပြီး သေချာ ကော်မန့်ပေးလို့ တကယ်ကျေဇူးတင်ပါတယ်.. နောက်လည်း အားပေးပါနော် လိုတာရှိရင်လည်း ဝေဖန်အကြံပေးပါဗျာ.. ကျနော်လည်း အစ်မစာတွေကို လာဖတ်ပါဦးမယ်..

မေနိုင်းရေ အဲ့ဒီ အီးဘောလောကြီး ဘာဖြစ်လဲ ဆိုတာက ပြောရင် နောက် တစ်ပိုစ့်ရေးမှရမယ်..း) အဲ့လို ဆန်ကုန်မြေလေးတွေက ဘယ်နည်းလိမ့်မတုန်း ဒါက ဒီလိုလူပဲရှိသေးတာ အလုပ်အကိုင် လုပ်သလိုလို အကြောင်းပြပြီး အပြင်ထွက် ဂလေရိုက်နေတာတွေလညဘ်း ရှိသေးတယ်လေ.. ပြောရင် တကယ် လက်ကြောတင်းတင်း လုပ်နေသူက ခပ်ရှားရှားပဲ.. တချိုး လုပ်တော့ လုပ်ပါရဲ့ လုပ်ပြီး ရတာ သောက်စား မူးယစ် လောင်းကစားလိုက်တာမျိုးလည်း အီးဘောလောပါပဲ.. ဒီတော့ လူတော်တော်များများက ဘောလောမျှောနေကြတာ.. အင်းလေ ခေတ်ကြီးကိုက မျှောအောင်ဖန်တီးနေတာကိုး... ပြောချင်တာတွေ ပါလာတော့မယ်.. တော်သေးပြီ.. ဘာပဲဖြစ်ဖြစ် အားပေးတာ တကယ်ဇူးတယ်ဗျာ...

အားလုံးကို ခင်မင်လေးစားချစ်ခြင်းအားဖြင့်
ကိုရင်နော်

Anonymous said...

ကိုရင်နော်ရဲ့ ပို့စ်တွေကို ရေလည်ဇူး အဲလေ ၊ ရေရေလည်လည် ကြိုက်တယ်ဗျာ ။ မျှော်နေပါတယ် ။ များများရေးပါ ။

Zephyr said...

့ပြည်တော်ပြန် ကိုရင် ..

စာလာဖတ်ပါတယ်။
မတွေ့တာကြာပါပေါ့လား။
စာလေးဘာလေးရေးတာတွေ့မှပဲ အော် ...ဒီလူကြီး ရှိပါသေးလားလို့ တွေးပြီးစိတ်အေးရတယ်။

ကိုယ်တွေ့လေးတွေပါလို့လား မသိဘူး ...ဖတ်ရတာပိုအရသာရှိတယ်။ .... မြန်မာပြည်မှာ တော်တော်အညောင်းမိခဲ့ပုံရတယ်လို့ သုံးသပ်သွားပါတယ်။

ခင်မင်စွာဖြင့်
Zephyr

James said...

ကိုရင်နော်ကတော့ ပိုစ့်တပုဒ်ဆို ဆိုသလောက်ပဲဗျို့။ ပြည်တော်မှာ အကြည်တော်နဲ့ နှစ်ပါးသွားနေလား မသိ ၊ ဘလော့လောကကြီးမှာ ရှိသေးရဲ့လားလို့ မကြာခဏ လာကြည့်နေရတယ်။ ဖတ်လိုက်ရတော့လဲ အားရှိပါးရှိ ဗျို့ ....... ရီလည်းရီရ မှတ်သားစရာလည်း ဖြစ်။
ရေးပါဗျားး အားပေးနေလျက်ပါ။

မြသွေးနီ said...

အရေးအသားတွေက အားကျ အတုယူစရာပါ။
တစ်ပုဒ်ဆို ဆိုသလောက်ပါပဲနော်။ မြသွေးနီစာ တွေမရေးဖြစ်ခင် ဟိုး...ဟိုး ကထဲက ကိုရင်နော်ဆိုက်က စာတွေ အမြဲဖတ် အားကျနေခဲ့ရ
့တာပါ။ နေ့စဉ် ၀င်ဖတ်ဖို့ အခွင့်အရေး မရပေမယ့် ရတဲ့အချိန်လေးမှာ အပြေးအလွှားလာခဲ့ပါတယ်ရှင် ။
ဒီနေ့တော့ တစ်ဝကြီးဖတ်သွားပါတယ်ရှင်။

MANORHARY said...

ကိုရင်နော်
စာတွေဘာတွေပြန်ရေးလို့း))

ရွှေရတုမှတ်တမ်း said...

ခုမှပြန်ဖတ်ရတော့တယ်...

သဒ္ဓါလှိုင်း said...

ဦးနော်...
အသစ်မျှော်ရင်းမျှော်ရင်းနဲ့ ဒီပိုစ့်လေးကိုဖတ်လိုက်ရတော့လည်း သင်ခန်းစာရသပေးတဲ့ပိုစ့်လေးမို့ အရမ်းကြိုက်ပါတယ်။
မခင်လေးငယ်လည်းပျောက်နေတယ်နော်..။ အသစ်အသစ်တွေမျှော်နေပါတယ်လို့. ကျန်းမာပျော်ရွှင်ပြီး စာပေတွေအများကြီးရေးသားနိုင်ပါစေ...။

ခင်တဲ့
သဒ္ဓါ

မယ်ကိုး said...

အစ်ကို ဒီစာလေးဖတ်ရတာ ရေလည်ဇူးပါတယ် :D
အားပေးနေတဲ့ ပရိသတ်အတွက် စာလေးတွေ အများကြီး ရေးပါဦး...

ခင်မင်လေးစားချစ်ခြင်းအားဖြင့်
ညီမလေး

ကိုရင်နော် said...

Anonymous ရေ အားပေးမှုကို ဇူးတယ်ဗျာ..း)

(Zephyr) ကိုဇက်ရေ ;) ဟုတ်ပါ့.. အကြောက ပြုပြင်လွန်းလို့ အညောင်းပြန်မိနေတယ်.. သတိရတယ်ဗျ လာဖတ်ပေးတာ ကျေးဇူး..း)

James ရေ မင်္ဂလာပါဗျာ.. အားပေးတာ တကယ်ဇူးပါတယ်.. ပြည်တော်မှာာ အကြည်တော်နဲ့ နှစ်ပါးသွားရုံ မကဘူး ကုလားကားပါ ရိုက်ခဲ့သဗျ.. အဟေးဟေးး) ရေးမယ်ဗျာ မြှောက်ပေးသူရှိလို့ကတော့ တက်အောင် ကပြီးသားပဲ.. (ဂစ်ဂစ်ဂစ်).. စတာပါ.. ခုတလော ကျန်းမာရေးကမကောင်း အားကမအားနဲ့ အရေးပါးနေဦးမယ်ဗျာ.. ကြိုးစားပါ့မယ်..း))

မြသွေးနီရေ.. ကျနော်ကလည်း ဇူးတွေ တဝကြီး တင်ပါတယ်ဗျာ..း))

(မနော်ဟရီ) မနော် ရေ ရေ့ ရေး.. မတွေ့ဖြစ်လိုက်တာ နာတာပဲဗျာ..း) စာက မရေးလို့ကို မရတာ အစ်မညီမက သိတဲ့အတိုင်း အပျင်းက ခပ်တစ်တစ် ဒင်းမရေးလို့ ကျနော် ဖျစ်ညှစ်ရေးလိုက်ရတာ ရေးတတ်တာက ကုန်ပြီ.. ပြောပါဦး အစ်မ ညီမ အပျင်းမကိုတွေ့ရင်.. စာလေးဘာညလေးရေးဖို့.. ကျနော်ကတော့ ဒင်းကို မနိုင်..း))

ကိုကြီးကျောက် (ရွှေရတု) ဟုတ်ပါ့ဗျာ ကျနော်လည်း ရွာပြန်ပြီး ကိုရင်ဒီဇယ် လုပ်နေတာ..း))) အစ်ကိုကြီး ကျောက်ဒီဇယ် လုပ်ထားတာ ရေလည်ခိုက်တယ်.. ဇူးဗျာ..း)

သဒ္ဓါလှိုင်းရေ.. ကျေးဇူး အထူးနော်.. ပေးတဲ့ဆုနဲ့လည်း ပြည့်ပါစေ.. ကြိုးစားပါမယ်ဗျာ.. ခင်လေးကလည်း.. အဲ့.. ခဏလေး.. သူပြောမယ်တဲ့..
ဟုတ်ကဲ့ မသဒ္ဓါရေ.. ကျမလည်းရေးပါမယ်.. ကျေးဇူးပါနော်...း))) (တကယ်တော့ တစ်ယောက်တည်း ပြောလိုက်တာ သိတယ်မလား..း))

(မယ်ကိုး) မယ်ရေ.. ဇူးစရာမလိုပါဘူးကွယ် ဇူးရမယ့်သူတွေမှ မဟုတ်တာ.. ဇူးပြီးသွားပြီဆိုတော့လည်း ပြန်ဇူးလိုက်တော့မယ်... ရေရေလည်လည်ဇူးတယ်.. ချစ်နှမမယ်..း))

အားလုံးကို ခင်မင်လေးစားချစ်ခြင်းအားဖြင့်
ကိုရင်နော်

subuueain said...

ဖတ်ပြီး ရယ်လိုက်ရတာ။ အကိုတစ်ယောက်ကိုတောင် သတိရသွားတယ်။ ကလေးတွေကို မုန့်ဖိုးပေးပြီး နှိပ်ခိုင်းတာ။ အီးခြောက်အောင် အိမ်သာတက်တာ သူ့ကြည့်ပြီး ရေးသလိုဘဲ :)

မြစ်ကျိုးအင်း said...

ပျင်းနေတဲ့သူတွေကို ပင်လယ်ထဲ ခေါ်သွားပြီ

ကိုရင်စည်သူ said...

စာအရေးအသားက ရေလည်မိုက်သည်။ အားကျ အတုယူ သွားပါကြောင်း။
ခင်မင်လျက်..

ကျောပိုးအိတ် said...

ဦးနော်ရေ

ဦးနော်ဂဲ့ အီးပေါလောကို ဖတ်သွားတယ်။
တာမီးလဲ ပြန်စဉ်းစားတော့ ဦးနော်လိုဘဲ အီးပေါလောဖြစ်နေတယ်။

တိန်

ဦးနော်
လျှို့ ဝှက်မေးခွန်းမေးမလို့ 
တိုးတိုးတိတ်တိတ် ပြန်လာဖြေနော်

“ဒီကောင်လား ပြောင်းလဲမှာ သူ့ချိုင်းမွေးသူနုတ်တာ အားမရလို့ မိန်းမချိုင်းမွေးပါ သွားနုတ်နေမယ့်ကောင်..”

တကယ်ဘဲလားဦးနော်
အဟိ
း)

ကျောပိုးအိတ် said...

ဦးနော်ဂဲ့ အီးပေါလောကို ဖတ်သွားတယ်။

စာလုံးပေါင်းမွှားနေလို့  ပြန်ပြင်သွားတယ်နော်။

ဦးနော်ရဲ့  အီးပေါလောကို ဖတ်သွားပါတယ်။

ကိုရင်နော် said...

စုဗူးအိမ်ရေ.. အဲ့ဒီလူကြီးကိုပဲ ကြည့်ရေးလိုက်တာလေ..း) ဇူးတယ်နော်.. အားပေးလို့

ကိုမြစ်ကျိုးအင်း ပင်လယ်ထဲခေါ်ပြီး ရေနစ်သတ်တော့မယ်ပေါ့း)

ကိုရင်စည်သူရေ ကိုရင်ချင်း တူတယ်ဗျ တစ်ရက်တော့ ကိုရင်ဂိုဏ်းဖွဲ့ရမယ်.. အင်း ကိုရင်ညိန်းကြီးနဲ့ တိုင်ပင်ဦးမှး)) အားပေးတာ ကျေးဇူးဗျာ..

ကျောပိုးအိပ် (ပိုးပိုး) ရေ.. ဆက်ရေးမယ်လေ.. အဲ့ဒီအပိုင်း နောက်ဆုံးပိုင်းမှာ ပါမယ်လေ.. နုတ်တာမှ တဗြုတ်ဗြုတ် နဲ့ကို နေတာပဲ..း))

အားလုံးကို ခင်မင်လေးစားချစ်ခြင်းအားဖြင့်
ကိုရင်နော်

Anonymous said...

ဒီလော အီးဘောလော ဖြစ်တာ မိဘနဲ့ အများကြီးဆိုင်တယ်။

ကလေးတွေ သူ့ အသက် အရွယ်လိုက် လုပ်သင့်တာကို မလုပ်ဘူး ဆိုရင် အဲ့ဒါ စိတ်ရောဂါ တမျိုးလို့ ပြောကြတယ် ဒီလိုဖြစ်တာ သူတို့ကို မိဘတွေက လွဲလွဲမှားမှား ပြုစု ပျိုးထောင်လို့တဲ့။

ဥပမာ ၆ နှစ်လောက် ရောက်လို့ ကိုယ့်အ၀တ် ကိုယ်မ၀တ်တာ၊ ကိုယ့်လွယ်အိတ် ကိုယ်မလွယ်တာ ၊ စားပြီးသား ပန်းကန်တွေကို ဆေးဖို့ ကြောဖို့ မကူညီတာ တခုခု မရရင် အသံကုန်ခြစ်ငိုတာ စတာတွေဟာ ကျန်းမာတဲ့ အပြုအမူ မဟုတ်ဘူးတဲ့။

ကိုရင်နော်ရဲ့ အီးဘောလောဆို တော်တော်ကို ဆိုးရွားနေပြီဆိုရမယ်။

မအယ်

Moe Myint Tane said...

ဖတ်ရမှာ ပျင်းလို့ အနှိပ်ခန်း အရင်သွားလိုက်ဦးမယ်။အပြန် ကာရာအိုကေ ၀င်မယ်။ အိမ်ပြန်ရောက်ရင် အရက်အရင်သောက်လိုက်ဦးမယ်။ အရက်သောက်ပြီးပြီဆိုတော့မှ ကိုရင့် ပိုစ့်ကို ဖတ်..................။

ဖတ်မလိုလုပ်ပြီး ပျင်းတာနဲ့ အိပ်လိုက်တယ်။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

ကိုလူထွေး said...

အဲလိုမျိုးကြီးရေးရလားဗျ...
တည့်ထိုးကြီး...

(ထိသွားသူ)

စိုင်းခမ်းထွန်း said...

အလည်မထွက်ဖြစ်တာ ၁ နှစ်လောက်ရှိပြီး ကိုရင်နော်ရေ ....
စာအုပ်ထုတ်တော့ဗျာ ဖတ်ကောင်းလိုက်တာ

khin oo may said...

ပျင်းလို့အခုမှ လာဖတ်သည်။ ဒါတောင် forced to ဂျီမှာလင့်တွေ့သောကြောင့်။

ကိုညီ said...

တကယ်ဖတ်လို့ကောင်းတရ် အကို
ဖတ်လိုက်တာနဲ့တင် ဒီဘလော့ကို စိတ်ဝင်စားသွားပြီ။
စာတွေက တန်ဘိုးရှိသလို ခေတ်လူငယ်တွေအတွက် ပညာပေးလည်း ဖြစ်တယ်။ လေးစားပါတယ် အကို။ အပေါ်က ကိုစိုင်းပြောသလိုပဲ ၀ထ္ထုတို ပေါင်းချုပ်ဖြစ်ဖြစ်၊ ၀ထ္ထုရှည် ဖြစ်ဖြစ် စာအုပ်ထုပ်ပါလား။ အောင်မြင်မှာပါ ခင်ဗျ။ စာအရေးအသား ကောင်းတာကိုတော့ အားကျမိတယ်ဗျာ။

ခင်မင်စွာဖြင့်

ကိုရင်နော် said...

မအယ်ရေ.. အစ်မပြောပြတာလေး မှတ်သားထားပါတယ်.. မိဘတွေနဲ့ တိုက်ရိုက်ပတ်သက်နေတယ်နော်.. လာဖတ်ပေးတာ ကျေးဇူးပါ အစ်မရေ..

မိုးးမြင့်တိမ် (အမြင့်) အမြင့်စုတ်.. အပျင်းမ ညည်းကို ဇူးမတင်ဘူး.. မဖတ်လို့အေ့

ကိုလူထွေးကြီးရေ.. အဲ့လိုကြီး မရည်ရွယ်ပါဘူးဗျာ တကယ်ကြီး ထိသွားသလား.. ရေလည်ဇူး..း)

ကိုစိုင်းရေ.. ကျေးဇူးပါဗျာ..

အစ်မကြီးခင်ဦးမေ.. အစ်မကြီး ပျင်းနေသလား.. ရေများများသောက် လမ်းများများလျှောက်.. ဒါမှမဟုတ် ရှော့ပင်း သွားလေဗျာ.. တန်တာလေးတွေ တွေ့ရင် လက်တို့ဦးဗျ..း) ဇူးနော်

ကိုညီရေ.. ကျေးဇူးပါ.. ဘာရယ်မဟုတ် အပျော်ရေးဖြစ်တာပါ..း) ကိုညီတို့ ဆိုဒ်က စာတွေ၊ တရားတော်တွေ အမြဲ နာယူနေကြောင်းပါ..

အားလုံးကို ခင်မင်လေးစားချစ်ခြင်းအားဖြင့်
ကိုရင်နော်

moe khit said...

စာလာဖတ်သွားပါတယ်...အစ်ကိုရေ...
ကျွန်တော့်များ စောင်းပြောနေသလားလို့...
:)
နောက်လဲ လာလည်ပါဦးမည် ။

Angel Shaper said...

ဟဟ....ဖတ်ရတာ ပျော်စရာ...
ရယ်နေရတယ်....
အဆင်ပြေပျော်ပါစေလေနော့်။

မဗေဒါ said...

ကိုရင်တို့ရေ..

အပျံစား အမိုက်စား ဇာတ်လိုက်အီးပေါလောလည်း သိပ်မိုက်

မိုက်ပြီးရင်းမိုက်.. ကြိုက်၏..။

မဗေဒါ